ရီးရဲလ်မက်ဒရစ်နည်းပြရာထူးကို ဘာကြောင့်လက်မခံခဲ့တာလဲဆိုတာကို ထုတ်ဖော်ပြောကြားသွားခဲ့တဲ့ လိုက်ပ်ဇစ်နည်းပြ ဂျူလီယန်နာဂယ်လ်စမန်း
လိုက်ပ်ဇစ်နည်းပြ ဂျူလီယန်နာဂယ်လ်စမန်းက သူ့နည်းပြဘ၀ အစောပိုင်းတုန်းက ရီးရဲလ်မက်ဒရစ်နည်းပြ ရာထူးကို ဘာကြောင့် လက်မခံခဲ့တာလဲဆိုတာကို ပြောပြသွားခဲ့ပါတယ်။ ဂျူလီယန်နာဂယ်လ်စမန်းကို ရီးရဲလ်မက်ဒရစ်အသင်းက စပိန်မှာ နည်းပြလုပ်ရန် ဆက်သွယ်ခဲ့ပေမယ့် သူ့အနေနဲ့ အဲ့ဒီအချိန်တုန်းက အဆင့်သင့်မဖြစ်သေးဘူးလို့ ခံစားခဲ့ရတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
“ကျွန်တော့်မှာ စာချုပ်တစ်ခုရှိနေခဲ့ပါတယ်။ အဲ့ဒါက အဓိပါ္ပယ်မရှိဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်။ ရာသီကြိုစဖို့ (၃) ပတ်လောက်ပဲလိုပါတော့တယ်။ ကျွန်တော်က ဘာစပိန်အကြောင်းမှ မသိပါဘူး။ ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင် လိုအပ်ဆန္ဒနဲ့ရော ထပ်တူမကျခဲ့ပါဘူး။ အသင်းတစ်သင်းမှာ သင်ယူလေ့လာဖို့ အတွက် ရာသီပေါင်းများစွာကို ဖြတ်သန်းရတာက ပိုအဆင်ပြေပါတယ်” လို့ ဂျူလီယန်နာဂယ်လ်စမန်းက BILD ကိုပြောသွားခဲ့ပါတယ်။