ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘင်ဇီမာက ဘောလွန်းဒီအောဆု နဲ့ ထိုက်တန်သူလို့ ဆိုလိုက်တဲ့ ဘာဘာတော့ဗ်

ယူနိုက်တက်ကစားသမားဟောင်းနဲ့ ဘူဂေးလ်ရီးယားအသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဘာဘာတော့ဗ်က ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘင်ဇီမာက ဘောလွန်းဒီအောဆုနဲ့ ထိုက်တန်သူတစ်ယောက်ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကလည်း ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ဘင်ဇီမာဟာ ပြင်သစ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်တယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

အခုအခါ ဘာဘာတော့ဗ်က “ ဒါက ရှက်စရာတစ်ခုပါ။ ဒါပေမယ့် ကျွန်တော် ဘင်ဇီမာ ဘောလွန်းဒီအောဆု ရတာ မမြင်ရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့မှာ များစွာသော ပြိုင်ဘက်တွေရှိနေလို့ပါ။ ဥပမာအားဖြင့် လတ်တလော အရမ်းကိုကောင်းနေတဲ့ တိုက်စစ်မှူးလည်းဖြစ်တဲ့ လီဝန်ဒေါစကီးပေါ့။ ဒါပေမယ့် အမ်ဘက်ပေ နဲ့ နေမာတို့လို အခြားကစားသမားတွေလည်း ရှိနေပါတယ်။ ဘင်ဇီမာက အံ့အားစရာကစားသမားတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော်အမြဲပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ရီးရဲလ်မက်ဒရစ်မှာ ဆယ်စုနှစ်တစ်ခု လောက်ရှိခဲ့တဲ့ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ အမြဲတမ်းအသင်းဖော်တွေရဲ့ အရိပ်အောက်မှာ ရောက်ခဲ့ရပါတယ်။ အထူးသဖြင့် အသင်းဖော်တွေထက် အမြဲတမ်း ထူးကဲပြီး တောက်ပလွန်းနေတဲ့ ရော်နယ်ဒိုလို ကစားသမားတွေကြောင့်လည်း ပါပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

ရီးရဲလ္မက္ဒရစ္  တိုက္စစ္မွဴး ဘင္ဇီမာက ေဘာလြန္းဒီေအာဆု နဲ႔ ထိုက္တန္သူလို႔ ဆိုလိုက္တဲ့ ဘာဘာေတာ့ဗ္

ယူႏိုက္တက္ကစားသမားေဟာင္းနဲ႔ ဘူေဂးလ္ရီးယားအသင္းေခါင္းေဆာင္ေဟာင္းျဖစ္တဲ့ ဘာဘာေတာ့ဗ္က ရီးရဲလ္မက္ဒရစ္တိုက္စစ္မွဴး ဘင္ဇီမာက ေဘာလြန္းဒီေအာဆုနဲ႔ ထိုက္တန္သူတစ္ေယာက္ျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့အပတ္တုန္းကလည္း ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းက ဘင္ဇီမာဟာ ျပင္သစ္ရဲ႕ အေကာင္းဆံုးတိုက္စစ္မွဴးေတြထဲက တစ္ေယာက္ျဖစ္တယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

အခုအခါ ဘာဘာေတာ့ဗ္က “ ဒါက ရွက္စရာတစ္ခုပါ။ ဒါေပမယ့္ ကၽြန္ေတာ္ ဘင္ဇီမာ ေဘာလြန္းဒီေအာဆု ရတာ မျမင္ရပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔မွာ မ်ားစြာေသာ ၿပိဳင္ဘက္ေတြရွိေနလို႔ပါ။ ဥပမာအားျဖင့္ လတ္တေလာ အရမး္ကိုေကာင္းေနတဲ့ တိုက္စစ္မွဴးလည္းျဖစ္တဲ့ လီ၀န္ေဒါစကီးေပါ့။ ဒါေပမယ့္ အမ္ဘက္ေပ နဲ႔ ေနမာတို႔လို အျခားကစားသမားေတြလည္း ရွိေနပါတယ္။ ဘင္ဇီမာက အံ့အားစရာကစားသမားတစ္ေယာက္ျဖစ္တယ္လို႔ ကၽြန္ေတာ္အၿမဲေျပာခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူဟာ ရီးရဲလ္မက္ဒရစ္မွာ ဆယ္စုႏွစ္တစ္ခု ေလာက္ရွိခဲ့တဲ့ကစားသမားေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။

ဒါေပမယ့္ သူဟာ အၿမဲတမ္းအသင္းေဖာ္ေတြရဲ႕ အရိပ္ေအာက္မွာ ေရာက္ခဲ့ရပါတယ္။ အထူးသျဖင့္ အသင္းေဖာ္ေတြထက္ အၿမဲတမ္း ထူးကဲၿပီး ေတာက္ပလြန္းေနတဲ့ ေရာ္နယ္ဒိုလို ကစားသမားေတြေၾကာင့္လည္း ပါပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။