မက်ဆီနဲ့ နေ့တိုင်းစကားပြောဖြစ်တယ်လို့ ဆိုလိုက်တဲ့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်း

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ရာသီဝက်မှာလည်း မက်ဆီကို အလှည့်ကျအသုံးပြုသွားမယ်လို့ ဝန်ခံပြောသွားခဲ့ပါတယ်။ ရော်နယ်ကိုးမန်းဟာ မက်ဆီကို ကွင်းထဲမှာ ကစားခွင့်ကို စီမံခန့်ခွဲနေတာဖြစ်ပြီး အာဂျင်တီးနားကစားသမားဆီက အကောင်းဆုံးခြေစွမ်းကို ရှာဖွေနေတာဖြစ်ပါတယ်။

သူက “ စည်းကမ်းအရ ဒါက ကစားသမားတိုင်းအတွက်ပါပဲ။ သူအနေနဲ့ ကစားဖို့ ကြံ့ခိုင်မှုရှိရင ်ဒါက အရမ်းကောင်းပြီး သူလည်း ကစားရမှာပါ။ ဟုတ်ပါတယ်၊ မက်ဆီက အရင်ကထက် အသက်ပိုကြီးလာတာဖြစ်ပေမယ့် သူ့မှာ အရည်အသွေးတွေ အများကြီး ကျန်ပါသေးတယ်။ သူဟာ နေ့တိုင်း လေ့ကျင့်ရေးမှာ ပါဝင်ရတာကို နှစ်သက်နေပါတယ်။ နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော့်ကစားသမားတွေကို ကျွန်တော်စကားပြောဖြစ်ခဲ့ပြီး လီယို နဲ့လည်း အခြားအကြောင်းအရာတွေ ပြောဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ သူက အသင်းခေါင်းဆောင် ဖြစ်လို့ပါ။ ပြီးတော့ အဝတ်လဲခန်းအတွင်းက စည်းကမ်းတွေ အခြားအရာတွေလည်း ပြောဖြစ်ခဲ့ပါတယ်။ ပွဲအကြောင်းအရာမှ မဟုတ်ပါဘူး။ ကျွန်တော်ဆိုလိုတာက ဒါက နည်းပြတစ်ယောက်ရဲ့ နေ့စဉ်အလုပ်ဖြစ်ပြီး သူ့ကစားသမားတွေနဲ့ အမြဲဆက်ဆံနေရာမှာ ဖြစ်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

မက္ဆီနဲ႔ ေန႔တိုင္းစကားေျပာျဖစ္တယ္လို႔ ဆိုလိုက္တဲ့ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္း

ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက ရာသီ၀က္မွာလည္း မက္ဆီကို အလွည့္က်အသံုးျပဳသြားမယ္လို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။ ေရာ္နယ္ကိုးမန္းဟာ မက္ဆီကို ကြင္းထဲမွာ ကစားခြင့္ကို စီမံခန္႔ခြဲေနတာျဖစ္ၿပီး အာဂ်င္တီးနားကစားသမားဆီက အေကာင္းဆံုးေျခစြမ္းကို ရွာေဖြေနတာျဖစ္ပါတယ္။

သူက “ စည္းကမ္းအရ ဒါက ကစားသမားတိုင္းအတြက္ပါပဲ။ သူအေနနဲ႔ ကစားဖို႔ ၾကံ့ခိုင္မႈရွိရင ္ဒါက အရမ္းေကာင္းၿပီး သူလည္း ကစားရမွာပါ။ ဟုတ္ပါတယ္၊ မက္ဆီက အရင္ကထက္ အသက္ပိုႀကီးလာတာျဖစ္ေပမယ့္ သူ႔မွာ အရည္အေသြးေတြ အမ်ားႀကီး က်န္ပါေသးတယ္။ သူဟာ ေန႔တိုင္း ေလ့က်င့္ေရးမွာ ပါ၀င္ရတာကို ႏွစ္သက္ေနပါတယ္။ နည္းျပတစ္ေယာက္အေနနဲ႔ ကၽြန္ေတာ့္ကစားသမားေတြကို ကၽြန္ေတာ္စကားေျပာျဖစ္ခဲ့ၿပီး လီယို နဲ႔လည္း အျခားအေၾကာင္းအရာေတြ ေျပာျဖစ္ပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ သူက အသင္းေခါင္းေဆာင္ ျဖစ္လို႔ပါ။ ၿပီးေတာ့ အ၀တ္လဲခန္းအတြင္းက စည္းကမ္းေတြ  အျခားအရာေတြလည္း ေျပာျဖစ္ခဲ့ပါတယ္။ ပြဲအေၾကာင္းအရာမွ မဟုတ္ပါဘူး။ ကၽြန္ေတာ္ဆိုလိုတာက ဒါက နည္းျပတစ္ေယာက္ရဲ႕ ေန႔စဥ္အလုပ္ျဖစ္ၿပီး သူ႔ကစားသမားေတြနဲ႔ အၿမဲဆက္ဆံေနရာမွာ ျဖစ္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။