ဘာစီလိုနာမှာ မက်ဆီအနေနဲ့ နောက်ထပ် ၃ ၊ ၄ နှစ် ဆက်ရှိနေမှာလို့ ပြောခဲ့တဲ့ အသင်းခေါင်းဆောင် ဟောင်း ပူယိုးလ်

ဘာစီလိုနာအသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်သလို အသင်းခေါင်းဆောင်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ ပူယိုးလ်က အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတဲ့ လက်ရှိအသင်းခေါင်းဆောင် မက်ဆီအနေနဲ့ အသင်းမှာ နောက်ထပ် ၃ ၊ ၄ နှစ် ဆက်ရှိနေမှာလို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှ အသင်းပြောင်းရွှေ့ဖို့ တာဝန်ရှိသူတွေကို တောင်းဆိုမှု ပြုလုပ်ခဲ့တဲ့ မက်ဆီဟာ လက်ရှိအချိန်ထိ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတယ်လို့လည်း သိရပါတယ်။


မက်ဆီကိုခေါ်ယူဖို့ အစောပိုင်းတုန်းက စီးရီးအေကလပ် အင်တာမီလန်အသင်းက စိတ်ဝင်စားမှုတွေရှိခဲ့ပေမယ့် တရားဝင် ကမ်းလှမ်းခဲ့ခြင်းမျိုးမရှိခဲ့ပေမယ့် ဂွါဒီယိုလာကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းကတော့ တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါ တယ်။ ဒီရာသီအကုန်မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တဲ့ မက်ဆီကို ပီအက်စ်ဂျီအသင်းကလည်း စိတ်ဝင်စားမှုရှိနေတာကြောင့် မက်ဆီရဲ့ အသင်းပြောင်းမယ့်သတင်းတွေက ဆက်တိုက်ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။


နောက်ခံလူဟောင်းဖြစ်တဲ့ ပူယိုးလ်က “ မက်ဆီက အခုဆိုရင် အသက် ၃၃ ရှိနေပါပြီ။ သူအနေနဲ့ အခြားအသင်းတွေကို ပြောင်းရွှေ့ပြီး ကစားဖို့ထက် ဘာစီလိုနာမှာပဲ ဆက်ကစားသွားဖို့ ရှိနေမှာပါ။ သူက အသင်းရဲ့ပုံရိပ်တစ်ခုလို ဖြစ်နေပြီး ကစားသမားတွေရဲ့ စိတ်ဓာတ်ကို တက်ကြွအောင် လုပ်နိုင်တဲ့သူပါ။ ကျွန်တော်တို့နဲ့အတူ တွဲကစားခဲ့တဲ့ မက်ဆီထက် အခု မက်ဆီက အသင်းအတွက် အများကြီးအရေးပါနေတာကြောင့် သူအနေနဲ့ အသင်းမှာပဲ ဆက်ရှိနေမှာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဘာစီလိုနာမွာ မက္ဆီအေနနဲ႔ ေနာက္ထပ္ ၃ ၊ ၄ ႏွစ္ ဆက္ရွိေနမွာလို႔ ေျပာခဲ့တဲ့ အသင္းေခါင္းေဆာင္ ေဟာင္း ပူယိုးလ္

ဘာစီလိုနာအသင္းရဲ႕ ဂႏၲဝင္ကစားသမားတစ္ဦးျဖစ္သလို အသင္းေခါင္းေဆာင္ေဟာင္းတစ္ဦးလည္းျဖစ္တဲ့ ပူယိုးလ္က အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေနတဲ့ လက္ရွိအသင္းေခါင္းေဆာင္ မက္ဆီအေနနဲ႔ အသင္းမွာ ေနာက္ထပ္ ၃ ၊ ၄ ႏွစ္ ဆက္ရွိေနမွာလို႔ ေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေႏြရာသီမွ အသင္းေျပာင္းေရႊ႕ဖို႔ တာဝန္ရွိသူေတြကို ေတာင္းဆိုမႈ ျပဳလုပ္ခဲ့တဲ့ မက္ဆီဟာ လက္ရွိအခ်ိန္ထိ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ အဆင္မေျပျဖစ္ေနတယ္လို႔လည္း သိရပါတယ္။
မက္ဆီကိုေခၚယူဖို႔ အေစာပိုင္းတုန္းက စီးရီးေအကလပ္ အင္တာမီလန္အသင္းက စိတ္ဝင္စားမႈေတြရွိခဲ့ေပမယ့္ တရားဝင္ ကမ္းလွမ္းခဲ့ျခင္းမ်ိဳးမရွိခဲ့ေပမယ့္ ဂြါဒီယိုလာကိုင္တြယ္ေနတဲ့ မန္စီးတီးအသင္းကေတာ့ တရားဝင္ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ပါ တယ္။ ဒီရာသီအကုန္မွာ ဘာစီလိုနာနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မွာ ျဖစ္တဲ့ မက္ဆီကို ပီအက္စ္ဂ်ီအသင္းကလည္း စိတ္ဝင္စားမႈရွိေနတာေၾကာင့္ မက္ဆီရဲ႕ အသင္းေျပာင္းမယ့္သတင္းေတြက ဆက္တိုက္ထြက္ေပၚေနတာပဲ ျဖစ္ပါတယ္။
ေနာက္ခံလူေဟာင္းျဖစ္တဲ့ ပူယိုးလ္က “ မက္ဆီက အခုဆိုရင္ အသက္ ၃၃ ရွိေနပါၿပီ။ သူအေနနဲ႔ အျခားအသင္းေတြကို ေျပာင္းေရႊ႕ၿပီး ကစားဖို႔ထက္ ဘာစီလိုနာမွာပဲ ဆက္ကစားသြားဖို႔ ရွိေနမွာပါ။ သူက အသင္းရဲ႕ပံုရိပ္တစ္ခုလို ျဖစ္ေနၿပီး ကစားသမားေတြရဲ႕ စိတ္ဓာတ္ကို တက္ႂကြေအာင္ လုပ္ႏိုင္တဲ့သူပါ။ ကြ်န္ေတာ္တို႔နဲ႔အတူ တြဲကစားခဲ့တဲ့ မက္ဆီထက္ အခု မက္ဆီက အသင္းအတြက္ အမ်ားႀကီးအေရးပါေနတာေၾကာင့္ သူအေနနဲ႔ အသင္းမွာပဲ ဆက္ရွိေနမွာပါ” လို႔ ေျပာခဲ့ပါတယ္။