ဂရန်နာဒါနဲ့ ကစားမယ့်ပွဲအတွက် ရီးရဲလ်မက်ဒရစ်လူစာရင်းမှာ ဟာဇက်ပြန်လည်ပါဝင်လာ

ဂရန်နာဒါနဲ့ ကစားမယ့် စပိန်လာလီဂါပွဲစဉ်အတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လူစာရင်းမှာ ဟာဇက် ပြန်လည်ပါဝင်လာပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာ ဂရန်နာဒါနဲ့ ကစားမယ့် အသင်းရဲ့ ၂၄ ယောက် လူစာရင်းကို ကြေညာခဲ့ပြီး ဟာဇက်၊ အစ္စကို နဲ့ ဗီနီစီယက်စ်ဂျူနီယာ တို့ ပါဝင်လာပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်ကစားသမားဟာ နိုဝင်ဘာလ ၂၈ ရက်နေ့က အလာဗက်စ် နဲ့ ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တည်းက အသင်းအတွက ်မကစားပေးခဲ့ရသူ ဖြစ်ပါတယ်။ ဒ့ါအပြင် အစ္စကိုလည်းခြေကျင်းဝတ်ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး ဗီနီစီယက်စ်ကလည်း ဒဏ်ရာကနေ သက်သာလာပါတယ်။

သို့သော်လည်း အသင်းရဲ့ လူစာရင်းမှာ သိသိသာသာ ပျောက်ဆုံးနေတဲ့သူကတော့ ကွင်းလယ်ကစားသမား လူကာမိုဒရစ်ပဲ ဖြစ်ပါတယ်။ ဝါရင့်ကွင်းလယ်ကစားသမားကြီးဟာ တနင်္ဂနွေနေ့က အီဘာအသင်းကို အဝေးကွင်းမှာ (၃-၁) နဲ့ နိုင်ခဲ့တဲ့ပွဲ၌ ကြွက်သားဒဏ်ရာ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

ဂရန္နာဒါနဲ႔ ကစားမယ့္ပြဲအတြက္ ရီးရဲလ္မက္ဒရစ္လူစာရင္းမွာ ဟာဇက္ျပန္လည္ပါ၀င္လာ

ဂရန္နာဒါနဲ႔ ကစားမယ့္ စပိန္လာလီဂါပြဲစဥ္အတြက္ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ လူစာရင္းမွာ ဟာဇက္ ျပန္လည္ပါ၀င္လာၿပီျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ ဗုဒၶဟူးေန႔ညမွာ ဂရန္နာဒါနဲ႔ ကစားမယ့္ အသင္းရဲ႕ ၂၄ ေယာက္ လူစာရင္းကို ေၾကညာခဲ့ၿပီး ဟာဇက္၊ အစၥကို နဲ႔ ဗီနီစီယက္စ္ဂ်ဴနီယာ တို႔ ပါ၀င္လာပါတယ္။

ဘယ္လ္ဂ်ီယံလက္ေရြးစင္တိုက္စစ္ကစားသမားဟာ ႏို၀င္ဘာလ ၂၈ ရက္ေန႔က အလာဗက္စ္ နဲ႔ ကစားခဲ့တဲ့ပြဲမွာ ဒဏ္ရာရရွိခဲ့တည္းက အသင္းအတြက ္မကစားေပးခဲ့ရသူ ျဖစ္ပါတယ္။ ဒ့ါအျပင္ အစၥကိုလည္းေျခက်င္း၀တ္ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီး ဗီနီစီယက္စ္ကလည္း ဒဏ္ရာကေန သက္သာလာပါတယ္။

သို႔ေသာ္လည္း အသင္းရဲ႕ လူစာရင္းမွာ သိသိသာသာ ေပ်ာက္ဆံုးေနတဲ့သူကေတာ့ ကြင္းလယ္ကစားသမား လူကာမိုဒရစ္ပဲ ျဖစ္ပါတယ္။ ဝါရင့္ကြင္းလယ္ကစားသမားႀကီးဟာ တနဂၤေႏြေန႔က အီဘာအသင္းကို အေ၀းကြင္းမွာ (၃-၁) နဲ႔ ႏိုင္ခဲ့တဲ့ပြဲ၌ ႂကြက္သားဒဏ္ရာ ခံစားခဲ့ရတယ္လို႔ သိရပါတယ္။