ဘာစီလိုနာ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ဂရစ်မန်း ပြင်သစ်လက်ရွေးစင်အသင်း ပွဲကစားခွင့်နဲ့ ပတ်သက်ပြီး ပြောဆိုသွားခဲ့တဲ့ ပြင်သစ်နည်းပြ ဒက်ချမ့်စ်

ပြင်သစ်နည်းပြ ဒက်ချမ့်စ်က ဘာစီလိုနာ တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ပြင်သစ်အသင်းမှာ နေရာတစ်နေရာအတွက် အာမခံချက်ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာ ဘယ်လောက်ပဲ ရုန်းကန်နေရပါစေ ဂရစ်ဇ်မန်းဟာ သူ့အသင်းရဲ့ လူစာရင်းမှာ အမြဲပါဝင်နေတယ်လို့ ဒက်ချမ့်စ်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။

“ ကစားသမားတွေ အကုန်လုံးက လက်ရွေးစင်အသင်းကို အပြုံးကိုယ်စီ နဲ့ ရောက်လာကြပါတယ်။ ပြင်သစ်အတွက် ကစားပေးရတာက အရမ်းကို ဂုဏ်ယူစရာဖြစ်ပြီး အမြင့်မားဆုံး ပြိုင်ပွဲတွေအတွက်ပါ။ အန်တွိုင်းဂရစ်ဇ်မန်း နဲ့ ပေါ့ဘာတို့ဟာ အသင်းအတွက် အတွေ့အကြုံရှိကစားသမားတွေဖြစ်ပြီး မရှိမဖြစ်တွေပါ။ ပြင်သစ်အသင်းဟာ သူတို့ဆီက အကူအညီလိုအပ်ပါတယ်။

ဂရစ်ဇ်မန်း ကလပ်အသင်းမှာ ရုန်းကန်နေရတယ်လို့ ကျွန်တော် ကြားခဲ့တဲ့ ဂရစ်ဇ်မန်းဟာ ပြင်သစ်အသင်းအတွက် ကစားပေးနိုင်ပ့ါမလားဆိုပြီး လူတွေက မေးကြပါတယ်။ ဒါက အရမ်း ရယ်စရာ ကောင်းတဲ့ မေးခွန်းပါ။ ဂရစ်ဇ်မန်း နဲ့ ပေါ့ဘာတို့ဟာ မြင့်မားတဲ့ ဂုဏ်သိက္ခာရှိသူတွေဖြစ်ပြီး အခုလည်း အဲ့ဒီ ဂုဏ်ရှိနေဆဲပါ” လို့ နည်းပြ ဒက်ချမ့်စ် က ပြောသွားခဲ့ပါတယ်။

ဘာစီလိုနာ တိုက္စစ္မွဴး ဂရစ္မန္း ျပင္သစ္လက္ေရြးစင္အသင္းမွာ ပြဲကစားခြင့္နဲ႔ ပတ္သက္ၿပီး ေျပာဆိုသြားခဲ့တဲ့ ျပင္သစ္နည္းျပ ဒက္ခ်မ့္စ္

ျပင္သစ္နည္းျပ ဒက္ခ်မ့္စ္က ဘာစီလိုနာ တိုက္စစ္မွဴး ဂရစ္ဇ္မန္းဟာ ျပင္သစ္အသင္းမွာ ေနရာတစ္ေနရာအတြက္ အာမခံခ်က္ရွိတယ္လို႔ ေျပာသြားခဲ့ပါတယ္။ ဘာစီလိုနာအသင္းမွာ ဘယ္ေလာက္ပဲ ႐ုန္းကန္ေနရပါေစ ဂရစ္ဇ္မန္းဟာ သူ႔အသင္းရဲ႕ လူစာရင္းမွာ အၿမဲပါ၀င္ေနတယ္လို႔ ဒက္ခ်မ့္စ္က ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

“ ကစားသမားေတြ အကုန္လံုးက လက္ေရြးစင္အသင္းကို အျပံဳးကိုယ္စီ နဲ႔ ေရာက္လာၾကပါတယ္။ ျပင္သစ္အတြက္ ကစားေပးရတာက အရမ္းကို ဂုဏ္ယူစရာျဖစ္ၿပီး အျမင့္မားဆံုး ၿပိဳင္ပြဲေတြအတြက္ပါ။ အန္တြိဳင္းဂရစ္ဇ္မန္း နဲ႔ ေပါ့ဘာတို႔ဟာ အသင္းအတြက္ အေတြ႕အၾကံဳရွိကစားသမားေတြျဖစ္ၿပီး မရွိမျဖစ္ေတြပါ။ ျပင္သစ္အသင္းဟာ သူတို႔ဆီက အကူအညီလိုအပ္ပါတယ္။

ဂရစ္ဇ္မန္း ကလပ္အသင္းမွာ ႐ုန္းကန္ေနရတယ္လို႔ ကၽြန္ေတာ္ ၾကားခဲ့တဲ့ ဂရစ္ဇ္မန္းဟာ ျပင္သစ္အသင္းအတြက္ ကစားေပးႏိုင္ပ့ါမလားဆိုၿပီး လူေတြက ေမးၾကပါတယ္။ ဒါက အရမ္း ရယ္စရာ ေကာင္းတဲ့ ေမးခြန္းပါ။ ဂရစ္ဇ္မန္း နဲ႔ ေပါ့ဘာတို႔ဟာ ျမင့္မားတဲ့ ဂုဏ္သိကၡာရွိသူေတြျဖစ္ၿပီး အခုလည္း အဲ့ဒီ ဂုဏ္ရွိေနဆဲပါ” လို႔ နည္းျပ ဒက္ခ်မ့္စ္ က ေျပာသြားခဲ့ပါတယ္။