ရာမိုစ့် နဲ့ မိုဒရစ်ကို စာချုပ်သစ် ချုပ်ဆိုရန် သဘောတူညီမှု ရတော့မယ့် ရီးရဲလ်မက်ဒရစ်အသင်း

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ အဓိက ဝါရင့်ကစားသမားတွေ ဖြစ်တဲ့ ရာမိုစ့် နဲ့ မိုဒရစ်တို့ (၂) ယောက်ကို ခရစ္စမတ်မတိုင်ခင်မှာပဲ စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရမယ်လို့ ယုံကြည်နေပါတယ်။ သတင်းများအရ “ ရီးရဲလ်မက်ဒရစ် ဥက္ကဌ ဘယ်အချိန် ကြေညာမလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူ တစ်ပတ်မှာ မကြေညာဘူးဆိုရင်တော့ နောက်တစ်ပတ် ဖြစ်မှာပါ။ ရာမိုစ့် နဲ့ မိုဒရစ်တို့ရဲ့ စာချုပ်သစ်ကိစ္စက လုပ်ဆောင်နေပါတယ်။

ရာမိုဟ့်ကို (၂) နှစ် စာချုပ်သက်တမ်းတိုးမှာ ဖြစ်ပြီး နောက်ထပ် တစ်နှစ်တိုးခွင့်ရှိတယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းသွားမှာပါ။ မိုဒရစ်ကိုတော့ တစ်နှစ်စာချုပ်သက်တမ်းတိုးမှာ ဖြစ်ပြီး နောက်ထပ် တစ်နှစ် ထပ်တိုးခွင့်ရှိတယ်ဆိုတဲ့ အချက်ကို ထည့်သွင်းသွားမှာ ဖြစ်တယ်” လို့ ဖော်ပြနေကြတာ ဖြစ်ပါတယ်။


