ပြင်သစ်တိုက်စစ်မှူးတွေထဲမှာတော့ ဘင်ဇီမာက အကောင်းဆုံးတိုက်စစ်မှူးလို့ ပြောခဲ့တဲ့ ရီးရဲလ်နည်းပြ ဇီဒန်း


ပြင်သစ်နိုင်ငံသားဖြစ်တဲ့ ရီးရဲလ်နည်းပြ ဇီဒန်းက အကောင်းဆုံးတိုက်စစ်ကစားသမားတွေနဲ့ တွဲကစားခဲ့ဖူးပေမယ့် လက်ရှိ အသင်းရဲ့ တိုက်စစ်မှူးဖြစ်တဲ့ ဘင်ဇီမာကတော့ ပြင်သစ်တိုက်စစ်မှူးတွေထဲမှာ အကောင်းဆုံးတိုက်စစ်မှူးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဇီဒန်းအနေနဲ့ ကစားသမားဘဝတုန်းက ပြင်သစ်တိုက်စစ်မှူးတွေဖြစ်တဲ့ အွန်နရီ၊ အနယ်လ်ကာ ၊ ထရက်ဇီ ဂေးတို့နဲ့ အတူတွဲပြီး ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။


ပွဲအပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုတော့ ဇီဒန်းက “ ကျွန်တော်အတွက်တော့ ဘင်ဇီမာက ပြင်သစ်တိုက်စစ်မှူး တွေထဲမှာ အကောင်းဆုံးလို့ ဆိုရမှာပါ။ ဒီနေ့ညပွဲမှာ ကစားသွားတဲ့ ခြေစွမ်းကိုကြည့်ရင်သိနိုင်ပါတယ်။ သူမရှိဘဲနဲ့ နိုင်ပွဲရဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ သူရဲ့စွမ်းဆောင်ရည်ကြောင့်သာ အသင်းအနေနဲ့ အနိုင် ၃မှတ်ရရှိခဲ့တာပါ။ သူအနေနဲ့ ရီးရဲလ် အတွက် ပွဲပေါင်း ၅၀၀ ကျော်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး ပြောသွားခဲ့ပါတယ်။


ဇီဒန်းက ပြင်သစ်အသင်းရဲ့တိုက်စစ်မှာ ဂျက်ဖောင်တိန်၊ ပါရင်ပါပင်တို့လို တိုက်စစ်မှူးတွေအပြင် အနယ်လ်ကာ၊ အွန်နရီ နဲ့ ထရက်ဇီဂေး တို့လိုကစားသမားကောင်းတွေရှိပေမယ့် သူအတွက် ပြီးပြည့်စုံတဲ့ နံပါတ် ၉ ဝတ်ကစားသမားကတော့ ဘင်ဇီ မာပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဘင်ဇီမာက ပြင်သစ်လက်ရွေးစင်အသင်းမှာ ပုံမှန်ရွေးချယ် ခံရခြင်းမရှိတော့ပေမယ့် ရီးရဲလ်အသင်းမှာတော့ အဓိကတိုက်စစ်မှူးအဖြစ် ရှိနေဆဲပဲ ဖြစ်ပါတယ်။

zawgyi version

ျပင္သစ္တိုက္စစ္မွဴးေတြထဲမွာေတာ့ ဘင္ဇီမာက အေကာင္းဆံုးတိုက္စစ္မွဴးလို႔ ေျပာခဲ့တဲ့ ရီးရဲလ္နည္းျပ ဇီဒန္း
ျပင္သစ္ႏိုင္ငံသားျဖစ္တဲ့ ရီးရဲလ္နည္းျပ ဇီဒန္းက အေကာင္းဆံုးတိုက္စစ္ကစားသမားေတြနဲ႔ တြဲကစားခဲ့ဖူးေပမယ့္ လက္ရွိ အသင္းရဲ႕ တိုက္စစ္မွဴးျဖစ္တဲ့ ဘင္ဇီမာကေတာ့ ျပင္သစ္တိုက္စစ္မွဴးေတြထဲမွာ အေကာင္းဆံုးတိုက္စစ္မွဴးျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ဇီဒန္းအေနနဲ႔ ကစားသမားဘဝတုန္းက ျပင္သစ္တိုက္စစ္မွဴးေတြျဖစ္တဲ့ အြန္နရီ၊ အနယ္လ္ကာ ၊ ထရက္ဇီ ေဂးတို႔နဲ႔ အတူတြဲၿပီး ကစားခဲ့ဖူးသူလည္း ျဖစ္ပါတယ္။
ပြဲအၿပီး သတင္းေထာက္ေတြရဲ႕ ေမးျမန္းမႈကိုေတာ့ ဇီဒန္းက “ ကြ်န္ေတာ္အတြက္ေတာ့ ဘင္ဇီမာက ျပင္သစ္တိုက္စစ္မွဴး ေတြထဲမွာ အေကာင္းဆံုးလို႔ ဆိုရမွာပါ။ ဒီေန႔ညပြဲမွာ ကစားသြားတဲ့ ေျခစြမ္းကိုၾကည့္ရင္သိႏိုင္ပါတယ္။ သူမရွိဘဲနဲ႔ ႏိုင္ပြဲရဖို႔ ဆိုတာ မျဖစ္ႏိုင္ပါဘူး။ သူရဲ႕စြမ္းေဆာင္ရည္ေၾကာင့္သာ အသင္းအေနနဲ႔ အႏိုင္ ၃မွတ္ရရွိခဲ့တာပါ။ သူအေနနဲ႔ ရီးရဲလ္ အတြက္ ပြဲေပါင္း ၅၀၀ ေက်ာ္ကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။
ဇီဒန္းက ျပင္သစ္အသင္းရဲ႕တိုက္စစ္မွာ ဂ်က္ေဖာင္တိန္၊ ပါရင္ပါပင္တို႔လို တိုက္စစ္မွဴးေတြအျပင္ အနယ္လ္ကာ၊ အြန္နရီ နဲ႔ ထရက္ဇီေဂး တို႔လိုကစားသမားေကာင္းေတြရွိေပမယ့္ သူအတြက္ ၿပီးျပည့္စံုတဲ့ နံပါတ္ ၉ ဝတ္ကစားသမားကေတာ့ ဘင္ဇီ မာပဲ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ အသက္ ၃၂ ႏွစ္ရွိၿပီျဖစ္တဲ့ ဘင္ဇီမာက ျပင္သစ္လက္ေရြးစင္အသင္းမွာ ပံုမွန္ေရြးခ်ယ္ ခံရျခင္းမရွိေတာ့ေပမယ့္ ရီးရဲလ္အသင္းမွာေတာ့ အဓိကတိုက္စစ္မွဴးအျဖစ္ ရွိေနဆဲပဲ ျဖစ္ပါတယ္။