၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးပွဲ တစ်ခုကို ကစားနိုင်ခဲ့တယ်လို့ ပြောခဲ့တဲ့ ဘာစီလိုနာ နောက်ခံလူ အဲလ်ဘာ


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ် ၁၉ ကြိုကန်ပွဲစဉ်ဖြစ်တဲ့ ဆိုစီဒက်နဲ့ ပွဲစဉ်မှာတော့ ဘာစီလိုနာဟာ အိမ် ကွင်း နူးကမ့်မှာ ကစားရတာဖြစ်ပေမယ့် ဆိုစီဒက်ကို အနိုင်ရဖို့အတွက် ခက်ခက်ခဲခဲကစားရပြီးမှ နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရ ခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအတွက် ချေပဂိုးသွင်းယူပေးခဲ့တဲ့ နောက်ခံလူ အဲလ်ဘာကတော့ အသင်းအနေနဲ့ ၂၀၂၀ ခုနှစ် အတွက် အကောင်းဆုံးပွဲ တစ်ပွဲကို ကစားနိုင်ခဲ့တာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။


ဒီရာသီ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာဟာ ဆိုစီဒက်နဲ့ပွဲမှာလည်း ဧည့်သည်အသင်းရဲ့တိုက်စစ်မှူး ဝီလီယံဂျို့စ် ရဲ့ သွင်းဂိုးကြောင့် နောက်ကနေလိုက်ကစားခဲ့ရပြီးမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဝီလီယံဂျို့စ် ရဲ့ သွင်းဂိုးမတိုင်ခင်အထိ ဘာစီလိုနာဟာ ဆိုစီဒက်ဘက်ကို ဂိုးပေါက်ခြိမ်းခြောက်ထားနိုင်ခဲ့ခြင်းမရှိခဲ့ဘူးလို့လည်း သတင်း တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဘာစီလိုနာအတွက် ပွဲချိန် ၃၁ မိနစ်မှာ အဲလ်ဘာကချေပဂိုးနဲ့ ပွဲချိန် ၄၃ မိနစ်မှာ ဒီဂျောင်က အနိုင်ဂိုး သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ Movistar ကနေတဆင့် အဲလ်ဘာက “ ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးပွဲတစ်ပွဲလို့တောင်ဆိုရမှာပါ။ အမှတ်ပေးဇယားထိပ်ပိုင်းကို ပြန်ရောက်ဖို့အတွက် ဒီနိုင်ပွဲက အရမ်းကို အရေးပါပါတယ်။ ဂိုးဖန်တီးမှုတွေသာ ပိုပြီး လုပ်နိုင် တဲ့ ကျွန်တော်အနေနဲ့လည်း ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် တကယ်ကို ပျော်ရွှင်ရပါတယ်။ ဒီပွဲမှာမှ ဘာစီလိုနာအစစ်ကို ပြန် ရှာတွေ့ခဲ့တာပါ” လို့ ပြောသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဘာစီလိုနာဟာ လက်ရှိအချိန်မှာတော့ အမှတ်ပေးဇယားမှာ အဆင့်-၅ နေရာကို တက်ရောက်နိုင်ခဲ့ပါတယ်။

zawgyi version

၂၀၂၀ ခုႏွစ္အတြက္ အေကာင္းဆံုးပြဲ တစ္ခုကို ကစားႏိုင္ခဲ့တယ္လို႔ ေျပာခဲ့တဲ့ ဘာစီလိုနာ ေနာက္ခံလူ အဲလ္ဘာ
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ လာလီဂါပြဲစဥ္ ၁၉ ႀကိဳကန္ပြဲစဥ္ျဖစ္တဲ့ ဆိုစီဒက္နဲ႔ ပြဲစဥ္မွာေတာ့ ဘာစီလိုနာဟာ အိမ္ ကြင္း ႏူးကမ့္မွာ ကစားရတာျဖစ္ေပမယ့္ ဆိုစီဒက္ကို အႏိုင္ရဖို႔အတြက္ ခက္ခက္ခဲခဲကစားရၿပီးမွ ႏွစ္ဂိုးတစ္ဂိုးနဲ႔ အႏိုင္ရ ခဲ့ပါတယ္။ ဒီပြဲမွာ ဘာစီလိုနာအတြက္ ေခ်ပဂိုးသြင္းယူေပးခဲ့တဲ့ ေနာက္ခံလူ အဲလ္ဘာကေတာ့ အသင္းအေနနဲ႔ ၂၀၂၀ ခုႏွစ္ အတြက္ အေကာင္းဆံုးပြဲ တစ္ပြဲကို ကစားႏိုင္ခဲ့တာ ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။
ဒီရာသီ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ဘာစီလိုနာဟာ ဆိုစီဒက္နဲ႔ပြဲမွာလည္း ဧည့္သည္အသင္းရဲ႕တိုက္စစ္မွဴး ဝီလီယံဂ်ိဳ႕စ္ ရဲ႕ သြင္းဂိုးေၾကာင့္ ေနာက္ကေနလိုက္ကစားခဲ့ရၿပီးမွ ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြ သြင္းယူႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဝီလီယံဂ်ိဳ႕စ္ ရဲ႕ သြင္းဂိုးမတိုင္ခင္အထိ ဘာစီလိုနာဟာ ဆိုစီဒက္ဘက္ကို ဂိုးေပါက္ၿခိမ္းေျခာက္ထားႏိုင္ခဲ့ျခင္းမရွိခဲ့ဘူးလို႔လည္း သတင္း ေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ဘာစီလိုနာအတြက္ ပြဲခ်ိန္ ၃၁ မိနစ္မွာ အဲလ္ဘာကေခ်ပဂိုးနဲ႔ ပြဲခ်ိန္ ၄၃ မိနစ္မွာ ဒီေဂ်ာင္က အႏိုင္ဂိုး သြင္းယူခဲ့တာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ Movistar ကေနတဆင့္ အဲလ္ဘာက “ ၂၀၂၀ ခုႏွစ္အတြက္ အေကာင္းဆံုးပြဲတစ္ပြဲလို႔ေတာင္ဆိုရမွာပါ။ အမွတ္ေပးဇယားထိပ္ပိုင္းကို ျပန္ေရာက္ဖို႔အတြက္ ဒီႏိုင္ပြဲက အရမ္းကို အေရးပါပါတယ္။ ဂိုးဖန္တီးမႈေတြသာ ပိုၿပီး လုပ္ႏိုင္ တဲ့ ကြ်န္ေတာ္အေနနဲ႔လည္း ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ တကယ္ကို ေပ်ာ္ရႊင္ရပါတယ္။ ဒီပြဲမွာမွ ဘာစီလိုနာအစစ္ကို ျပန္ ရွာေတြ႕ခဲ့တာပါ” လို႔ ေျပာသြားခဲ့ပါတယ္။ ဒီႏိုင္ပြဲေၾကာင့္ ဘာစီလိုနာဟာ လက္ရွိအခ်ိန္မွာေတာ့ အမွတ္ေပးဇယားမွာ အဆင့္-၅ ေနရာကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။