ဟာဇက်က ဘာအမှားမှ လုပ်ခဲ့တာ မဟုတ်ဘူးလေလို့ ပြောခဲ့တဲ့ ဘယ်ဂျီယံအသင်းဖော် နောက်ခံလူ ဗာမေလန်း


ဂျပန်ကလပ် ကိုဘေးအသင်းမှာကစားနေတဲ့ ဘယ်ဂျီယံအသင်းနောက်ခံလူ ဗာမေလန်းက အသင်းဖော်ဟာဇက်အနေနဲ့ အမှားကျူးလွန်ခဲ့ခြင်းမရှိတာကြောင့် ဝေဖန်ခံနေရတာတွေက မသင့်တော်ကြောင်းပြောခဲ့ပါတယ်။ ချဲလ်ဆီကနေ ရီးရဲလ် ကိုပြောင်းရွှေ့ခဲ့တဲ့ ဟာဇက်အနေနဲ့ ချဲလ်ဆီးမှာတုန်းကလောက် ခြေစွမ်းမပြနိုင်သလို ရီးရဲလ်မှာ ဒဏ်ရာမကြာခဏ ရနေ တာတွေကြောင့် ဝေဖန်ခံနေရတာပဲ ဖြစ်ပါတယ်။


ဟာဇက်အနေနဲ့ ရီးရဲလ်ကို ပြောင်းရွှေ့လာပြီးနောက် လိဂ်ပြိုင်ပွဲ ၁၉ ပွဲသာကစားခဲ့ရပြီး သွင်းဂိုး ၂ ဂိုးပဲ သွင်းယူထားနိုင်ခဲ့သ လို လက်ရှိမှာလည်း ဒဏ်ရာပြဿနာကြောင့် အနားယူနေရတာဖြစ်ပါတယ်။ ဗာမေလန်က အာဆင်နယ်ကနေထွက်သွား ပြီးနောက် စပိန်မြေဖြစ်တဲ့လာလီဂါမှာ ၅ နှစ်ခန့် ကစားခဲ့ပြီးမှ ဂျပန်ကလပ်ကိုဘေးအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာမှာ ကစားခဲ့စဉ်က ဒဏ်ရာမကြာခဏရခဲ့တဲ့ ဗာမေလန်ဟာ ဂျပန်မြေရောက်မှ အရင်ကလိုပုံမှန် ပြန်ကစားနိုင်ခဲ့ ကြောင်း ပြောခဲ့ပါတယ်။


ဗာမေလန်က “ ဘာစီလိုနာက အသင်းကောင်းတစ်သင်းဖြစ်သလို ကျွန်တော်အနေနဲ့လည်း ဘာအမှားမှ မရှိခဲ့ပါဘူး။ ဘာစီ လိုနာကနေ ထွက်ပြီး ကိုဘေးရောက်တော့မှ အရင်လိုပြန်ကစားလာနိုင်ပါတယ်။ ကျွန်တော်လိုပါပဲ။ ဟာဇက်အနေနဲ့ ဘာအ မှားမှ ကျူးလွန်ခဲ့တာမျိုးမရှိပါဘူး။ သူအနေနဲ့ ဝေဖန်ခံနေရတာတွေက မမျှတဘူးဆိုပေမယ့် ဒဏ်ရာတွေကနေ သက်သာ လာတယ်ဆိုရင်တော့ အကောင်းဆုံးခြေစွမ်းပြနိုင်မယ်လို့ ယုံကြည့်ပါတယ်” ဆိုပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

ဟာဇက္က ဘာအမွားမွ လုပ္ခဲ့တာ မဟုတ္ဘူးေလလို႔ ေျပာခဲ့တဲ့ ဘယ္ဂ်ီယံအသင္းေဖာ္ ေနာက္ခံလူ ဗာေမလန္း
ဂ်ပန္ကလပ္ ကိုေဘးအသင္းမွာကစားေနတဲ့ ဘယ္ဂ်ီယံအသင္းေနာက္ခံလူ ဗာေမလန္းက အသင္းေဖာ္ဟာဇက္အေနနဲ႔ အမွားက်ဴးလြန္ခဲ့ျခင္းမရွိတာေၾကာင့္ ေဝဖန္ခံေနရတာေတြက မသင့္ေတာ္ေၾကာင္းေျပာခဲ့ပါတယ္။ ခ်ဲလ္ဆီကေန ရီးရဲလ္ ကိုေျပာင္းေရႊ႕ခဲ့တဲ့ ဟာဇက္အေနနဲ႔ ခ်ဲလ္ဆီးမွာတုန္းကေလာက္ ေျခစြမ္းမျပႏိုင္သလို ရီးရဲလ္မွာ ဒဏ္ရာမၾကာခဏ ရေန တာေတြေၾကာင့္ ေဝဖန္ခံေနရတာပဲ ျဖစ္ပါတယ္။
ဟာဇက္အေနနဲ႔ ရီးရဲလ္ကို ေျပာင္းေရႊ႕လာၿပီးေနာက္ လိဂ္ၿပိဳင္ပြဲ ၁၉ ပြဲသာကစားခဲ့ရၿပီး သြင္းဂိုး ၂ ဂိုးပဲ သြင္းယူထားႏိုင္ခဲ့သ လို လက္ရွိမွာလည္း ဒဏ္ရာျပႆနာေၾကာင့္ အနားယူေနရတာျဖစ္ပါတယ္။ ဗာေမလန္က အာဆင္နယ္ကေနထြက္သြား ၿပီးေနာက္ စပိန္ေျမျဖစ္တဲ့လာလီဂါမွာ ၅ ႏွစ္ခန္႔ ကစားခဲ့ၿပီးမွ ဂ်ပန္ကလပ္ကိုေဘးအသင္းကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာမွာ ကစားခဲ့စဥ္က ဒဏ္ရာမၾကာခဏရခဲ့တဲ့ ဗာေမလန္ဟာ ဂ်ပန္ေျမေရာက္မွ အရင္ကလိုပံုမွန္ ျပန္ကစားႏိုင္ခဲ့ ေၾကာင္း ေျပာခဲ့ပါတယ္။
ဗာေမလန္က “ ဘာစီလိုနာက အသင္းေကာင္းတစ္သင္းျဖစ္သလို ကြ်န္ေတာ္အေနနဲ႔လည္း ဘာအမွားမွ မရွိခဲ့ပါဘူး။ ဘာစီ လိုနာကေန ထြက္ၿပီး ကိုေဘးေရာက္ေတာ့မွ အရင္လိုျပန္ကစားလာႏိုင္ပါတယ္။ ကြ်န္ေတာ္လိုပါပဲ။ ဟာဇက္အေနနဲ႔ ဘာအ မွားမွ က်ဴးလြန္ခဲ့တာမ်ိဳးမရွိပါဘူး။ သူအေနနဲ႔ ေဝဖန္ခံေနရတာေတြက မမွ်တဘူးဆိုေပမယ့္ ဒဏ္ရာေတြကေန သက္သာ လာတယ္ဆိုရင္ေတာ့ အေကာင္းဆံုးေျခစြမ္းျပႏိုင္မယ္လို႔ ယံုၾကည့္ပါတယ္” ဆိုၿပီး ေျပာခဲ့တာပဲ ျဖစ္ပါတယ္။