ရီးရဲလ်ရဲ့ ဖာဂူဆန် ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့ နည်းပြ ဇီဒန်း


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေအပြီး အုပ်စုပထမနေရာနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ရီးရဲလ်အသင်းနည်းပြ ဇီဒန်းက သူအနေနဲ့ လက်ရှိအသင်းကို အချိန်ကာလတစ်ခုအထိ အောင်မြင်မှုရအောင်လုပ်ဆောင် နိုင်မှာမဟုတ်ဘဲ ယူနိုက်တက်အသင်းမှာ နည်းပြကြီး ဖာဂူဆန်စွမ်းဆောင်ခဲ့သလိုမျိုး စွမ်းဆောင်နိုင်မှာ မဟုတ်တဲ့အ ကြောင်း ပြောခဲ့ပါတယ်။ ဇီဒန်းဟာ ရီးရဲလ်နဲ့ ချန်ပီယံလိဂ် သုံးနှစ်ဆက်ရယူခဲ့ပြီးမှ ဒုတိယအကြိမ်ကိုင်တွယ်ခဲ့ပေမယ့် ရလဒ် ဆိုးတွေကြောင့် ထုတ်ပယ်ခံရဖို့ ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။


ရီးရဲလ်ဟာ ချန်ပီယံလိဂ်မှာ အုပ်စုဗိုလ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တယ်ဆိုပေမယ့် နောက်ဆုံးပွဲစဉ်အထိ ယှဉ် ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ နောက်ဆုံးပွဲစဉ်မှ ဂလက်ဘတ်အသင်းကို ဘင်ဇီမာရဲ့ သွင်းဂိုးတွေကြောင့်သာ အနိုင်ရခဲ့ပြီး အုပ်စု အဆင့်ကနေ မပြန်ခဲ့ရတာဘဲ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ရီးရဲလ်ဟာ ဒီတစ်ပတ် ကစားမယ့် လာလီဂါပွဲစဉ်မှာတော့ မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းနဲ့ ကစားရမှာဖြစ်တာကြောင့် နည်းပြ ဇီဒန်း အတွက် နောက်ထပ်ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲကို ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ ဇီဒန်းက “ ကျွန်တော်အနေနဲ့ ဘယ်တော့မှာ ရီးရဲလ်ရဲ့ ဖာဂူဆန်ဖြစ်လာမှာ မဟုတ်ပါဘူး။ ဖာဂူဆန်က ယူ နိုက်တက်ကို နှစ် ၂၀ ကျော်ကိုင်တွယ်ပြီး အောင်မြင်တဲ့အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်ထားနိုင်ပေမယ့် ကျွန် တော်ကတော့ အဲ့လောက်အထိ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ရီးရဲလ်မှာက ဖိအားတွေ အမြဲတမ်းရှိနေပါတယ်။ ကျွန် တော်တို့က ပွဲတိုင်းကို အကောင်းဆုံးကစားနိုင်ဖို့ဆိုတာ အမြဲတမ်းမဖြစ်နိုင်ပါဘူး။” လို့ ပြောခဲ့ပါတယ်။

zawgyi version

ရီးရဲလ္ရဲ႕ ဖာဂူဆန္ ျဖစ္လာမွာ မဟုတ္ဘူးလို႔ ေျပာခဲ့တဲ့ နည္းျပ ဇီဒန္း
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြအၿပီး အုပ္စုပထမေနရာနဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့တဲ့ ရီးရဲလ္အသင္းနည္းျပ ဇီဒန္းက သူအေနနဲ႔ လက္ရွိအသင္းကို အခ်ိန္ကာလတစ္ခုအထိ ေအာင္ျမင္မႈရေအာင္လုပ္ေဆာင္ ႏိုင္မွာမဟုတ္ဘဲ ယူႏိုက္တက္အသင္းမွာ နည္းျပႀကီး ဖာဂူဆန္စြမ္းေဆာင္ခဲ့သလိုမ်ိဳး စြမ္းေဆာင္ႏိုင္မွာ မဟုတ္တဲ့အ ေၾကာင္း ေျပာခဲ့ပါတယ္။ ဇီဒန္းဟာ ရီးရဲလ္နဲ႔ ခ်န္ပီယံလိဂ္ သံုးႏွစ္ဆက္ရယူခဲ့ၿပီးမွ ဒုတိယအႀကိမ္ကိုင္တြယ္ခဲ့ေပမယ့္ ရလဒ္ ဆိုးေတြေၾကာင့္ ထုတ္ပယ္ခံရဖို႔ ေရပန္းစားေနသူလည္း ျဖစ္ပါတယ္။
ရီးရဲလ္ဟာ ခ်န္ပီယံလိဂ္မွာ အုပ္စုဗိုလ္နဲ႔ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တယ္ဆိုေပမယ့္ ေနာက္ဆံုးပြဲစဥ္အထိ ယွဥ္ ၿပိဳင္ခဲ့ရတာ ျဖစ္ပါတယ္။ ေနာက္ဆံုးပြဲစဥ္မွ ဂလက္ဘတ္အသင္းကို ဘင္ဇီမာရဲ႕ သြင္းဂိုးေတြေၾကာင့္သာ အႏိုင္ရခဲ့ၿပီး အုပ္စု အဆင့္ကေန မျပန္ခဲ့ရတာဘဲ ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္မွာ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တဲ့ ရီးရဲလ္ဟာ ဒီတစ္ပတ္ ကစားမယ့္ လာလီဂါပြဲစဥ္မွာေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ အက္သလက္တီကိုအသင္းနဲ႔ ကစားရမွာျဖစ္တာေၾကာင့္ နည္းျပ ဇီဒန္း အတြက္ ေနာက္ထပ္ခက္ခဲတဲ့ပြဲစဥ္တစ္ပြဲကို ယွဥ္ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ဇီဒန္းက “ ကြ်န္ေတာ္အေနနဲ႔ ဘယ္ေတာ့မွာ ရီးရဲလ္ရဲ႕ ဖာဂူဆန္ျဖစ္လာမွာ မဟုတ္ပါဘူး။ ဖာဂူဆန္က ယူ ႏိုက္တက္ကို ႏွစ္ ၂၀ ေက်ာ္ကိုင္တြယ္ၿပီး ေအာင္ျမင္တဲ့အသင္းတစ္သင္းျဖစ္ေအာင္ တည္ေဆာက္ထားႏိုင္ေပမယ့္ ကြ်န္ ေတာ္ကေတာ့ အဲ့ေလာက္အထိ စြမ္းေဆာင္ႏိုင္မွာ မဟုတ္ပါဘူး။ ရီးရဲလ္မွာက ဖိအားေတြ အၿမဲတမ္းရွိေနပါတယ္။ ကြ်န္ ေတာ္တို႔က ပြဲတိုင္းကို အေကာင္းဆံုးကစားႏိုင္ဖို႔ဆိုတာ အၿမဲတမ္းမျဖစ္ႏိုင္ပါဘူး။” လို႔ ေျပာခဲ့ပါတယ္။