ဂျူဗင်တပ်စ်အသင်းက ကျွန်တော်တို့ရဲ့ အမှားတွေကို အခွင့်ကောင်းယူသွားတာဖြစ်တယ်လို့ ဆိုလိုက်တဲ့ ဘာစီလိုနာ ဂိုးသမား တာစတီဂန်

ဘာစီလိုနာ ဂိုးသမား တာစတီဂန်က ဂျူဗင်တပ်စ်အသင်းကို (၃-ဝ) နဲ့ ရှုံးနိမ့်ခဲ့တာက သူတို့ရဲ့ အမှားတွေကြောင့် ပေးဆပ်ခဲ့ရတာလို့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။ ရှုံးပွဲကြောင့် ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အုပ်စုထိပ်ဆုံးနေရာကို လွဲပေးခဲ့ရပြီး ရော်နယ်ကိုးမန်အသင်းရဲ့ အသင်းဟာ ရှုံးထွက် ၁၆ သင်းအဆင့်ကို ဒုတိယနေရာနဲ့ တက်လှမ်းနိုင်ခဲ့ရတာ ဖြစ်ပါတယ်။

တာစတီဂန်က “ ကျွန်တော်တို့ဟာ မဖြစ်နိုင်တဲ့ အမှားတွေ လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ခြေချော်ခဲ့လို့ ပေးဆပ်လိုပ်ရတာပါ။ ဒီလိုအမှားမျိုးကနေ ရုန်းထွက်ပြီး အလုပ်ကြိုးစားရပါမယ်။ ကျွန်တော်တို့ ပွဲကို ဒီထက်ပိုပြီး မာမာထန်ထန် စတင်ရမှာပါ” လို့တာစတီဂန်က ပြောသွားခဲ့ပါတယ်။


