ဘာစီလိုနာကို အနိုင်ရတာ ယုံကြည်မှုကို ပိုရှိစေတယ်လို့ ဆိုလိုက်တဲ့ ဂျူဗင်တပ်စ်ကြယ်ပွင့်ရော်နယ်ဒို

ဂျူဗင်တပ်စ်ကြယ်ပွင့် ရော်နယ်ဒိုက ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်မှာ (၃-ဝ) နဲ့ အနိုင်ရခဲ့တဲ့အပေါ် ဝမ်းသာနေတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းအတွက် ရော်နယ်ဒိုက ပင်နယ်တီမှ တစ်ဆင့် (၂) ဂိုးသွင်းပေးခဲ့ပြီး အုပ်စုအတွင်း ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပါတယ်။

“ ဒီနိုင်ပွဲက မဖြစ်နိုင်တဲ့အရာပါ။ အရေးအကြီးဆုံး ပွဲစကတည်းက အကောင်းဆုံးစတင်နိုင်ခဲ့ပြီး မိနစ် (၂၀) လည်းရောက်တော့ (၂-ဝ) ဖြစ်နေပါပြီ။ အဲ့ဒီကနေစပြီးတော့ ကျွန်တော်တို့ဟာ လုပ်နိုင်တယ်လို့ ယုံကြည်မှုရှိခဲ့ပါတယ်။ ဒီနိုင်ပွဲ ယုံကြည်မှုကို ပိုတိုးတက်သွားစေပါတယ်။ ကျွန်တော်တို့က ဒီလိုအသင်းကြီးမျိုးကို အနိုင်ရတဲ့ ပွဲမျိုးလိုအပ်နေခဲ့တာပါ””လို့ရော်နယ်ဒိုက ပြောသွားခဲ့တာဖြစ်ပါတယ်။

မက်ဆီ နဲ့ ပြိုင်ဆိုင်မှုအပေါ် ရော်နယ်ဒိုက “ ကျွန်တော်မပြောပြတတ်ပါဘူး။ ဒါကို တီဗွီမှာလည်း မမြင်မိပါဘူး။ တစ်ခါတစ်လေ နဲနဲလေးထိရင်လည်း ပင်နယ်တီအဖြစ် သတ်မှတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အဲ့ဒါနဲ့ ပတ်သက်ပြီး မပြောချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒိုင်လူကြီးရဲ့ အလုပ်က အမြဲတမ်းခက်ခဲပါတယ်။ နူးကမ့်မှာ (၃-ဝ) နဲ့ အနိုင်ရခဲ့တာဖြစ်လို့ အုပ်စုအတွင်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်တယ်ဆိုတာ သံသယရှိစရာမလိုတော့ပါဘူး” လို့ ထပ်မံပြောသွားခဲ့ပါတယ်။

ဘာစီလိုနာကို အႏိုင္ရတာ ယံုၾကည္မႈကို ပိုရွိေစတယ္လို႔ ဆိုလိုက္တဲ့ ဂ်ဴဗင္တပ္စ္ၾကယ္ပြင့္ေရာ္နယ္ဒို

ဂ်ဴဗင္တပ္စ္ၾကယ္ပြင့္ ေရာ္နယ္ဒိုက ဘာစီလိုနာအသင္းကို ခ်န္ပီယံလိဂ္မွာ (၃-၀) နဲ႔ အႏိုင္ရခဲ့တဲ့အေပၚ ၀မ္းသာေနတာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ေရာ္နယ္ဒိုက ပင္နယ္တီမွ တစ္ဆင့္ (၂) ဂိုးသြင္းေပးခဲ့ၿပီး အုပ္စုအတြင္း ထိပ္ဆံုးေနရာကို ရယူႏိုင္ခဲ့ပါတယ္။

“ ဒီႏိုင္ပြဲက မျဖစ္ႏိုင္တဲ့အရာပါ။ အေရးအႀကီးဆံုး ပြဲစကတည္းက အေကာင္းဆံုးစတင္ႏိုင္ခဲ့ၿပီး မိနစ္ (၂၀) လည္းေရာက္ေတာ့ (၂-၀) ျဖစ္ေနပါၿပီ။ အဲ့ဒီကေနစၿပီးေတာ့ ကၽြန္ေတာ္တို႔ဟာ လုပ္ႏိုင္တယ္လို႔ ယံုၾကည္မႈရွိခဲ့ပါတယ္။ ဒီႏိုင္ပြဲ ယံုၾကည္မႈကို ပိုတိုးတက္သြားေစပါတယ္။ ကၽြန္ေတာ္တို႔က ဒီလိုအသင္းႀကီးမ်ိဳးကို အႏိုင္ရတဲ့ ပြဲမ်ိဳးလိုအပ္ေနခဲ့တာပါ””လို႔ေရာ္နယ္ဒိုက ေျပာသြားခဲ့တာျဖစ္ပါတယ္။

မက္ဆီ နဲ႔ ၿပိဳင္ဆိုင္မႈအေပၚ ေရာ္နယ္ဒိုက “ ကၽြန္ေတာ္မေျပာျပတတ္ပါဘူး။ ဒါကို တီဗြီမွာလည္း မျမင္မိပါဘူး။ တစ္ခါတစ္ေလ နဲနဲေလးထိရင္လည္း ပင္နယ္တီအျဖစ္ သတ္မွတ္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္က အဲ့ဒါနဲ႔ ပတ္သက္ၿပီး မေျပာခ်င္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒိုင္လူႀကီးရဲ႕ အလုပ္က အၿမဲတမ္းခက္ခဲပါတယ္။ ႏူးကမ့္မွာ (၃-၀) နဲ႔ အႏိုင္ရခဲ့တာျဖစ္လို႔ အုပ္စုအတြင္း အမွတ္ေပးဇယားထိပ္ဆံုးမွာ ရပ္တည္ႏိုင္တယ္ဆိုတာ သံသယရွိစရာမလိုေတာ့ပါဘူး” လို႔ ထပ္မံေျပာသြားခဲ့ပါတယ္။