ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ခေါ်ယူရန်စောင့်ကြည့်နေတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ခေါ်ယူရန် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ သတင်းများအရ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းဟာ တိုက်စစ်မှူး တစ်ယောက် နဲ့ ဗဟိုနောက်ခံလူတစ်ယောက်အဖြစ် ဒီပေး နဲ့ အဲရစ်ဂါစီယာတို့ကို နှစ်သက်ပေမယ့် ဘဏ္ဍာရေးအခြေအနေပေါ် မူတည်နေသေးတာ ဖြစ်ပါတယ်။

ဘင်ဖီကာအသင်းရဲ့ အားကစား ဒါရိုက်တာ ကလည်း ဈေးကွက်ထဲမှာ အသင်းရဲ့ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ခေါ်ယူရန် ဆက်သွယ်မှုတွေ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဥရုဂွေးလက်ရွေးစင်ကစားသမားကို အဲလ်မီရီယာအသင်းမှာကတည်းက လိုက်နေတာဖြစ်ပြီး တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီက ဘင်ဖီကာအသင်းဆီကို ယူရို (၂၄) သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

နူနက်ဇ်ဟာ ဇန်နဝါရီမှာ ပစ်မှတ်မထားနိုင်ပါက နောက်နွေရာသီမှာ ပစ်မှတ်ထားမှာ ဖြစ်ပြီး ဘင်ဖီကာ အသင်းက လည်းသူ့ကို အနာဂတ်အတွက် ရည်ရွယ်ထားနေပါတယ်။

ဘင္ဖီကာတိုက္စစ္မွဴး ဒါ၀င္ႏူနက္ဇ္ကို ေခၚယူရန္ေစာင့္ၾကည့္ေနတဲ့ ဘာစီလိုနာအသင္း

ဘာစီလိုနာအသင္းဟာ ဘင္ဖီကာတိုက္စစ္မႉး ဒါ၀င္ႏူနက္ဇ္ကို ေခၚယူရန္ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ သတင္းမ်ားအရ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းဟာ တိုက္စစ္မွဴး တစ္ေယာက္ နဲ႔ ဗဟိုေနာက္ခံလူတစ္ေယာက္အျဖစ္ ဒီေပး နဲ႔ အဲရစ္ဂါစီယာတို႔ကို ႏွစ္သက္ေပမယ့္ ဘ႑ာေရးအေျခအေနေပၚ မူတည္ေနေသးတာ ျဖစ္ပါတယ္။

ဘင္ဖီကာအသင္းရဲ႕ အားကစား ဒါ႐ိုက္တာ ကလည္း ေစ်းကြက္ထဲမွာ အသင္းရဲ႕ တိုက္စစ္မွဴး ဒါ၀င္ႏူနက္ဇ္ကို ေခၚယူရန္ ဆက္သြယ္မႈေတြ ရွိေနတယ္လို႔ ေျပာခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ ဥ႐ုေဂြးလက္ေရြးစင္ကစားသမားကို အဲလ္မီရီယာအသင္းမွာကတည္းက လိုက္ေနတာျဖစ္ၿပီး တိုက္စစ္မွဴးဟာ ၿပီးခဲ့တဲ့ေႏြရာသီက ဘင္ဖီကာအသင္းဆီကို ယူ႐ို (၂၄) သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့တာ ျဖစ္ပါတယ္။

ႏူနက္ဇ္ဟာ ဇန္နဝါရီမွာ ပစ္မွတ္မထားႏိုင္ပါက ေနာက္ေႏြရာသီမွာ ပစ္မွတ္ထားမွာ ျဖစ္ၿပီး ဘင္ဖီကာ အသင္းက လည္းသူ႔ကို အနာဂတ္အတြက္ ရည္ရြယ္ထားေနပါတယ္။