ဗီလာရီးရဲလ်မှာ ပျော်ရွှင်နေတဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ကူဘို

ဗီလာရီးရဲလ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား ကူဘိုဟာ ဗီလာရီးရဲလ်အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောသွားခဲ့ပါတယ်။ နည်းပြ အူနိုင်းအမ်မရီရဲ့ လမ်းညွှန်မှုတွေအောက်မှာ ကူဘိုဟာ ခြေစွမ်းပြနေပြီး ပျော်ရွှင်နေသူဖြစ်ပါတယ်။

“ကျွန်တော်က အပြင်ကို သိပ်သွားလေ့ရှိတဲ့သူ မဟုတ်ပါဘူး ။အမြဲတမ်း ဘောလုံး နဲ့ အိမ်၊ ဘောလုံး နဲ့ အိမ်ပါပဲ။ ကျွန်တော်က Benicassim နေတာဖြစ်လို့ ခင်ဗျားတို့ သိမှာ မဟုတ်ပါဘူး။ အဲ့ဒီနေရာက အရမ်းကို တိတ်ဆိတ်ပြီး လူခြေလည်း နည်းလို့ အရမ်းကောင်းပါတယ်။ တိတ်ဆိတ်တာက အခုအချိန်အကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ယူရိုပါလိဂ်ကစားရပြီး ၊ အခြားအသင်းတွေက ချန်ပီယံလိဂ်ကစားရပါတယ်။ ချန်ပီယံလိဂ်ပွဲတွေကို ကျွန်တော် အိမ်ကနေ ကြည့်လေ့ရှိပါတယ်။ အဲ့ဒီပွဲတွေကို ကြည့်ရတာ ကျွန်တော် နှစ်သက်ပါတယ်။ ကျွန်တော် မကစားရလည်း ကျွန်တော်ကြည့်ရတာ အရမ်းကို ကြိုကပါတယ်။

မာယော့ကာမှာတုန်းက ကျွန်တော်ဟာ ပင်လယ်ထဲကို သွားပြီး ရေကူးရတာ ကြိုက်ပါတယ်။ ဒါပေမယ့် ဒါကို ကျွန်တော်တို့ ဒီနွေရာသီမှာလုပ်လို့ မရပါဘူး။ ကျွန်တော်ဟာ ဂျပန်မှာ ဖြစ်ခဲ့ပြီး ကွာရာတင်း စည်းမျဉ်းတွေကြောင့် အိမ်မှာပဲ အမြဲနေရလေ့ရှိပါတယ်” လို့ ကူဘိုက ပြောသွားခဲ့ပါတယ်။

ဗီလာရီးရဲလ္မွာ ေပ်ာ္ရႊင္ေနတဲ့ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ ကူဘို

ဗီလာရီးရဲလ္အသင္းမွာ အငွားနဲ႔ သြားေရာက္ကစားေနတဲ့ ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမား ကူဘိုဟာ ဗီလာရီးရဲလ္အသင္းမွာ ေပ်ာ္ရႊင္ေနတယ္လို႔ ေျပာသြားခဲ့ပါတယ္။ နညး္ျပ အူႏိုင္းအမ္မရီရဲ႕ လမ္းၫႊန္မႈေတြေအာက္မွာ ကူဘိုဟာ ေျခစြမး္ျပေနၿပီး ေပ်ာ္ရႊင္ေနသူျဖစ္ပါတယ္။

“ကၽြန္ေတာ္က အျပင္ကို သိပ္သြားေလ့ရွိတဲ့သူ မဟုတ္ပါဘူး ။အၿမဲတမ္း ေဘာလံုး နဲ႔ အိမ္၊ ေဘာလံုး နဲ႔ အိမ္ပါပဲ။ ကၽြန္ေတာ္က Benicassim ေနတာျဖစ္လို႔ ခင္ဗ်ားတို႔ သိမွာ မဟုတ္ပါဘူး။ အဲ့ဒီေနရာက အရမ္းကို တိတ္ဆိတ္ၿပီး လူေျခလည္း နည္းလို႔ အရမ္းေကာင္းပါတယ္။ တိတ္ဆိတ္တာက အခုအခ်ိန္အေကာင္းဆံုးပါ။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔က ယူ႐ိုပါလိဂ္ကစားရၿပီး ၊ အျခားအသင္းေတြက ခ်န္ပီယံလိဂ္ကစားရပါတယ္။ ခ်န္ပီယံလိဂ္ပြဲေတြကို ကၽြန္ေတာ္ အိမ္ကေန ၾကည့္ေလ့ရွိပါတယ္။ အဲ့ဒီပြဲေတြကို ၾကည့္ရတာ ကၽြန္ေတာ္ ႏွစ္သက္ပါတယ္။ ကၽြန္ေတာ္ မကစားရလည္း ကၽြန္ေတာ္ၾကည့္ရတာ အရမ္းကို ႀကိဳကပါတယ္။

မာေယာ့ကာမွာတုန္းက ကၽြန္ေတာ္ဟာ ပင္လယ္ထဲကို သြားၿပီး ေရကူးရတာ ႀကိဳက္ပါတယ္။ ဒါေပမယ့္ ဒါကို ကၽြန္ေတာ္တို႔ ဒီေႏြရာသီမွာလုပ္လို႔ မရပါဘူး။ ကၽြန္ေတာ္ဟာ ဂ်ပန္မွာ ျဖစ္ခဲ့ၿပီး ကြာရာတင္း စည္းမ်ဥ္းေတြေၾကာင့္ အိမ္မွာပဲ အၿမဲေနရေလ့ရွိပါတယ္” လို႔ ကူဘိုက ေျပာသြားခဲ့ပါတယ္။