မက်ဆီကို ခေါ်ယူဖို့ ဆုံးဖြတ်ချက်ချရမှာက သူကိုယ်တိုင်ပဲ ဖြစ်တယ်လို့ ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်ခါလိုင်ဖီ ပြောဆို


ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်ခါလိုင်ဖီက ဘာစီလိုနာကနေထွက်ဖို့ သတင်းတွေထွက်နေတဲ့ မက်ဆီကိုခေါ်ယူဖို့အတွက် ဆုံးဖြတ်ချက်ချရမယ့်သူက သူကိုယ်တိုင်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို ပြီးခဲ့တဲ့နွေရာသီ တုန်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် တရားဝင်ကမ်းလှမ်းခဲ့ခြင်းမရှိပါဘူး။ ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး နေမာက မက်ဆီနဲ့ လာမယ့်ရာသီမှာ တွဲကစားချင်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းပြောခဲ့တာကြောင့် ပီအက်စ်ဂျီကို မက်ဆီပြောင်း ရွှေ့နိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။


ပီအက်ဂျီအသင်းတာဝန်ရှိသူတွေကတော့ မက်ဆီကို အသင်းထံခေါ်ယူရေးထက် နေမာကို ဘာစီလိုနာထံ ပြန်လည် မပြောင်းရွှေ့ရေးအတွက် လုပ်ဆောင်သွားဖို့က အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ မက်ဆီဟာ လာမယ့်နွေရာသီအပြောင်း အရွှေ့ဆိုရင် ပြောင်းရွှေ့ကြေးအလွတ်နဲ့ အသင်းပြောင်းနိုင်မှာ ဖြစ်တာကြောင့် သူကိုခေါ်ယူချင်တဲ့အသင်းတွေအများကြီး ရှိနေမှာဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာတောင် အပြောင်းအရွှေ့ဖြစ်လာနိုင်ကြောင်းလည်း ပီအက်စ်ဂျီအသင်းတာဝန်ရှိ သူတွေက သုံးသပ်ခဲ့ပါတယ်။


ပီအက်စ်ဂျီအသင်းပိုင်ရှင်ဖြစ်တဲ့ အယ်ခါလိုင်ဖီက “ မက်ဆီက လက်ရှိမှာ ဘာစီလိုနာကစားသမားအဖြစ်ရှိနေဆဲပါ။ သူရဲ့ အပြောင်းအရွှေ့အတွက် ကျွန်တော်အနေနဲ့ အခုချိန်မှာ ပြောစရာမရှိပါဘူး။ ဘာစီလိုနာကလည်း မက်ဆီလိုကစားသမား မျိုးကို အလွယ်တကူ လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ သူကိုခေါ်ယူဖို့အတွက် မန်စီးတီးအသင်းကလည်း စောင့်ကြည့်နေပါ တယ်။ မက်ဆီကိုခေါ်ဖို့ ဆုံးဖြတ်ချက်ချရမှာက ကျွန်တော်ကိုယ်တိုင်ပါပဲ” လို့ ပြောခဲ့ပါတယ်။

zawgyi version

မက္ဆီကို ေခၚယူဖို႔ ဆံုးျဖတ္ခ်က္ခ်ရမွာက သူကိုယ္တိုင္ပဲ ျဖစ္တယ္လို႔ ပီအက္စ္ဂ်ီအသင္းပိုင္ရွင္ အယ္ခါလိုင္ဖီ ေျပာဆို
ပီအက္စ္ဂ်ီအသင္းပိုင္ရွင္ အယ္ခါလိုင္ဖီက ဘာစီလိုနာကေနထြက္ဖို႔ သတင္းေတြထြက္ေနတဲ့ မက္ဆီကိုေခၚယူဖို႔အတြက္ ဆံုးျဖတ္ခ်က္ခ်ရမယ့္သူက သူကိုယ္တိုင္ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ မက္ဆီကို ၿပီးခဲ့တဲ့ေႏြရာသီ တုန္းက ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ တရားဝင္ကမ္းလွမ္းခဲ့ျခင္းမရွိပါဘူး။ ပီအက္စ္ဂ်ီအသင္းရဲ႕တိုက္စစ္မွဴး ေနမာက မက္ဆီနဲ႔ လာမယ့္ရာသီမွာ တြဲကစားခ်င္တယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းေျပာခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီကို မက္ဆီေျပာင္း ေရႊ႕ႏိုင္တယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚခဲ့တာပဲ ျဖစ္ပါတယ္။
ပီအက္ဂ်ီအသင္းတာဝန္ရွိသူေတြကေတာ့ မက္ဆီကို အသင္းထံေခၚယူေရးထက္ ေနမာကို ဘာစီလိုနာထံ ျပန္လည္ မေျပာင္းေရႊ႕ေရးအတြက္ လုပ္ေဆာင္သြားဖို႔က အေရးႀကီးတယ္လို႔ ေျပာခဲ့ပါတယ္။ မက္ဆီဟာ လာမယ့္ေႏြရာသီအေျပာင္း အေရႊ႕ဆိုရင္ ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ အသင္းေျပာင္းႏိုင္မွာ ျဖစ္တာေၾကာင့္ သူကိုေခၚယူခ်င္တဲ့အသင္းေတြအမ်ားႀကီး ရွိေနမွာျဖစ္ၿပီး ဇန္နဝါရီအေျပာင္းအေရႊ႕မွာေတာင္ အေျပာင္းအေရႊ႕ျဖစ္လာႏိုင္ေၾကာင္းလည္း ပီအက္စ္ဂ်ီအသင္းတာဝန္ရွိ သူေတြက သံုးသပ္ခဲ့ပါတယ္။
ပီအက္စ္ဂ်ီအသင္းပိုင္ရွင္ျဖစ္တဲ့ အယ္ခါလိုင္ဖီက “ မက္ဆီက လက္ရွိမွာ ဘာစီလိုနာကစားသမားအျဖစ္ရွိေနဆဲပါ။ သူရဲ႕ အေျပာင္းအေရႊ႕အတြက္ ကြ်န္ေတာ္အေနနဲ႔ အခုခ်ိန္မွာ ေျပာစရာမရွိပါဘူး။ ဘာစီလိုနာကလည္း မက္ဆီလိုကစားသမား မ်ိဳးကို အလြယ္တကူ လက္လႊတ္ခံမွာ မဟုတ္ပါဘူး။ သူကိုေခၚယူဖို႔အတြက္ မန္စီးတီးအသင္းကလည္း ေစာင့္ၾကည့္ေနပါ တယ္။ မက္ဆီကိုေခၚဖို႔ ဆံုးျဖတ္ခ်က္ခ်ရမွာက ကြ်န္ေတာ္ကိုယ္တိုင္ပါပဲ” လို႔ ေျပာခဲ့ပါတယ္။