ဇီဒန်းက ရီးရဲလ်အတွက် အံသြဖွယ်ကောင်းလောက်အောင် စွမ်းဆောင်ပေးနိုင်တဲ့နည်းပြ တစ်ဦးပါလို့ ပြောခဲ့တဲ့ ကက်ဆီးလက်စ်


ရီးရဲလ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ကက်ဆီးလက်စ်က လက်ရှိနည်းပြ ဇီဒန်းက အသင်းအတွက် အံသြဖွယ်ကောင်းလောက်အောင် စွမ်းဆောင်ပေးနိုင်တဲ့နည်းပြတစ်ဦးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဇီဒန်းဟာ ရီးရဲလ်ကို ပထမအကြိမ်ကိုင်တွယ်တုန်းက ချန်ပီယံလိဂ်ဖလားသုံးနှစ်ဆက်ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အသင်းရဲ့ခြေစွမ်းကျဆင်းမှုတွေကြောင့် ရာထူးကထုတ်ပယ်ခံရဖို့ နီးစပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ဖော်နေတဲ့သူ လည်း ဖြစ်ပါတယ်။


ရီးရဲလ်ဟာ နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ ၅ပွဲမှာ တစ်ပွဲပဲ အနိုင်ရခဲ့သလို ဒီရာသီလာလီဂါပွဲစဉ် ၁၀ ပွဲကစားပြီးချိန်မှာလည်း ၅ ပွဲသာ အနိုင်ရခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံရတော့မယ်ဆိုတဲ့သတင်းတွေနဲ့အတူ ရီးရဲလ်အသင်းတာဝန်ရှိသူ တွေဟာ နည်းပြနေရာအတွက် စပါးနည်းပြဟောင်းပိုချက်တီနိုနဲ့ ဆွေးနွေးနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေ တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းရဲ့မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုအသင်းရဲ့ပရိသတ်တစ်ဦးဖြစ်တဲ့ ပိုချက်တီနိုဟာ ရီးရဲလ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ရှိနေတယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

AS သတင်းစာကနေတဆင့် ကက်ဆီးလက်စ်က “ ဇီဇူး (ဇီဒန်း) က ကျွန်တော်ရဲ့သူငယ်ကောင်းတစ်ဦးဖြစ်ပြီး သူက ရီးရဲလ် အတွက် အကောင်းဆုံးနည်းပြတစ်ဦးလို့တောင်ဆိုရမှာပါ။ အံအားသင့်ဖွယ်ကောင်းလောက်အောင် ကစားသမားဘဝမှာ ရော နည်းပြဘဝမှာပါ စွမ်းဆောင်နိုင်ခဲ့တဲ့သူပါ။ သူကို နည်းပြအဖြစ်က ထုတ်ပယ်လိုက်မယ်ဆိုရင်တောင် သူက ရီးရဲလ် အသင်းရဲ့ သမိုင်းမှာ မှတ်တမ်းကောင်းတွေ ချန်ထားခဲ့နိုင်တဲ့သူပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version
