ဘာစီလိုနာက မက်ဆီကို တကယ် မလိုချင်တော့ဘူးလား ? ?


ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေထွက်ဖို့ တောင်းဆိုမှုပြုလုပ်ခဲ့တဲ့ မက်ဆီကို ဘာစီလိုနာအသင်းတာဝန်ရှိ သူတွေက ထွက်ခွာခွင့်မပေးခဲ့ဘဲ စာချုပ်ပါလျော်ကြေးနဲ့ ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ မန်စီးတီးအသင်းက စာချုပ်ပါ လျော်ကြေးပေးပြီး ခေါ်ယူမယ်လို့ လုပ်ဆောင်လာတဲ့အချိန်ကျမှ အကြောင်းပြချက်မျိုးစုံနဲ့ မက်ဆီကို ဆက်ထိန်းထားဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် စာချုပ်သက်တမ်း တစ်နှစ်သာကျန်တော့တဲ့ မက်ဆီကို စာချုပ်သစ်ချုပ်ဆိုဖို့ မလုပ်ဆောင်တဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။


စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့တဲ့ မက်ဆီက အသင်းပရိသတ်တွေရဲ့ အမုန်းကိုမလိုချင်သလို ကိုယ်တိုင်ကလည်း ဘာစီလိုနာမှာ ဆက်ကစားချင်တဲ့စိတ်ရှိတာကြောင့် အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားနေပေမယ့် ဘာစီလိုနာ တာဝန်ရှိသူတွေဘက်ကတော့ မက်ဆီမရှိလည်း ဘာစီလိုနာအသင်း ဆက်ရှိနေတယ်ဆိုတဲ့ သဘောထားမျိုးတွေပြုလုပ် လာတာကြောင့် မက်ဆီရဲ့အပြောင်းအရွှေ့ပုံပြင်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မဖွင့်ခင်မှာ ပြန်လည်လှုပ်ခတ်လာ တာပဲ ဖြစ်ပါတယ်။

 

ဒီရာသီမှာ ပြဿနာတွေများစွာနဲ့ ရုန်းကန်ခဲ့ရတဲ့ ဘာစီလိုနာဟာ ဥက္ကဌ ဘာတိုမီယူနဲ့အဖွဲ့နုတ်ထွက်သွားတာကြောင့် ကြားဖြတ် ဥက္ကဌသစ်ရွေးကောက်ပွဲလည်း ပြုလုပ်ခဲ့ရပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး ယာယီဥက္ကဌဖြစ်လ တဲ့ ကားလက်စ် တက်စ်ကွက်စ်က အသင်းမှာ မပျော်တော့တဲ့ မက်ဆီကို တာဝန်ရှိသူတွေအနေနဲ့ နွေရာသီမှာ ရောင်းချခဲ့ သင့်တယ်လို့ ပြောခဲ့တာကြောင့် ဘာစီလိုနာတာဝန်ရှိသူတွေအနေနဲ့ မက်ဆီကို တကယ်မလိုချင်တော့ဘူးလားဆိုတဲ့ မေး ခွန်းတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ 

 

 

zawgyi version

ဘာစီလိုနာက မက္ဆီကို တကယ္ မလိုခ်င္ေတာ့ဘူးလား ? ?
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းကေနထြက္ဖို႔ ေတာင္းဆိုမႈျပဳလုပ္ခဲ့တဲ့ မက္ဆီကို ဘာစီလိုနာအသင္းတာဝန္ရွိ သူေတြက ထြက္ခြာခြင့္မေပးခဲ့ဘဲ စာခ်ဳပ္ပါေလ်ာ္ေၾကးနဲ႔ ထိန္းခ်ဳပ္ဖို႔ လုပ္ေဆာင္ခဲ့ပါတယ္။ မန္စီးတီးအသင္းက စာခ်ဳပ္ပါ ေလ်ာ္ေၾကးေပးၿပီး ေခၚယူမယ္လို႔ လုပ္ေဆာင္လာတဲ့အခ်ိန္က်မွ အေၾကာင္းျပခ်က္မ်ိဳးစံုနဲ႔ မက္ဆီကို ဆက္ထိန္းထားဖို႔ လုပ္ေဆာင္ခဲ့တာျဖစ္ေပမယ့္ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာက်န္ေတာ့တဲ့ မက္ဆီကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ မလုပ္ေဆာင္တဲ့ အေနအထားမွာ ရွိေနခဲ့ပါတယ္။
စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာက်န္ေတာ့တဲ့ မက္ဆီက အသင္းပရိသတ္ေတြရဲ႕ အမုန္းကိုမလိုခ်င္သလို ကိုယ္တိုင္ကလည္း ဘာစီလိုနာမွာ ဆက္ကစားခ်င္တဲ့စိတ္ရွိတာေၾကာင့္ အသင္းအတြက္ အေကာင္းဆံုးေပးဆပ္ကစားေနေပမယ့္ ဘာစီလိုနာ တာဝန္ရွိသူေတြဘက္ကေတာ့ မက္ဆီမရွိလည္း ဘာစီလိုနာအသင္း ဆက္ရွိေနတယ္ဆိုတဲ့ သေဘာထားမ်ိဳးေတြျပဳလုပ္ လာတာေၾကာင့္ မက္ဆီရဲ႕အေျပာင္းအေရႊ႕ပံုျပင္ဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္မဖြင့္ခင္မွာ ျပန္လည္လႈပ္ခတ္လာ တာပဲ ျဖစ္ပါတယ္။
ဒီရာသီမွာ ျပႆနာေတြမ်ားစြာနဲ႔ ႐ုန္းကန္ခဲ့ရတဲ့ ဘာစီလိုနာဟာ ဥကၠဌ ဘာတိုမီယူနဲ႔အဖြဲ႕ႏုတ္ထြက္သြားတာေၾကာင့္ ၾကားျဖတ္ ဥကၠဌသစ္ေရြးေကာက္ပြဲလည္း ျပဳလုပ္ခဲ့ရပါတယ္။ ၾကားျဖတ္ေရြးေကာက္ပြဲမွာ အႏိုင္ရၿပီး ယာယီဥကၠဌျဖစ္လ တဲ့ ကားလက္စ္ တက္စ္ကြက္စ္က အသင္းမွာ မေပ်ာ္ေတာ့တဲ့ မက္ဆီကို တာဝန္ရွိသူေတြအေနနဲ႔ ေႏြရာသီမွာ ေရာင္းခ်ခဲ့ သင့္တယ္လို႔ ေျပာခဲ့တာေၾကာင့္ ဘာစီလိုနာတာဝန္ရွိသူေတြအေနနဲ႔ မက္ဆီကို တကယ္မလိုခ်င္ေတာ့ဘူးလားဆိုတဲ့ ေမး ခြန္းေတြ ထြက္ေပၚလာတာပဲ ျဖစ္ပါတယ္။