လာမယ့်ရာသီမှာ မက်ဆီနဲ့ အတူတူ တွဲပြီး ပြန်ကစားချင်ပါတယ်လို့ ပြောခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ


ဘာစီလိုနာကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူးနေမာက လာမယ့်ရာသီမှာ အသင်းဖော်ဟောင်းဖြစ်တဲ့ မက်ဆီနဲ့အတူ ပြန်တွဲပြီး ကစားချင်ကြောင်းပြောခဲ့ပါတယ်။ ဘာစီလိုနာ အသင်းတာဝန်ရှိသူတွေက နေမာကို ပြန်လည်ခေါ်ယူဖို့ အခက်အခဲရှိကြောင်း ပြောဆိုထားသလို မက်ဆီကလည်း ဘာစီ လိုနာကနေ ထွက်ဖို့ သတင်းတွေထွက်နေတာကြောင့် ပီအက်စ်ဂျီအသင်းကို မက်ဆီပြောင်းရွှေ့မလားဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။


နေမာဟာ ဘာစီလိုနာအသင်းမှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ မက်ဆီနဲ့အတူ တွဲကစားခဲ့တာဖြစ်ပြီး သူတို့နှစ် ယောက်ဟာ ဆွာရက်ဇ်နဲ့အတူ တွဲပြီး ခြေစွမ်းပြခဲ့တာကြောင့် MSN တိုက်စစ်ဆိုပြီး နာမည်ကျော်ခဲ့ကြသူတွေလည်း ဖြစ် ပါတယ်။ နေမာနဲ့ မက်ဆီတို့ရဲ့ MSN တိုက်စစ်ဟာ ကြောက်စရာကောင်းတဲ့တိုက်စစ်အဖြစ် အသိအမှတ်ပြုခံရပြီး ၄ နှစ် တာအတွင်းမှာ လာလီဂါချန်ပီယံ နှစ်ကြိမ်၊ ချန်ပီယံလိဂ်တစ်ကြိမ်နဲ့ စပိန်ဘုရင့်ဖလား သုံးကြိမ်အထိ ရရှိခဲ့ပါတယ်။


ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက မက်ဆီအနေနဲ့ ဘာစီလိုနာကနေ ထွက်ဖို့ တောင်းဆိုခဲ့ပြီး သူကိုခေါ်ယူဖို့ အတွက် မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့က စိတ်ဝင်စားခဲ့တာပဲဖြစ်ပါတယ်။ မန်စီးတီးအသင်းက မက်ဆီရဲ့ စာချုပ်ပါလျော်ကြေးကိုပေးပြီး ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းတာဝန်ရှိသူတွေက ထွက်ခွာခွင့်မပေးခဲ့တာကြောင့် အသင်းမှာ စာချုပ် သက်တမ်းကုန်မယ့် ဒီရာသီကုန်ချိန်ထိ ဆက်ရှိနေတာပဲ ဖြစ်ပါတယ်။ နေမာရဲ့ ပြောစကားကြောင့် မက်ဆီအနေနဲ့ ပီအက်စ် ဂျီကို ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version

လာမယ့္ရာသီမွာ မက္ဆီနဲ႔ အတူတူ တြဲၿပီး ျပန္ကစားခ်င္ပါတယ္လို႔ ေျပာခဲ့တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မွဴး ေနမာ
ဘာစီလိုနာကေန ကမ႓ာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕သြားခဲ့တဲ့ တိုက္စစ္မွဴးေနမာက လာမယ့္ရာသီမွာ အသင္းေဖာ္ေဟာင္းျဖစ္တဲ့ မက္ဆီနဲ႔အတူ ျပန္တြဲၿပီး ကစားခ်င္ေၾကာင္းေျပာခဲ့ပါတယ္။ ဘာစီလိုနာ အသင္းတာဝန္ရွိသူေတြက ေနမာကို ျပန္လည္ေခၚယူဖို႔ အခက္အခဲရွိေၾကာင္း ေျပာဆိုထားသလို မက္ဆီကလည္း ဘာစီ လိုနာကေန ထြက္ဖို႔ သတင္းေတြထြက္ေနတာေၾကာင့္ ပီအက္စ္ဂ်ီအသင္းကို မက္ဆီေျပာင္းေရႊ႕မလားဆိုတဲ့ သတင္းေတြ လည္း ထြက္ေပၚလာခဲ့တာပဲ ျဖစ္ပါတယ္။
ေနမာဟာ ဘာစီလိုနာအသင္းမွာ ၂၀၁၃ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ မက္ဆီနဲ႔အတူ တြဲကစားခဲ့တာျဖစ္ၿပီး သူတို႔ႏွစ္ ေယာက္ဟာ ဆြာရက္ဇ္နဲ႔အတူ တြဲၿပီး ေျခစြမ္းျပခဲ့တာေၾကာင့္ MSN တိုက္စစ္ဆိုၿပီး နာမည္ေက်ာ္ခဲ့ၾကသူေတြလည္း ျဖစ္ ပါတယ္။ ေနမာနဲ႔ မက္ဆီတို႔ရဲ႕ MSN တိုက္စစ္ဟာ ေၾကာက္စရာေကာင္းတဲ့တိုက္စစ္အျဖစ္ အသိအမွတ္ျပဳခံရၿပီး ၄ ႏွစ္ တာအတြင္းမွာ လာလီဂါခ်န္ပီယံ ႏွစ္ႀကိမ္၊ ခ်န္ပီယံလိဂ္တစ္ႀကိမ္နဲ႔ စပိန္ဘုရင့္ဖလား သံုးႀကိမ္အထိ ရရွိခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက မက္ဆီအေနနဲ႔ ဘာစီလိုနာကေန ထြက္ဖို႔ ေတာင္းဆိုခဲ့ၿပီး သူကိုေခၚယူဖို႔ အတြက္ မန္စီးတီးနဲ႔ ပီအက္စ္ဂ်ီတို႔က စိတ္ဝင္စားခဲ့တာပဲျဖစ္ပါတယ္။ မန္စီးတီးအသင္းက မက္ဆီရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကးကိုေပးၿပီး ေခၚယူဖို႔ လုပ္ေဆာင္ခဲ့ေပမယ့္ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြက ထြက္ခြာခြင့္မေပးခဲ့တာေၾကာင့္ အသင္းမွာ စာခ်ဳပ္ သက္တမ္းကုန္မယ့္ ဒီရာသီကုန္ခ်ိန္ထိ ဆက္ရွိေနတာပဲ ျဖစ္ပါတယ္။ ေနမာရဲ႕ ေျပာစကားေၾကာင့္ မက္ဆီအေနနဲ႔ ပီအက္စ္ ဂ်ီကို ေျပာင္းေရႊ႕ႏိုင္တယ္ဆိုတဲ့သတင္းေတြလည္း ထြက္ေပၚေနခဲ့တယ္လို႔လည္း သိရပါတယ္။