အဖေကို ဂုဏ်ပြုတဲ့အနေနဲ့ ဘာစီလိုနာနဲ့ အာဂျင်တီးနားမှာ ကျောနံပါတ် ၁၀ ဂျာစီကို အနားပေးနိုင်မလားဆိုပြီး မက်ဆီကို မေးခွန်းထုတ်လိုက်တဲ့ မာရာဒိုနာရဲ့သား


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘောလုံးလောကမှာထင်ရှားသူတစ်ဦးဖြစ်တဲ့ မာရာဒိုနာဟာ အသက် ၆၀ အရွယ်မှာပဲ နှလုံးရောဂါ ကြောင့်ကွယ်လွန်သွားခဲ့ပါတယ်။ မာရာဒိုနာလို ဂန္တဝင်ကစားသမားတစ်ယောက် သေဆုံးသွားတာကြောင့် ဘောလုံးအား ကစားကို အားပေးတဲ့သူတိုင်း ဝမ်နည်းခဲ့ကြသလို မာရာဒိုနာနဲ့ သက်ဆိုင်တဲ့ နိုင်ငံနဲ့ ကလပ်တွေမှာလည်း အမှတ်တရ ဂုဏ် ပြုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။


နောက်ဆုံးသိရတဲ့သတင်းတွေအရတော့ မာရာဒိုနာရဲ့ သားဖြစ်သူက လက်ရှိအာဂျင်တီးနားနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မက်ဆီကို သူရဲ့အဖေကို ဂုဏ်ပြုတဲ့အနေနဲ့ အာဂျင်တီးနားနဲ့ ဘာစီလိုနာအသင်းတွေမှာ ကျောနံပါတ် ၁၀ ဂျာစီကို မဝတ်ဘဲ အနားပေးနိုင်မလားဆိုပြီး မေးခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။ အာဂျင်တီးနားသား မာရာဒိုနာဟာ ဘိုကာဂျူနီယာအသင်းနဲ့ အတူ ကစားသမားဘဝစတင်ခဲ့ပြီးနောက် ဘာစီလိုနာ၊ နာပိုလီ၊ ဆီဗီလာနဲ့ နယူးဝဲလ်အိုးဘွိုင်းလ် အသင်းတွေမှာ ကစားခဲ့သူလည်း ဖြစ်ပါတယ်။


ဂျူနီယာမာရာဒိုနာက “ ကျွန်တော်ရဲ့ အဖေဖြစ်တဲ့ မာရာဒိုနာဟာ ဒီအသင်းတွေမှာကစားခဲ့ပြီး ဂန္တဝင်ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ မက်ဆီ (လီယို)က ကစားသမားကောင်းတစ်ယောက်ပါ၊ သူအနေနဲ့ ကျွန်တော် တောင်းဆိုတာကို လက်ခံပြီး လိုက်လျောပေးမယ်ဆို ရင် မျက်ရည်ကျလောက်အောင် ဝမ်းသာမိမှာပါ” လို့ ပြောခဲ့ တယ်ဆိုပြီး စပိန်နိုင်ငံရဲ့ နာမည်ကြီးသတင်းစာတစ်စောင်ဖြစ်တဲ့ မာကာက ဖော်ပြခဲ့ပါတယ်။

 

zawgyi version

အေဖကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဘာစီလိုနာနဲ႔ အာဂ်င္တီးနားမွာ ေက်ာနံပါတ္ ၁၀ ဂ်ာစီကို အနားေပးႏိုင္မလားဆိုၿပီး မက္ဆီကို ေမးခြန္းထုတ္လိုက္တဲ့ မာရာဒိုနာရဲ႕သား
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ေဘာလံုးေလာကမွာထင္ရွားသူတစ္ဦးျဖစ္တဲ့ မာရာဒိုနာဟာ အသက္ ၆၀ အရြယ္မွာပဲ ႏွလံုးေရာဂါ ေၾကာင့္ကြယ္လြန္သြားခဲ့ပါတယ္။ မာရာဒိုနာလို ဂႏၲဝင္ကစားသမားတစ္ေယာက္ ေသဆံုးသြားတာေၾကာင့္ ေဘာလံုးအား ကစားကို အားေပးတဲ့သူတိုင္း ဝမ္နည္းခဲ့ၾကသလို မာရာဒိုနာနဲ႔ သက္ဆိုင္တဲ့ ႏိုင္ငံနဲ႔ ကလပ္ေတြမွာလည္း အမွတ္တရ ဂုဏ္ ျပဳမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
ေနာက္ဆံုးသိရတဲ့သတင္းေတြအရေတာ့ မာရာဒိုနာရဲ႕ သားျဖစ္သူက လက္ရွိအာဂ်င္တီးနားနဲ႔ ဘာစီလိုနာအသင္းတို႔ရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ မက္ဆီကို သူရဲ႕အေဖကို ဂုဏ္ျပဳတဲ့အေနနဲ႔ အာဂ်င္တီးနားနဲ႔ ဘာစီလိုနာအသင္းေတြမွာ ေက်ာနံပါတ္ ၁၀ ဂ်ာစီကို မ၀တ္ဘဲ အနားေပးႏိုင္မလားဆိုၿပီး ေမးခြန္းထုတ္ခဲ့တယ္လို႔ သိရပါတယ္။ အာဂ်င္တီးနားသား မာရာဒိုနာဟာ ဘိုကာဂ်ဴနီယာအသင္းနဲ႔ အတူ ကစားသမားဘဝစတင္ခဲ့ၿပီးေနာက္ ဘာစီလိုနာ၊ နာပိုလီ၊ ဆီဗီလာနဲ႔ နယူးဝဲလ္အိုးဘြိဳင္းလ္ အသင္းေတြမွာ ကစားခဲ့သူလည္း ျဖစ္ပါတယ္။
ဂ်ဴနီယာမာရာဒိုနာက “ ကြ်န္ေတာ္ရဲ႕ အေဖျဖစ္တဲ့ မာရာဒိုနာဟာ ဒီအသင္းေတြမွာကစားခဲ့ၿပီး ဂႏၲဝင္ကစားသမား တစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။ မက္ဆီ (လီယို)က ကစားသမားေကာင္းတစ္ေယာက္ပါ၊ သူအေနနဲ႔ ကြ်န္ေတာ္ ေတာင္းဆိုတာကို လက္ခံၿပီး လိုက္ေလ်ာေပးမယ္ဆို ရင္ မ်က္ရည္က်ေလာက္ေအာင္ ဝမ္းသာမိမွာပါ” လို႔ ေျပာခဲ့ တယ္ဆိုၿပီး စပိန္ႏိုင္ငံရဲ႕ နာမည္ႀကီးသတင္းစာတစ္ေစာင္ျဖစ္တဲ့ မာကာက ေဖာ္ျပခဲ့ပါတယ္။