ရှက်တာဒိုးနက်အသင်းကို ရှုံးခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းပြဖို့ ခက်ခဲတယ်လို့ ဆိုလိုက်တဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ်က ချန်ပီယံလိဂ်မှာ ရှက်တာဒိုးနက်အသင်းကို ရှုံးခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းပြဖို့ ခက်ခဲတယ်လို့ ပြောသွားခဲ့ပါတယ်။ (၂-ဝ) နဲ့ရှုံးခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ရှုံးထွက် (၁၆) သင်းအဆင့်ကို ရောက်ရှိရန်အတွက် မိုချန်ဂလာဘတ်အသငိးကို နောက်တစ်ပတ်မှာ အနိုင်ရဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

မိုဒရစ်က “ ဒါက ရှင်းပြဖို့ ခက်ခဲပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ပထမပိုင်းစွမ်းဆောင်ရည်ပေါ့၊ ကျွန်တော်တို့ဟာ အကောင်းဆုံးကစားခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးခဲ့ပါတယ်။ ဒါပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါက အရမ်းကို ခက်ခဲတဲ့အခြေအနေပါ။ ကစားဖို့ တစ်ပွဲတော့ကျန်သေးပြီး ကျွန်တော်တို့ အနိုင်ရဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကလည်း နောက်ဆုံး (၁၆) သင်းအဆင့်ကို တက်လှမ်းနိုင်ရန်အတွက် မိုချန်ဂလာဘတ်ကို နိုင်ရင် ရပြီလို့ ပြောခဲ့ပါတယ်။ “ အခြေအနေတွေကတော့ ခက်ခဲနေပေမယ့် ကျွန်တော်တို့လုပ်နိုင်ပါတယ်။ ဒီနေ့ ရလဒ်က ရှက်စရာပါ၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အရှုံးနဲ့ မထိုက်တန်ပါဘူး။ ကျွန်တော်တို့ နောက်ပွဲကို နိုင်မှ ရမှာပါ။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ ဇီဒန်းက ပြောခဲ့တာ ဖြစ်ပါတယ်။

ရွက္တာဒိုးနက္အသင္းကို ရႈံးခဲ့တာနဲ႔ ပတ္သက္ၿပီး ရွင္းျပဖို႔ ခက္ခဲတယ္လို႔ ဆိုလိုက္တဲ့ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ မိုဒရစ္

ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ မိုဒရစ္က ခ်န္ပီယံလိဂ္မွာ ရွက္တာဒိုးနက္အသင္းကို ရႈံးခဲ့တာနဲ႔ ပတ္သက္ၿပီး ရွင္းျပဖို႔ ခက္ခဲတယ္လို႔ ေျပာသြားခဲ့ပါတယ္။ (၂-၀) နဲ႔ရႈံးခဲ့တာေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းဟာ ရံႈးထြက္ (၁၆) သင္းအဆင့္ကို ေရာက္ရွိရန္အတြက္ မိုခ်န္ဂလာဘတ္အသငိးကို ေနာက္တစ္ပတ္မွာ အႏိုင္ရဖို႔ လိုအပ္ေနၿပီျဖစ္ပါတယ္။

မိုဒရစ္က “ ဒါက ရွင္းျပဖို႔ ခက္ခဲပါတယ္။ အထူးသျဖင့္ ကၽြန္ေတာ္တို႔ရဲ႕ ပထမပိုင္းစြမ္းေဆာင္ရည္ေပါ့၊ ကၽြန္ေတာ္တို႔ဟာ အေကာင္းဆံုးကစားခဲ့ၿပီး အခြင့္အေရးေတြလည္း ဖန္တီးခဲ့ပါတယ္။ ဒါေပမယ့္ ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။ ဒါက အရမး္ကို ခက္ခဲတဲ့အေျခအေနပါ။ ကစားဖို႔ တစ္ပြဲေတာ့က်န္ေသးၿပီး ကၽြန္ေတာ္တို႔ အႏိုင္ရဖို႔ အေကာင္းဆံုး ႀကိဳးစားသြားမွာပါ”  လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းကလည္း ေနာက္ဆံုး (၁၆) သင္းအဆင့္ကို တက္လွမ္းႏိုင္ရန္အတြက္ မိုခ်န္ဂလာဘတ္ကို ႏိုင္ရင္ ရၿပီလို႔ ေျပာခဲ့ပါတယ္။ “ အေျခအေနေတြကေတာ့ ခက္ခဲေနေပမယ့္ ကၽြန္ေတာ္တို႔လုပ္ႏိုင္ပါတယ္။ ဒီေန႔ ရလဒ္က ရွက္စရာပါ၊ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔ အရႈံးနဲ႔ မထိုက္တန္ပါဘူး။ ကၽြန္ေတာ္တို႔ ေနာက္ပြဲကို ႏိုင္မွ ရမွာပါ။ ဒါနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ ယံုၾကည္ပါတယ္” လို႔ ဇီဒန္းက ေျပာခဲ့တာ ျဖစ္ပါတယ္။