ရှက်တာဒိုးနက်ကို ရှုံးခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်နည်းပြရာထူးကနေ ထွက်ခွာသွားမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်တဲ့ ဇီဒန်း

အင်္ဂါနေ့ညက ချန်ပီယံလိဂ်မှာ ရှက်တာဒိုးနက်ကို (၂-ဝ) နဲ့ ရှုံးခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက နည်းပြရာထူးကနေ နှုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဖလား (၃) နှစ်ဆက်တိုက်ရရှိအောင် စွမ်းဆောင်ပေးထားတဲ့ နည်းပြကြီးဟာ ယခုအခါ ချန်ပီယံလိဂ် အုပ်စုအဆင့်ကို မတက်လှမ်းနိုင်တဲ့ ပထမဆုံးသော နည်းပြဖြစ်လာဖွယ်ရှိနေပါတယ်။

ဇီဒန်းက “ ကျွန်တော် အရာအားလုံးကို အဆင်ပြေအောင် လုပ်နိုင်တယ်လို့ ခံစားနေရပါတယ်။ ကျွန်တော်ရာထူးက နှုတ်ထွက်သွားမှာ မဟုတ်ပါဘူး။ ဒီအချိန်က ခက်ခဲတဲ့အချိန်ဖြစ်ပေမယ့် ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာ နဲ့ စရိုက်လက္ခဏာကို ပြသရမှာပါ” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

အုပ်စုအတွင်း နောက်တစ်ပွဲဖြစ်တဲ့ အင်တာမီလန် နဲ့ မိုချန်ဂလာဘတ် တို့ပွဲမှာ အင်တာမီလန်အသင်းက အနိုင်ရခဲ့တာ ဖြစ်လို့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ နောက်တစ်ဆင့်တက်ရောက်ရေး မျှော်လင့်ချက် ကျန်ရှိနေပါသေးတယ်။နောက်တစ်ပတ်မှာ ကစားမယ့် ဂျာမန်ကလပ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက အနိုင်ရပါက အုပ်စုထိပ်ဆုံးမှာ (၁) မှတ်အသာ နဲ့ ရပ်တည်ခွင့်ရပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ရွက္တာဒိုးနက္ကို ရႈံးခဲ့ေသာ္လည္း ရီးရဲလ္မက္ဒရစ္နည္းျပရာထူးကေန ထြက္ခြာသြားမွာ မဟုတ္ဘူးလို႔ ေျပာၾကားလိုက္တဲ့ ဇီဒန္း

အဂၤါေန႔ညက ခ်န္ပီယံလိဂ္မွာ ရွက္တာဒိုးနက္ကို (၂-၀) နဲ႔ ရႈံးခဲ့ေသာ္လည္း ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းက နည္းျပရာထူးကေန ႏႈတ္ထြက္သြားမွာ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းကို ခ်န္ပီယံလိဂ္ဖလား (၃) ႏွစ္ဆက္တိုက္ရရွိေအာင္ စြမ္းေဆာင္ေပးထားတဲ့ နည္းျပႀကီးဟာ ယခုအခါ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ကို မတက္လွမ္းႏိုင္တဲ့ ပထမဆံုးေသာ နည္းျပျဖစ္လာဖြယ္ရွိေနပါတယ္။

ဇီဒန္းက “ ကၽြန္ေတာ္ အရာအားလံုးကို အဆင္ေျပေအာင္ လုပ္ႏိုင္တယ္လို႔ ခံစားေနရပါတယ္။ ကၽြန္ေတာ္ရာထူးက ႏႈတ္ထြက္သြားမွာ မဟုတ္ပါဘူး။ ဒီအခ်ိန္က ခက္ခဲတဲ့အခ်ိန္ျဖစ္ေပမယ့္ ကၽြန္ေတာ္တို႔ရဲ႕ ဂုဏ္သိကၡာ နဲ႔ စ႐ိုက္လကၡဏာကို ျပသရမွာပါ” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

အုပ္စုအတြင္း ေနာက္တစ္ပြဲျဖစ္တဲ့ အင္တာမီလန္ နဲ႔ မိုခ်န္ဂလာဘတ္ တို႔ပြဲမွာ အင္တာမီလန္အသင္းက အႏိုင္ရခဲ့တာ ျဖစ္လို႔ ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ေနာက္တစ္ဆင့္တက္ေရာက္ေရး ေမွ်ာ္လင့္ခ်က္ က်န္ရွိေနပါေသးတယ္။ေနာက္တစ္ပတ္မွာ ကစားမယ့္ ဂ်ာမန္ကလပ္အသင္းနဲ႔ အိမ္ကြင္းပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္အသင္းက အႏိုင္ရပါက အုပ္စုထိပ္ဆံုးမွာ (၁) မွတ္အသာ နဲ႔ ရပ္တည္ခြင့္ရၿပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္မွာ ျဖစ္ပါတယ္။