အသင်းမှာ ကစားသမားဘဝကုန်ဆုံးရန် ရည်ရွယ်ထားပေမယ့် စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲကို ရောက်နေပြီဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ်ဟာ ကစားသမားဘဝကို ရီးရဲလ်မက်ဒရစ်အသင်းမှာ အဆုံးသတ်ရန် ရည်ရွယ်ထားပေမယ့် သူ့ဆန္ဒ အမှန်ဖြစ်လာမလားဆိုတာ မသေချာသေးဘူးဖြစ်နေပါတယ်။ အသက် ၃၅ နှစ်အရွယ်ကစားသမားရဲ့ စာချုပ်သက်တမ်းက လက်ရှိ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နောက်ဆုံးနှစ်ထဲကို ရောက်နေပြီး ဇန်နဝါရီမှာ ဘာနေဗျူးက ထွက်ခွာရန် ဆွေးနွေးနိုင်ပြီလို့ သိရပါတယ်။ ဘောလွန်းဒီအောဆု ရရှိဖူးတဲ့ ကစားသမားဟာ နည်းပြဇီဒန်းရဲ့ အသင်းမှာ ပြီးခဲ့တဲ့လတွေတုန်းက လူငယ်ကစားသမား ဗယ်ဗာဒီရဲ့ နောက်မှသာ ပွဲကစားခွင့်ရနေတာ ဖြစ်ပါတယ်။

အသင်းမှာ အဓိက ကစားသမားအဖြစ် ကျန်ရှိနေသေးသော်လည်း မိုဒရစ်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် (၂၂) ပွဲပဲ ပွဲထွက်ကစားခွင့်ရထားပြီး ဒီရာသီမှာလည်း ချန်ပီယံလိဂ် (၃) ပွဲမှာသာ ပွဲထွက် (၁၁) ယောက်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ သူ့အနာဂတ်ဟာ မသေချာသေးဘူးဖြစ်နေသော်လည်း အသင်းကနေ ထွက်ခွာဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။

ပွဲထွက်ကစားခွင့်တွေ မရခဲ့တာနဲ့ ပတ်သက်ပြီး သတင်းထောက်များက မိုဒရစ်ကို မေးမြန်းခဲ့ရာ “ ကျွန်တော်ကတော့ အေးဆေးပါပဲ။ ကျွန်တော်မကစားခဲ့ရတဲ့ ပွဲတွေက နည်းပြရဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော်ကစားခွင့်ရတဲ့အချိန်မှာ ကျွန်တော်က အသင်းကို ကူညီပြီး အကောင်းဆုံးလုပ်ဖို့ ပဲ မျှော်လင့်ထားပါတယ်” လို့ ဖြေသွားခဲ့ပါတယ်။

အနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း “ ကျွန်တော်သန်မာနေသေးတယ်လို့ ခံစားရပါတယ်။ ကျွန်တော့်ခြေထောက်ထဲမှာ ဘောလုံးကို ကိုင်ကစားနိုင်ဆဲဖြစ်ပေမယ့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ အနာဂတ်မှာပဲ စောင့်ကြည့်ရမှာပါ။ လူတွေကတော့ ကျွန်တော့်အနေအထားကို မေးခွန်းထုတ်ကြပေမယ့် ကျွန်တော်ကတော့ အေးဆေးပါ။ ကျွန်တော်ကတော့ အသင်းကို အမြဲတမ်းကူညီချင်နေတာပါပဲ။ ရီးရဲလ်မက်ဒရစ်အသင်းမှာကျွန်တော်ပျော်နေပါတယ်။ ဒီမှာပဲ ကစားသမားဘဝကို အဆုံးသတ်ချင်ပါတယ်။ ဘယ်သူကလည်း ဒီမှာ ကစားသမားဘ၀ အဆုံးမသတ်ချင်သူရှိလို့လဲ? အခြေအနေတွေပေါ်ကို မူတည်သေးတာပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီမှာ ရှိနေတာကို ပျော်နေပါတယ်” လို့ မိုဒရစ်က ထပ်ပြီးပြောခဲ့တာဖြစ်ပါတယ်။

အသင္းမွာ ကစားသမားဘ၀ကုန္ဆံုးရန္ ရည္ရြယ္ထားေပမယ့္ စာခ်ဳပ္သက္တမ္းေနာက္ဆံုးႏွစ္ထဲကို ေရာက္ေနၿပီျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ မိုဒရစ္

ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ မိုဒရစ္ဟာ ကစားသမားဘ၀ကို ရီးရဲလ္မက္ဒရစ္အသင္းမွာ အဆံုးသတ္ရန္ ရည္ရြယ္ထားေပမယ့္ သူ႔ဆႏၵ အမွန္ျဖစ္လာမလားဆိုတာ မေသခ်ာေသးဘူးျဖစ္ေနပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ကစားသမားရဲ႕ စာခ်ဳပ္သက္တမ္းက လက္ရွိ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ေနာက္ဆံုးႏွစ္ထဲကို ေရာက္ေနၿပီး ဇန္နဝါရီမွာ ဘာေနဗ်ဴးက ထြက္ခြာရန္ ေဆြးေႏြးႏိုင္ၿပီလို႔ သိရပါတယ္။ ေဘာလြန္းဒီေအာဆု ရရွိဖူးတဲ့ ကစားသမားဟာ နည္းျပဇီဒန္းရဲ႕ အသင္းမွာ ၿပီးခဲ့တဲ့လေတြတုန္းက လူငယ္ကစားသမား ဗယ္ဗာဒီရဲ႕ ေနာက္မွသာ ပြဲကစားခြင့္ရေနတာ ျဖစ္ပါတယ္။

အသင္းမွာ အဓိက ကစားသမားအျဖစ္ က်န္ရွိေနေသးေသာ္လည္း မိုဒရစ္ဟာ ၿပီးခဲ့တဲ့ရာသီက အသင္းအတြက္ (၂၂) ပြဲပဲ ပြဲထြက္ကစားခြင့္ရထားၿပီး ဒီရာသီမွာလည္း ခ်န္ပီယံလိဂ္ (၃) ပြဲမွာသာ ပြဲထြက္ (၁၁) ေယာက္စာရင္းမွာ ပါ၀င္ခဲ့ပါတယ္။ သူ႔အနာဂတ္ဟာ မေသခ်ာေသးဘူးျဖစ္ေနေသာ္လည္း အသင္းကေန ထြက္ခြာဖို႔ စဥ္းစားမွာ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။

ပြဲထြက္ကစားခြင့္ေတြ မရခဲ့တာနဲ႔ ပတ္သက္ၿပီး သတင္းေထာက္မ်ားက မိုဒရစ္ကို ေမးျမန္းခဲ့ရာ “ ကၽြန္ေတာ္ကေတာ့ ေအးေဆးပါပဲ။ ကၽြန္ေတာ္မကစားခဲ့ရတဲ့ ပြဲေတြက နည္းျပရဲ႕ ဆံုးျဖတ္ခ်က္ပါ။ ကၽြန္ေတာ္ကစားခြင့္ရတဲ့အခ်ိန္မွာ ကၽြန္ေတာ္က အသင္းကို ကူညီၿပီး အေကာင္းဆံုးလုပ္ဖို႔ ပဲ ေမွ်ာ္လင့္ထားပါတယ္” လို႔ ေျဖသြားခဲ့ပါတယ္။

အနာဂတ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း “  ကၽြန္ေတာ္သန္မာေနေသးတယ္လို႔ ခံစားရပါတယ္။ ကၽြန္ေတာ့္ေျခေထာက္ထဲမွာ ေဘာလံုးကို ကိုင္ကစားႏိုင္ဆဲျဖစ္ေပမယ့္ ဘာေတြဆက္ျဖစ္လာမလဲဆိုတာကေတာ့ အနာဂတ္မွာပဲ ေစာင့္ၾကည့္ရမွာပါ။ လူေတြကေတာ့ ကၽြန္ေတာ့္အေနအထားကို ေမးခြန္းထုတ္ၾကေပမယ့္ ကၽြန္ေတာ္ကေတာ့ ေအးေဆးပါ။ ကၽြန္ေတာ္ကေတာ့ အသင္းကို အၿမဲတမ္းကူညီခ်င္ေနတာပါပဲ။ ရီးရဲလ္မက္ဒရစ္အသင္းမွာကၽြန္ေတာ္ေပ်ာ္ေနပါတယ္။ ဒီမွာပဲ ကစားသမားဘ၀ကို အဆံုးသတ္ခ်င္ပါတယ္။ ဘယ္သူကလည္း ဒီမွာ ကစားသမားဘ၀ အဆံုးမသတ္ခ်င္သူရွိလို႔လဲ? အေျခအေနေတြေပၚကို မူတည္ေသးတာေပါ့။ ဒါေပမယ့္ ကၽြန္ေတာ္ကေတာ့ ဒီမွာ ရွိေနတာကို ေပ်ာ္ေနပါတယ္” လို႔ မိုဒရစ္က ထပ္ၿပီးေျပာခဲ့တာျဖစ္ပါတယ္။