လူငယ်ကစားသမားတွေနဲ့ ဒိုင်နမိုကိဗ်ကို အနိုင်ရခဲ့လို့ ဝမ်းသာနေတဲ့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်း

ဘာစီလိုနာ နည်းပြ ရော်နယ်ကိုးမန်းဟာ မနေ့ညက ကစားခဲ့တဲ့ ဒိုင်နမိုကိဗ် နဲ့ ချန်ပီယံလိဂ်ပွဲမှာ လူငယ်ကစားသမားတွေနဲ့ အနိုင်ရခဲ့တဲ့ အပေါ်ဝမ်းသာနေပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီရာသီအကောင်းဆုံးနိုင်ပွဲအဖြစ် (၄-ဝ) နဲ့ ဂိုးပြတ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အသင်းအတွက် အနိုင်ဂိုးတွေကို ဘရိတ်ဝိတ် က (၂) ဂိုး၊ ဆာဂျီယိုဒက် က (၁) ဂိုး နဲ့ လူစားဝင်လာတဲ့ ဂရစ်ဇ်မန်းက (၁) ဂိုးသွင်းယူပေးခဲ့ပါတယ်။

ပွဲအပြီးမှာ နည်းပြ ကိုးမန်းက “ အသင်းလိုက် စုစည်းမှု အရမ်းကောင်းခဲ့ပါတယ်။ ပထမပိုင်းမှာ ထိရောက်မှု နည်းနည်းလေး အားနည်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အချိတ်အဆက်မိမိ နဲ့ ဂုဏ်ယူစရာ နိုင်ပွဲဖြစ်ခဲ့ပါတယ်။ အသင်းမှာ နေ့တိုင်းကစားပေးနေတဲ့ ကစားသမားတွေကိုတော့ အနားပေးဖို့လိုပါတယ်။

ဒါကြောင့် လူငယ်တွေကို ပွဲထွက်စေခဲ့ပြီး သူတို့လည်း လုပ်ပြနိုင်ခဲ့ပါတယ်။ ဂရစ်ဇ်မန်း လူစားဝင်ကစားတာက ကြံ့ခိုင်မှုပိုင်းဆိုင်ရာကြောင့်ပါ။ မင်ဂွီဇာက အကောင်းဆုံးလုပ်ပြနိုင်ခဲ့လို့ သူ့ကိုလည်း ထည့်တွက်ရပါမယ်။ ဒီနေ့ အသင်းကစားခဲ့တာကို ကျွန်တော်ကြိုက်ပါတယ်။ ဒီနေ့ နိုင်ပွဲက ကျွန်တော်တို့ မြင်ချင်တဲ့ ပုံစံပါပဲ” လို့ ပွဲအပြီးမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

လူငယ္ကစားသမားေတြနဲ႔ ဒိုင္နမိုကိဗ္ကို အႏိုင္ရခဲ့လို႔ ၀မ္းသာေနတဲ့ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္း

ဘာစီလိုနာ နည္းျပ ေရာ္နယ္ကိုးမန္းဟာ မေန႔ညက ကစားခဲ့တဲ့ ဒိုင္နမိုကိဗ္ နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ လူငယ္ကစားသမားေတြနဲ႔ အႏိုင္ရခဲ့တဲ့ အေပၚ၀မ္းသာေနပါတယ္။ ဘာစီလိုနာအသင္းဟာ ဒီရာသီအေကာင္းဆံုးႏိုင္ပြဲအျဖစ္ (၄-၀) နဲ႔ ဂိုးျပတ္အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။ အသင္းအတြက္ အႏိုင္ဂိုးေတြကို ဘရိတ္ဝိတ္ က (၂) ဂိုး၊ ဆာဂ်ီယိုဒက္ က (၁) ဂိုး နဲ႔ လူစား၀င္လာတဲ့ ဂရစ္ဇ္မန္းက (၁) ဂိုးသြင္းယူေပးခဲ့ပါတယ္။

ပြဲအၿပီးမွာ နည္းျပ ကိုးမန္းက “ အသင္းလိုက္ စုစည္းမႈ အရမ္းေကာင္းခဲ့ပါတယ္။ ပထမပိုင္းမွာ ထိေရာက္မႈ နည္းနည္းေလး အားနည္းခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အခ်ိတ္အဆက္မိမိ နဲ႔ ဂုဏ္ယူစရာ ႏိုင္ပြဲျဖစ္ခဲ့ပါတယ္။  အသင္းမွာ ေန႔တိုင္းကစားေပးေနတဲ့ ကစားသမားေတြကိုေတာ့ အနားေပးဖို႔လိုပါတယ္။

ဒါေၾကာင့္ လူငယ္ေတြကို ပြဲထြက္ေစခဲ့ၿပီး သူတို႔လည္း လုပ္ျပႏိုင္ခဲ့ပါတယ္။ ဂရစ္ဇ္မန္း လူစား၀င္ကစားတာက ၾကံ့ခိုင္မႈပိုင္းဆိုင္ရာေၾကာင့္ပါ။ မင္ဂြီဇာက အေကာင္းဆံုးလုပ္ျပႏိုင္ခဲ့လို႔ သူ႔ကိုလည္း ထည့္တြက္ရပါမယ္။ ဒီေန႔ အသင္းကစားခဲ့တာကို ကၽြန္ေတာ္ႀကိဳက္ပါတယ္။ ဒီေန႔ ႏိုင္ပြဲက ကၽြန္ေတာ္တို႔ ျမင္ခ်င္တဲ့ ပံုစံပါပဲ”  လို႔ ပြဲအၿပီးမွာ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။