အင်တာမီလန်အသင်းနဲ့ ကစားမယ့် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ချန်ပီယံလိဂ် လူစာရင်းမှာ ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သွားတဲ့ ကက်စမဲရိုး ပါဝင်လာ

ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သွားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ ကက်စမဲရိုးဟာ အင်တာမီလန်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် အဝေးကွင်းပွဲ လူစာရင်းမှာ ပါဝင်တယ်လို့ သိရပါတယ်။ ဘရာဇီး လက်ရွေးစင်ကစားသမားဟာ စနေနေ့က ဗီလာရီးရဲလ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ် (၁-၁) သရေကျခဲ့တဲ့ပွဲကို မီလီတာအို နဲ့ ဘင်ဇီမာ တို့နဲ့အတူ လွဲချော်ခဲ့တာဖြစ်ပါတယ်။

နည်းပြဇီဒန်းဟာ အုပ်စု (ခ) အတွက် အရေးပါတဲ့ပွဲအတွက် ယခုအခါ ကက်စမဲရိုးကို ခေါ်ယူသွားတယ်လို့ သိရပါတယ်။ ဘင်ဇီမာ ဟာ ကြွက်သားဒဏ်ရာ မသက်သာသေးလို့ တနလာၤနေ့က တစ်ယောက်တည်း လေ့ကျင့်ရေးဆင်းခဲ့သူ ဖြစ်ပြီး မီလီတာအိုကတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် မကစားနိုင်သေးဘူး ဖြစ်ပါတယ်။

ဒါ့ကြောင့် ဇီဒန်းရဲ့ အသင်းမှာ ဘင်ဇီမာ၊ မီလီတာအို၊ ရာမိုစ့်၊ ဗယ်ဗာဒီ၊ အိုဒရီဇိုလာ နဲ့ လူကာဂျိုဗစ်တို့ ပါဝင်လာမှာ မဟုတ်သေးပါဘူး။ နည်းပြကြီးကတော့ ဗစ်တာချပ်စ် နဲ့ ဟူဂိုဒူရို တို့ကို လူစာရင်းမှာ ထည့်သွင်းခေါ်ယူသွားတယ်လို့ သိရပါတယ်။

အင္တာမီလန္အသင္းနဲ႔ ကစားမယ့္ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ခ်န္ပီယံလိဂ္ လူစာရင္းမွာ ကိုဗစ္-၁၉ ေရာဂါပိုး ကင္းစင္သြားတဲ့ ကက္စမဲ႐ိုး ပါ၀င္လာ

ကိုဗစ္-၁၉ ေရာဂါပိုး ကင္းစင္သြားတဲ့ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ကြင္းလယ္လူ ကက္စမဲ႐ိုးဟာ အင္တာမီလန္အသင္းနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ အေ၀းကြင္းပြဲ လူစာရင္းမွာ ပါ၀င္တယ္လို႔ သိရပါတယ္။ ဘရာဇီး လက္ေရြးစင္ကစားသမားဟာ စေနေန႔က ဗီလာရီးရဲလ္အသင္းနဲ႔ ရီးရဲလ္မက္ဒရစ္ (၁-၁) သေရက်ခဲ့တဲ့ပြဲကို မီလီတာအို နဲ႔ ဘင္ဇီမာ တို႔နဲ႔အတူ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

နည္းျပဇီဒန္းဟာ အုပ္စု (ခ) အတြက္ အေရးပါတဲ့ပြဲအတြက္ ယခုအခါ ကက္စမဲ႐ိုးကို ေခၚယူသြားတယ္လို႔ သိရပါတယ္။ ဘင္ဇီမာ ဟာ ႂကြက္သားဒဏ္ရာ မသက္သာေသးလို႔ တနလာၤေန႔က တစ္ေယာက္တည္း ေလ့က်င့္ေရးဆင္းခဲ့သူ ျဖစ္ၿပီး မီလီတာအိုကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုးေၾကာင့္ မကစားႏိုင္ေသးဘူး ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ဇီဒန္းရဲ႕ အသင္းမွာ ဘင္ဇီမာ၊ မီလီတာအို၊ ရာမိုစ့္၊ ဗယ္ဗာဒီ၊ အိုဒရီဇိုလာ နဲ႔ လူကာဂ်ိဳဗစ္တို႔ ပါ၀င္လာမွာ မဟုတ္ေသးပါဘူး။ နည္းျပႀကီးကေတာ့ ဗစ္တာခ်ပ္စ္ နဲ႔ ဟူဂိုဒူ႐ို တို႔ကို လူစာရင္းမွာ ထည့္သြင္းေခၚယူသြားတယ္လို႔ သိရပါတယ္။