မနက်ဖြန်ကစားမယ့် ဒိုင်နမိုကိဗ် နဲ့ ချန်ပီယံလိဂ်ပွဲမှာ မက်ဆီ နဲ့ ဒီဂျောင်ကို အနားပေးမယ်လို့ ပြောသွားခဲ့တဲ့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်း

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ နဲ့ ဒီဂျောင်တို့ နှစ်ယောက်စလုံးကို မနက်ဖြန်ကစားမယ့် ဒိုင်နမိုကိဗ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ အနားပေးသွားမယ်လို့ အတည်ပြုပြောကြားသွားခဲ့ပါတယ်။မကြာသေးခင်ကမှ စပိန်လာလီဂါမှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ရှုံးခဲ့တဲ့ ဘာစီလိုနာအသင်းဟာ အင်္ဂါနေ့မှာ ကစားမယ့် ပွဲအတွက် ကိဗ်ကို လေယာဉ်နဲ့ ပျံသန်းသွားရမှာ ဖြစ်ပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်ပွဲမှာ ရော်နယ်ကိုးမန်းက မက်ဆီ ကို ယူကရိန်း ထံ သွားရောက်ကစားမယ့်ပွဲမှာ မက်ဆီကို နားပေးခဲ့ရတာနဲ့ ပတ်သက်ပြီးပြောသွားခဲ့ပါတယ်။

“ကျွန်တော်တို့ လီယို နဲ့ ဖရန်ကီ တို့ကို အနားပေးဆုံးဖြတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ ချန်ပီယံလိဂ် အုပ်စုမှာ (၉) မှတ်ရထားတာဖြစ်ပြီး သူတို့ (၂) ယောက်ကလည်း အနားယူဖို့ လိုအပ်နေပါတယ်”” လို့ ရော်နယ်ကိုးမန်းက ပြောခဲ့တာဖြစ်ပါတယ်။

မနက္ျဖန္ကစားမယ့္ ဒိုင္နမိုကိဗ္ နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ မက္ဆီ နဲ႔ ဒီေဂ်ာင္ကို အနားေပးမယ္လို႔ ေျပာသြားခဲ့တဲ့ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္း

ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီ နဲ႔ ဒီေဂ်ာင္တို႔ ႏွစ္ေယာက္စလံုးကို မနက္ျဖန္ကစားမယ့္ ဒိုင္နမိုကိဗ္နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ အနားေပးသြားမယ္လို႔ အတည္ျပဳေျပာၾကားသြားခဲ့ပါတယ္။မၾကာေသးခင္ကမွ စပိန္လာလီဂါမွာ အက္သလက္တီကိုမက္ဒရစ္အသင္းကို ရႈံးခဲ့တဲ့ ဘာစီလိုနာအသင္းဟာ အဂၤါေန႔မွာ ကစားမယ့္ ပြဲအတြက္ ကိဗ္ကို ေလယာဥ္နဲ႔ ပ်ံသန္းသြားရမွာ ျဖစ္ပါတယ္။

ပြဲႀကိဳသတင္းစာရွင္းလင္ပြဲမွာ ေရာ္နယ္ကိုးမန္းက မက္ဆီ ကို ယူကရိန္း ထံ သြားေရာက္ကစားမယ့္ပြဲမွာ မက္ဆီကို နားေပးခဲ့ရတာနဲ႔ ပတ္သက္ၿပီးေျပာသြားခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ လီယို နဲ႔ ဖရန္ကီ တို႔ကို အနားေပးဆံုးျဖတ္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္ဟာ ခ်န္ပီယံလိဂ္ အုပ္စုမွာ (၉) မွတ္ရထားတာျဖစ္ၿပီး သူတို႔ (၂) ေယာက္ကလည္း အနားယူဖို႔ လိုအပ္ေနပါတယ္”” လို႔ ေရာ္နယ္ကိုးမန္းက ေျပာခဲ့တာျဖစ္ပါတယ္။