၆ လ လောက် အနားယူရနိုင်တဲ့ ဘာစီလိုနာအသင်းရဲ့ ဗဟိုနောက်ခံလူ ပီကေး

ဘာစီလိုနာအသင်းရဲ့ ဗဟိုနောက်ခံလူ ပီကေးဟာ စနေနေ့က အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် (၆) လ လောက် အနားယူရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ စပိန်လက်ရွေးစင်ကစားသမားဟာ ဝန်ဒါမက်ထရိုပိုလီတာနို ကွင်းထဲမှာ ကစားခဲ့တဲ့ပွဲ၌ ပြိုင်ဘက်ကစားသမား ကော်ရီရာ နဲ့ ထိခိုက်မိပြီး ပွဲကစားချိန် (၁) နာရီအကြာမှာ ကွင်းထဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာတော့ ဒဏ်ရာကို အသေးစိတ် စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။ စပိန်က သတင်းစာ များရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အသက် ၃၃ နှစ်အရွယ်ကစားသမားကို မေလ အထိ လက်လွှတ်ရမှာကို စိုးရိမ်နေပြီး ရာသီကုန်အထိ အနားယူရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

ဘာစီလိုနာအသင်းမှာ လက်ရှိအချိန်တွင် အန်ဆုဖာတီ နဲ့ အမ်တီတီတို့ ကာလရှည် အနားယူနေရပြီး ဆာဂျီရော်ဘတ်တိုလည်း အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ပွဲမှာ ဒဏ်ရာကြောင့် ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာ ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါ အမှတ်ပေးဇယား အဆင့် (၁၀) နေရာမှာပဲ ရပ်တည်နေတယ်လို့ သိရပါတယ်။

၆ လ ေလာက္ အနားယူရႏိုင္တဲ့ ဘာစီလိုနာအသင္းရဲ႕ ဗဟိုေနာက္ခံလူ ပီေကး

ဘာစီလိုနာအသင္းရဲ႕ ဗဟိုေနာက္ခံလူ ပီေကးဟာ စေနေန႔က အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ ပြဲမွာ ရရွိခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ (၆) လ ေလာက္ အနားယူရႏိုင္တယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ စပိန္လက္ေရြးစင္ကစားသမားဟာ ၀န္ဒါမက္ထ႐ိုပိုလီတာႏို ကြင္းထဲမွာ ကစားခဲ့တဲ့ပြဲ၌ ၿပိဳင္ဘက္ကစားသမား ေကာ္ရီရာ နဲ႔ ထိခိုက္မိၿပီး ပြဲကစားခ်ိန္ (၁) နာရီအၾကာမွာ ကြင္းထဲကေန ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။

တနဂၤေႏြေန႔မွာေတာ့ ဒဏ္ရာကို အေသးစိတ္ စစ္ေဆးမွာျဖစ္တယ္လို႔ သိရပါတယ္။ စပိန္က သတင္းစာ မ်ားရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းဟာ အသက္ ၃၃ ႏွစ္အရြယ္ကစားသမားကို ေမလ အထိ လက္လႊတ္ရမွာကို စိုးရိမ္ေနၿပီး ရာသီကုန္အထိ အနားယူရဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။

ဘာစီလိုနာအသင္းမွာ လက္ရွိအခ်ိန္တြင္ အန္ဆုဖာတီ နဲ႔ အမ္တီတီတို႔ ကာလရွည္ အနားယူေနရၿပီး ဆာဂ်ီေရာ္ဘတ္တိုလည္း အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ ပြဲမွာ ဒဏ္ရာေၾကာင့္ ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။ လက္ရွိမွာ ဘာစီလိုနာအသင္းဟာ စပိန္လာလီဂါ အမွတ္ေပးဇယား အဆင့္ (၁၀) ေနရာမွာပဲ ရပ္တည္ေနတယ္လို႔ သိရပါတယ္။