ဇန်နဝါရီအပြောင်းအရွှေ့မှာရီးရဲလ်မက်ဒရစ်အသင်းက ထွက်ခွာရန် နည်းပြ ဇီဒန်း နဲ့ သဘောတူညီမှုရခဲ့တဲ့ အစ္စကို

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား အစ္စကိုဟာ နည်းပြဇီဒန်းရဲ့လက်အောက်မှာ ပွဲထွက်ကစားခွင့် ပျောက်ဆုံးပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့၌ အသင်းကနေ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီလို့ သတင်းထွက်ပေါ်လာပါတယ်။ စပိန်ကွင်းလယ်လူဟာ ဒီရာသီစပိန်လာလီဂါမှာ (၃) ပွဲသာ ပွဲထွက်ကစားခွင့်ရထားပေမယ့် ချန်ပီယံလိဂ်မှာ (၁) မိနစ်တောင် ကစားခွင့်မရသေးသူဖြစ်ပါတယ်။

နောက်နွေရာသီမှာ ယှဉ်ပြိုင်ကျင်းပယ်မယ့် ယူရို ပြိုင်ပွဲမှာ စပိန်လက်ရွှေးစင်အသင်းရဲ့ ရွေးချယ်ခြင်းကို ခံရရန် ပွဲကစားခွင့်ပုံမှန် ရရှိရန် လိုအပ်နေပါတယ်။ စပိန်က မာကာသတင်းဌာနရဲ့ ဖော်ပြချက်အရ အစ္စကိုဟာ နည်းပြ ဇီဒန်းနဲ့ တွေ့ဆုံ ဆွေးနွေးပြီးနောက်မှာတော့ အသင်းက ထွက်ခွာရန် ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ နည်းပြဇီဒန်းကလည်း အစ္စကို ကို အသင်းမှာ ဆက်ရှိစေရန် ကြိုးစားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဇန္နဝါရီအေျပာင္းအေရႊ႕မွာရီးရဲလ္မက္ဒရစ္အသင္းက ထြက္ခြာရန္ နည္းျပ ဇီဒန္း နဲ႔ သေဘာတူညီမႈရခဲ့တဲ့ အစၥကို

ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမား အစၥကိုဟာ နည္းျပဇီဒန္းရဲ႕လက္ေအာက္မွာ ပြဲထြက္ကစားခြင့္ ေပ်ာက္ဆံုးၿပီးေနာက္ ဇန္နဝါရီအေျပာင္းအေရႊ႕၌ အသင္းကေန ထြက္ခြာရန္ အဆင္သင့္ျဖစ္ေနၿပီလို႔ သတင္းထြက္ေပၚလာပါတယ္။ စပိန္ကြင္းလယ္လူဟာ ဒီရာသီစပိန္လာလီဂါမွာ (၃) ပြဲသာ ပြဲထြက္ကစားခြင့္ရထားေပမယ့္ ခ်န္ပီယံလိဂ္မွာ (၁) မိနစ္ေတာင္ ကစားခြင့္မရေသးသူျဖစ္ပါတယ္။

ေနာက္ေႏြရာသီမွာ ယွဥ္ၿပိဳင္က်င္းပယ္မယ့္ ယူ႐ို ၿပိဳင္ပြဲမွာ စပိန္လက္ေရႊးစင္အသင္းရဲ႕ ေရြးခ်ယ္ျခင္းကို ခံရရန္ ပြဲကစားခြင့္ပံုမွန္ ရရွိရန္ လိုအပ္ေနပါတယ္။ စပိန္က မာကာသတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အစၥကိုဟာ နည္းျပ ဇီဒန္းနဲ႔ ေတြ႕ဆံု ေဆြးေႏြးၿပီးေနာက္မွာေတာ့ အသင္းက ထြက္ခြာရန္ ဆံုးျဖတ္ထားတယ္လို႔ သိရပါတယ္။ နည္းျပဇီဒန္းကလည္း အစၥကို ကို အသင္းမွာ ဆက္ရွိေစရန္ ႀကိဳးစားမွာ မဟုတ္ဘူးလို႔ သိရပါတယ္။