အသင်းရဲ့ အဓိက ဗဟို နောက်ခံလူ (၂) ယောက် လက်ရွေးစင်အသင်းတွေမှာ ဒဏ်ရာရသွားလို့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်း စိတ်ပျက်နေ

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူ (၂) ယောက်စလုံးဖြစ်တဲ့ ရာမိုစ့် နဲ့ ဗာရာနီတို့ဟာ လက်ရွေးစင်အသင်းမှာ ဒဏ်ရာအသီးသီးရခဲ့ကြပါတယ်။ ရာမိုစ့်ဟာ ဂျာမနီကို စပိန်အသင်းက (၆-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲကစားချိန် (၄၃) မိနစ်မှာ ကွင်းထဲက ထွက်ခွာခဲ့ရပြီး ဗာရာနီကလည်း ဆွီဒင်ကို အနိုင်ရခဲ့တဲ့ ပြင်သစ်လူစာရင်းကနေ ပထမပိုင်းမှာ လူစားလဲခံခဲ့ရသူ ဖြစ်ပါတယ်။

ဇီဒန်းရဲ့ တတိယဦးစားပေးနောက်ခံလူ ဖြစ်တဲ့ မီလီတာအိုကလည်း နိုဝင်ဘာ (၂) ရက်တုန်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စစ်ဆေးတွေ့ရှိခြင်းခံထားရပါတယ်။ ရာမိုစ့်ဟာ ညာဘက်ပေါင် ဒဏ်ရာရခဲ့တဲ့ပုံပေါ်နေပြီး ပထမပိုင်းအပြီးမှာ ထော့နင်းထော့နင်းနဲ့ ထွက်ခွာခဲ့ရသူဖြစ်ပါတယ်။ စပိန်အသင်းအတွက် ပထမပိုင်း (၃-ဝ) နဲ့ ဦးဆောင်နေမှုမှာ မိုရာတာ၊ ဖာရန်တောရက်စ် နဲ့ ရိုဒရီတို့က အသီးသီးသွင်းပေးခဲ့ပါတယ်။

ပွဲအပြီးမှာ စပိန်လက်ရွေးစင်ဘောလုံးအဖွဲ့ချုပ်ကတော့ ရာမိုစ့်ရဲ့ ဒဏ်ရာဟာ အရမ်း မပြင်းထန်ဘူးလို့ ပြောသွားခဲ့ပါတယ်။ “ဒီဒဏ်ရာက အရမ်းမပြင်းထန်ပါဘူး။ ဒါပေမယ့် ဒါကတော့ အားလုံးအတွက် အဆင်မပြေတဲ့အရာပါ။ သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းအတွက်လည်း ကျွန်တော်စိတ်မကောင်းပါဘူး” လို့ အင်းနရစ်က ပြောခဲ့တာဖြစ်ပါတယ်။

ဗာရာနီကလည်း ပြင်သစ်အသင်းက ဆွီဒင်ကို (၄-၂) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရခဲ့ဟန် တူပါတယ်။ နည်းပြဒက်ချမ်းကတော့ နောက်ခံလူဟာ ဒဏ်ရာရခဲ့လို့ ဟာနန်ဒက်ဇ်နဲ့ လဲခဲ့တာဖြစ်တယ်လို့ အတည်ပြုပြောသွားခဲ့တာဖြစ်ပါတယ်။ဇီဒန်းကတော့ အသင်းရဲ့ အဓိက နောက်ခံလူ (၂) ယောက်စလုံး မြန်မြန်ပြန်ကောင်းလာဖို့ကို မျှော်လင့်နေပါတယ်။ သူ့အသင်းဟာ စနေနေ့မှာ ဒုတိယနေရာက ဗီလာရီးရဲလ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အသင္းရ႕ဲ အဓိက ဗဟို ေနာက္ခံလူ (၂) ေယာက္ လက္ေရြးစင္အသင္းေတြမွာ ဒဏ္ရာရသြားလို႔ ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္း စိတ္ပ်က္ေန

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ အဓိက ဗဟိုေနာက္ခံလူ (၂) ေယာက္စလံုးျဖစ္တ့ဲ ရာမိုစ့္ နဲ႔ ဗာရာနီတို႔ဟာ လက္ေရြးစင္အသင္းမွာ ဒဏ္ရာအသီးသီးရခဲ့ၾကပါတယ္။ ရာမုိစ့္ဟာ ဂ်ာမနီကို စပိန္အသင္းက (၆-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ပြဲကစားခ်ိန္ (၄၃) မိနစ္မွာ ကြင္းထဲက ထြက္ခြာခဲ့ရျပီး ဗာရာနီကလည္း ဆြီဒင္ကို အႏိုင္ရခဲ့တဲ့ ျပင္သစ္လူစာရင္းကေန ပထမပိုင္းမွာ လူစားလဲခံခဲ့ရသူ ျဖစ္ပါတယ္။

ဇီဒန္းရဲ႕ တတိယဦးစားေပးေနာက္ခံလူ ျဖစ္တဲ့ မီလီတာအိုကလည္း ႏို၀င္ဘာ (၂) ရက္တုနး္က ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုး စစ္ေဆးေတြ႔ရွိျခင္းခံထားရပါတယ္။ ရာမိုစ့္ဟာ ညာဘက္ေပါင္ ဒဏ္ရာရခဲ့တဲ့ပံုေပၚေနျပီး ပထမပိုင္းအျပီးမွာ ေထာ့နင္းေထာ့နင္းနဲ႔ ထြက္ခြာခဲ့ရသူျဖစ္ပါတယ္။ စပိန္အသင္းအတြက္ ပထမပိုင္း (၃-၀) နဲ႔ ဦးေဆာင္ေနမႈမွာ မိုရာတာ၊ ဖာရန္ေတာရက္စ္ နဲ႔ ရိုဒရီတုိ႔က အသီးသီးသြင္းေပးခဲ့ပါတယ္။

ပြဲအျပီးမွာ စပိန္လက္ေရြးစင္ေဘာလံုးအဖြဲ႔ခ်ဳပ္ကေတာ့ ရာမိုစ့္ရဲ႕ ဒဏ္ရာဟာ အရမ္း မျပင္းထန္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ “ဒီဒဏ္ရာက အရမ္းမျပင္းထန္ပါဘူး။ ဒါေပမယ့္ ဒါကေတာ့ အားလံုးအတြက္ အဆင္မေျပတဲ့အရာပါ။ သူတို႔ရဲ႕ သက္ဆုိင္ရာ ကလပ္အသင္းအတြက္လည္း ကၽြန္ေတာ္စိတ္မေကာင္းပါဘူး” လို႔ အင္းနရစ္က ေျပာခဲ့တာျဖစ္ပါတယ္။

ဗာရာနီကလည္း ျပင္သစ္အသင္းက ဆြီဒင္ကို (၄-၂) န႔ဲ အႏိုင္ရခဲ့တဲ့ပြဲမွာ တံေကာက္ေၾကာဒဏ္ရာရခဲ့ဟန္ တူပါတယ္။ နည္းျပဒက္ခ်မ္းကေတာ့ ေနာက္ခံလူဟာ ဒဏ္ရာရခဲ့လို႔ ဟာနန္ဒက္ဇ္နဲ႔ လဲခဲ့တာျဖစ္တယ္လို႔ အတည္ျပဳေျပာသြားခဲ့တာျဖစ္ပါတယ္။ဇီဒန္းကေတာ့ အသင္းရဲ႕ အဓိက ေနာက္ခံလူ (၂) ေယာက္စလံုး ျမန္ျမန္ျပန္ေကာင္းလာဖို႔ကို ေမွ်ာ္လင့္ေနပါတယ္။ သူ႔အသင္းဟာ စေနေန႔မွာ ဒုတိယေနရာက ဗီလာရီးရဲလ္အသင္းနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။