ဘာစီလိုနာကနေ မက်ဆီထွက်သွားရင်တောင် လာလီဂါကို အောင်မြင်မှုရအောင်လုပ်မယ်လို့ ပြောခဲ့တဲ့ တီဘက်စ်


လာလီဂါဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဖြစ်တဲ့ ဂျားဗီးယားတီဘက်စ်က အသင်းပြောင်းရွှေ့ဖို့သတင်းတွေထွက်နေပြီး လာမယ့် ရာသီမှာ ဘာစီလိုနာကနေ ထွက်ဖို့ သေချာသလောက်ရှိနေတဲ့ မက်ဆီမရှိတော့ဘူးဆိုရင်တောင် လာလီဂါကို အောင်မြင်မှု ရအောင်လုပ်မယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းဝင်တွေဖြစ်တဲ့ နေမာ၊ စီရော်နယ်ဒို ထွက်သွားမှုကြောင့် လာလီဂါပြိုင်ပွဲအနေနဲ့ ထိခိုက်မှုတွေရှိခဲ့ပြီး မက်ဆီထွက်ခွာသွားပါက လာလီဂါရဲ့ပုံရိပ် ကို ထိခိုက်နိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ မန်စီးတီးဟာ မက်ဆီရဲ့စာချုပ်ပါလျော်ကြေး ယူရို သန်း ၇၀၀ ကို ပေးပြီးခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းတာဝန်ရှိသူတွေက တားမြစ်ခဲ့လို့သာ မက်ဆီ အနေနဲ့ ဘာစီလိုနာမှာ စာချုပ်သက်တမ်းကုန်အထိ ရှိနေတာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာ ဥက္ကဌနေရာအပြောင်း အလဲဖြစ်သွားတာကြောင့်လည်း အသင်းမှာမက်ဆီဆက်ရှိနေမယ်လို့လည်း ခန့်မှန်းမှုတွေ ထွက်ပေါ်နေတယ်လို့ သိရပါ တယ်။


လာလီဂါဘောလုံးအဖွဲ့ချုပ်ဥက္ကဌ တီဘက်စ်က “ အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ မက်ဆီကို ဘာစီလိုနာမှာပဲ ဆက်ရှိ နေစေချင်ပါတယ်။ နေမာ နဲ့ စီရော်နယ်ဒိုတို့ ထွက်သွားပြီးနောက် မက်ဆီကိုပါ ထပ်ပြီး မဆုံးရှုံးချင်ပါဘူး။ ဒါပေမယ့် ဘော လုံးလောက,က အများကြီး အပြောင်းအလဲဖြစ်စေပါတယ်။ တကယ်လို့ ဘာစီလိုနာကနေ မက်ဆီထွက်သွားခဲ့မယ်ဆိုရင် လည်း လာလီဂါကို အောင်မြင်တဲ့လိဂ်တစ်ခုဖြစ်အောင် လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဘာစီလိုနာကေန မက္ဆီထြက္သြားရင္ေတာင္ လာလီဂါကို ေအာင္ျမင္မႈရေအာင္လုပ္မယ္လို႔ ေျပာခဲ့တဲ့ တီဘက္စ္
လာလီဂါေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠဌ ျဖစ္တဲ့ ဂ်ားဗီးယားတီဘက္စ္က အသင္းေျပာင္းေရႊ႕ဖို႔သတင္းေတြထြက္ေနၿပီး လာမယ့္ ရာသီမွာ ဘာစီလိုနာကေန ထြက္ဖို႔ ေသခ်ာသေလာက္ရွိေနတဲ့ မက္ဆီမရွိေတာ့ဘူးဆိုရင္ေတာင္ လာလီဂါကို ေအာင္ျမင္မႈ ရေအာင္လုပ္မယ္လို႔ ေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြမွာ ကမ႓ာ့အေကာင္းဆံုးကစားသမားစာရင္းဝင္ေတြျဖစ္တဲ့ ေနမာ၊ စီေရာ္နယ္ဒို ထြက္သြားမႈေၾကာင့္ လာလီဂါၿပိဳင္ပြဲအေနနဲ႔ ထိခိုက္မႈေတြရွိခဲ့ၿပီး မက္ဆီထြက္ခြာသြားပါက လာလီဂါရဲ႕ပံုရိပ္ ကို ထိခိုက္ႏိုင္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကတာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ပရီးမီးယားလိဂ္ကလပ္ျဖစ္တဲ့ မန္စီးတီးဟာ မက္ဆီရဲ႕စာခ်ဳပ္ပါေလ်ာ္ေၾကး ယူ႐ို သန္း ၇၀၀ ကို ေပးၿပီးေခၚယူဖို႔ လုပ္ေဆာင္ခဲ့ေပမယ့္ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြက တားျမစ္ခဲ့လို႔သာ မက္ဆီ အေနနဲ႔ ဘာစီလိုနာမွာ စာခ်ဳပ္သက္တမ္းကုန္အထိ ရွိေနတာပဲ ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းမွာ ဥကၠဌေနရာအေျပာင္း အလဲျဖစ္သြားတာေၾကာင့္လည္း အသင္းမွာမက္ဆီဆက္ရွိေနမယ္လို႔လည္း ခန္႔မွန္းမႈေတြ ထြက္ေပၚေနတယ္လို႔ သိရပါ တယ္။
လာလီဂါေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠဌ တီဘက္စ္က “ အမွန္အတိုင္းေျပာရမယ္ဆိုရင္ေတာ့ မက္ဆီကို ဘာစီလိုနာမွာပဲ ဆက္ရွိ ေနေစခ်င္ပါတယ္။ ေနမာ နဲ႔ စီေရာ္နယ္ဒိုတို႔ ထြက္သြားၿပီးေနာက္ မက္ဆီကိုပါ ထပ္ၿပီး မဆံုးရႈံးခ်င္ပါဘူး။ ဒါေပမယ့္ ေဘာ လံုးေလာက,က အမ်ားႀကီး အေျပာင္းအလဲျဖစ္ေစပါတယ္။ တကယ္လို႔ ဘာစီလိုနာကေန မက္ဆီထြက္သြားခဲ့မယ္ဆိုရင္ လည္း လာလီဂါကို ေအာင္ျမင္တဲ့လိဂ္တစ္ခုျဖစ္ေအာင္ လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။