ဆွာရက်ဇ်မှာ ကိုဗစ်တွေ့ခဲ့တာကြောင့် ဘာစီလိုနာနဲ့ ပြန်ရင်ဆိုင်ရမယ့်ပွဲကို လွဲချော်မယ်လို့ သိရ


နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ ထွက်ခဲ့ပြီး ချန်ပီယံပြိုင်ဘက် အက်သလက်တီကို,ကို ရောက်ရှိခဲ့တဲ့ ဆွာရက်ဇ်ဟာ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတာကြောင့် နိုင်ငံတကာပွဲစဉ်တွေအပြီး ကစားမယ့် အသင်းဟောင်း ဘာစီလို နာနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဆွာရက်ဇ်ဟာ အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ခဲ့တာ မကြာသေးပေမယ့် အသင်းရဲ့အတွက် ခြေစွမ်းပြနေတဲ့ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။


အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဆွာရက်ဇ်မှာ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရကြောင်းကို ဥရုဂွေးဘောလုံးအဖွဲ့ချုပ်က အတည် ပြုခဲ့တာဖြစ်ပြီး သီးခြားနေထိုင်ဖို့အတွက် လမ်းညွှန်ခဲ့တယ်လို့လည်း သိရပါတယ်။ ဆွာရက်ဇ်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအ ဖြစ် ဘရာဇီးနဲ့ကစားမယ့်ပွဲကို လွဲချော်မှာဖြစ်သလို သီတင်းပတ်အကုန်မှာ ကစားမယ့်အသင်းဟောင်းဘာစီလိုနာနဲ့ ပွဲစဉ် ကိုလည်း လွဲချော်မှာ ဖြစ်တယ်လို့ သိရပါတယ်။


ဥရုဂွေးဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက “ ပွဲတစ်ပွဲမကစားခင်မှာ အသင်းနဲ့ သက်ဆိုင်တဲ့သူအားလုံးကို စစ်ဆေးမှုပြုလုပ်ခဲ့ရာမှာတော့ ဆွာရက်ဇ်အပြင် ဂိုးသမားမူနော့ဇ်နဲ့ အသင်းရဲ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဖာရယ်လ်တို့မှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး ကျန်တဲ့သူတွေ မှာတော့ မတွေ့ခဲ့ပါဘူး။” လို့ပြောခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ အက်သလက်တီကိုအ တွက် ခြောက်ပွဲမှာ ငါးဂိုးသွင်းယူထားတဲ့ တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။

zawgyi version

ဆြာရက္ဇ္မွာ ကိုဗစ္ေတြ႕ခဲ့တာေၾကာင့္ ဘာစီလိုနာနဲ႔ ျပန္ရင္ဆိုင္ရမယ့္ပြဲကို လြဲေခ်ာ္မယ္လို႔ သိရ
ေႏြရာသီအေျပာင္းအေရႊ႕မွာ ဘာစီလိုနာကေန ထြက္ခဲ့ၿပီး ခ်န္ပီယံၿပိဳင္ဘက္ အက္သလက္တီကို,ကို ေရာက္ရွိခဲ့တဲ့ ဆြာရက္ဇ္ဟာ ကိုဗစ္ေရာဂါပိုးကူးစက္ခံထားရတာေၾကာင့္ ႏိုင္ငံတကာပြဲစဥ္ေတြအၿပီး ကစားမယ့္ အသင္းေဟာင္း ဘာစီလို နာနဲ႔ ရင္ဆိုင္ရမယ့္ပြဲစဥ္မွာ ပါဝင္ကစားႏိုင္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။ ဆြာရက္ဇ္ဟာ အက္သလက္တီကိုအသင္းကို ေျပာင္းေရႊ႕ခဲ့တာ မၾကာေသးေပမယ့္ အသင္းရဲ႕အတြက္ ေျခစြမ္းျပေနတဲ့ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။
အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဆြာရက္ဇ္မွာ ကိုဗစ္ေရာဂါပိုးကူးစက္ခံထားရေၾကာင္းကို ဥ႐ုေဂြးေဘာလံုးအဖြဲ႕ခ်ဳပ္က အတည္ ျပဳခဲ့တာျဖစ္ၿပီး သီးျခားေနထိုင္ဖို႔အတြက္ လမ္းၫႊန္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဆြာရက္ဇ္ဟာ ကမ႓ာ့ဖလားေျခစစ္ပြဲအ ျဖစ္ ဘရာဇီးနဲ႔ကစားမယ့္ပြဲကို လြဲေခ်ာ္မွာျဖစ္သလို သီတင္းပတ္အကုန္မွာ ကစားမယ့္အသင္းေဟာင္းဘာစီလိုနာနဲ႔ ပြဲစဥ္ ကိုလည္း လြဲေခ်ာ္မွာ ျဖစ္တယ္လို႔ သိရပါတယ္။
ဥ႐ုေဂြးေဘာလံုးအဖြဲ႕ခ်ဳပ္တာဝန္ရွိသူတစ္ဦးက “ ပြဲတစ္ပြဲမကစားခင္မွာ အသင္းနဲ႔ သက္ဆိုင္တဲ့သူအားလံုးကို စစ္ေဆးမႈျပဳလုပ္ခဲ့ရာမွာေတာ့ ဆြာရက္ဇ္အျပင္ ဂိုးသမားမူေနာ့ဇ္နဲ႔ အသင္းရဲ႕ဝန္ထမ္းတစ္ဦးျဖစ္တဲ့ ဖာရယ္လ္တို႔မွာ ေရာဂါပိုးေတြ႕ရွိခဲ့ၿပီး က်န္တဲ့သူေတြ မွာေတာ့ မေတြ႕ခဲ့ပါဘူး။” လို႔ေျပာခဲ့ပါတယ္။ ဆြာရက္ဇ္ဟာ အက္သလက္တီကိုအ တြက္ ေျခာက္ပြဲမွာ ငါးဂိုးသြင္းယူထားတဲ့ တိုက္စစ္မွဴးတစ္ဦးလည္း ျဖစ္ပါတယ္။