ဟာလန်းကိုခေါ်ယူနိုင်ဖို့ ရှိခဲ့ပေမယ့် ကစားဟန်မတူတာကြောင့် မခေါ်ဖြစ်ခဲ့ဘူးလို့ ပြောခဲ့တဲ့ ဘာစီလိုနာ ဒါရိုက်တာဟောင်း


ဘာစီလိုနာအသင်းရဲ့ဒါရိုက်တာဟောင်းတစ်ဦးဖြစ်တဲ့ ဂျားဗီးယားဘော်ဒို့စ်က အသင်းအနေနဲ့ ၂၀၁၉ ခုနှစ်က ဒေါ့မန် တိုက်စစ်မှူးဟာလန်းကို ခေါ်ယူဖို့အခွင့်အရေးရခဲ့ပေမယ့် ကစားဟန် မတူတာကြောင့် မခေါ်ယူခဲ့တာဖြစ်တယ်လို့ ပြောခဲ့ ပါတယ်။ ဘာစီလိုနာဟာ အသက်အရွယ်ရလာတဲ့ အဓိကတိုက်စစ်မှူး ဆွာရက်ဇ်ရဲ့နေရာကို အစားထိုးဖို့အတွက် ဟာလန်း ကို ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။


ဆဲလ်ဘတ်အသင်းကနေ ဟာလန်းအနေနဲ့ ဒေါ့မန်အသင်းကို ပေါင် ၁၈ သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူရဲ့ခြေစွမ်းပြနိုင်မှု ကြောင့် အသင်းကြီးတွေကခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်နဲ့ လာလီဂါ ထိပ်သီးရီးရဲလ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး ဟာလန်းကတော့ ရီးရဲလ်မှာကစားချင်တယ်လို့ ထုတ်ဖော် ပြောဆိုမှုတွေ ရှိခဲ့ဖူးပါတယ်။


ဘာစီလိုနာဒါရိုက်တာဟောင်းက ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Mundo Deportivo ကနေတဆင့် “ ကျွန်တော်အနေနဲ့ ဥက္ကဌ ဟောင်း ဘာတိုမီယူရဲ့အယူအဆတွေအရ အသင်းရဲ့ကစားဟန်နဲ့မတူတဲ့ကစားသမားတစ်ယောက်ကို မခေါ်ယူခဲ့တာပါ။ ဟာလန်းက တိုက်စစ်မှူးကောင်းတစ်ယောက်ပါ။ ဆွာရက်ဇ်ရဲ့နေရာမှာ အကောင်းဆုံးအစားထိုးမှုဖြစ်လာနိုင်ပေမယ့် အသင်းတာဝန်ရှိသူတွေကတော့ စိတ်ဝင်စားခဲ့ခြင်းမရှိခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဟာလန္းကိုေခၚယူႏိုင္ဖို႔ ရွိခဲ့ေပမယ့္ ကစားဟန္မတူတာေၾကာင့္ မေခၚျဖစ္ခဲ့ဘူးလို႔ ေျပာခဲ့တဲ့ ဘာစီလိုနာ ဒါ႐ိုက္တာ ေဟာင္း
ဘာစီလိုနာအသင္းရဲ႕ဒါ႐ိုက္တာေဟာင္းတစ္ဦးျဖစ္တဲ့ ဂ်ားဗီးယားေဘာ္ဒို႔စ္က အသင္းအေနနဲ႔ ၂၀၁၉ ခုႏွစ္က ေဒါ့မန္ တိုက္စစ္မွဴးဟာလန္းကို ေခၚယူဖို႔အခြင့္အေရးရခဲ့ေပမယ့္ ကစားဟန္ မတူတာေၾကာင့္ မေခၚယူခဲ့တာျဖစ္တယ္လို႔ ေျပာခဲ့ ပါတယ္။ ဘာစီလိုနာဟာ အသက္အရြယ္ရလာတဲ့ အဓိကတိုက္စစ္မွဴး ဆြာရက္ဇ္ရဲ႕ေနရာကို အစားထိုးဖို႔အတြက္ ဟာလန္း ကို ေခၚယူဖို႔ သတင္းေတြထြက္ေပၚခဲ့တာပဲ ျဖစ္ပါတယ္။
ဆဲလ္ဘတ္အသင္းကေန ဟာလန္းအေနနဲ႔ ေဒါ့မန္အသင္းကို ေပါင္ ၁၈ သန္းနဲ႔ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး သူရဲ႕ေျခစြမ္းျပႏိုင္မႈ ေၾကာင့္ အသင္းႀကီးေတြကေခၚယူဖို႔ စိတ္ဝင္စားေနတာပဲ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ကလပ္ ယူႏိုက္တက္နဲ႔ လာလီဂါ ထိပ္သီးရီးရဲလ္တို႔က ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရၿပီး ဟာလန္းကေတာ့ ရီးရဲလ္မွာကစားခ်င္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုမႈေတြ ရွိခဲ့ဖူးပါတယ္။
ဘာစီလိုနာဒါ႐ိုက္တာေဟာင္းက ႐ုပ္သံလိုင္းတစ္ခုျဖစ္တဲ့ Mundo Deportivo ကေနတဆင့္ “ ကြ်န္ေတာ္အေနနဲ႔ ဥကၠဌ ေဟာင္း ဘာတိုမီယူရဲ႕အယူအဆေတြအရ အသင္းရဲ႕ကစားဟန္နဲ႔မတူတဲ့ကစားသမားတစ္ေယာက္ကို မေခၚယူခဲ့တာပါ။ ဟာလန္းက တိုက္စစ္မွဴးေကာင္းတစ္ေယာက္ပါ။ ဆြာရက္ဇ္ရဲ႕ေနရာမွာ အေကာင္းဆံုးအစားထိုးမႈျဖစ္လာႏိုင္ေပမယ့္ အသင္းတာဝန္ရွိသူေတြကေတာ့ စိတ္ဝင္စားခဲ့ျခင္းမရွိခဲ့ပါဘူး” လို႔ ေျပာခဲ့ပါတယ္။