အမ်ဘာပေ ကို ပေါင် ၁၆၁ သန်း နဲ့ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား အမ်ဘာပေးကို ပေါင် ၁၆၁ သန်းနဲ့ နောက်နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေပြီး ပြင်သစ်ကစားသမားအနေနဲ့ ပဲရစ်ကလပ်အသင်းနဲ့ စာချုပ်သက်တမ်း မတိုးဖို့ကိုလည်း မျှော်လင့်နေပါတယ်။ အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ မိုနာကိုကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားပြီးကတည်းက (၁၃၂) ပွဲကစားထားပြီး (၉၇) ဂိုးသွင်းကာ (၅၈) ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။

သူဟာ ဒီရာသီမှာလည်း အသင်းအတွက် (၇) ဂိုးသွင်း (၇) ဂိုးဖန်တီးပေးထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းကို ပြန်လည်တည်ဆောက်ရာမှာ အမ်ဘာပေကို အဓိက ကစားသမား အဖြစ် သတ်မှတ်ထားပြီး လီဗာပူးလ်အသင်းကလည်း ပြင်သစ်လက်ရွေးစင်ကစားသမားနဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တဲ့ ကစားသမားရဲ့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၂ ဇွန်လ မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး AS သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေကို နောက်နွေရာသီမှာ ပေါင် ၁၆၁ သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းရဲ့ အစောပိုင်းတုန်းက စာချုပ်သက်တမ်းတိုးဖို့အတွက် ကမ်းလှမ်းမှု (၃) ကြိမ်ကို ပယ်ချခဲ့သူလည်း ဖြစ်ပါတယ်။

အမ္ဘာေပ ကို ေပါင္ ၁၆၁ သန္း နဲ႔ ေခၚယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ တိုက္စစ္ကစားသမား အမ္ဘာေပးကို ေပါင္ ၁၆၁ သန္းနဲ႔ ေနာက္ေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနျပီး ျပင္သစ္ကစားသမားအေနနဲ႔ ပဲရစ္ကလပ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း မတိုးဖို႔ကိုလည္း ေမွ်ာ္လင့္ေနပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ကစားသမားဟာ မိုနာကိုကေန ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕သြားျပီးကတည္းက (၁၃၂) ပြဲကစားထားျပီး (၉၇) ဂိုးသြင္းကာ (၅၈) ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။

သူဟာ ဒီရာသီမွာလည္း အသင္းအတြက္ (၇) ဂိုးသြင္း (၇) ဂိုးဖန္တီးေပးထားပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ အသင္းကို ျပန္လည္တည္ေဆာက္ရာမွာ အမ္ဘာေပကို အဓိက ကစားသမား အျဖစ္ သတ္မွတ္ထားျပီး လီဗာပူးလ္အသင္းကလည္း ျပင္သစ္လက္ေရြးစင္ကစားသမားနဲ႔ ပတ္သက္ျပီး သတင္းေတြ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

ျပင္သစ္လက္ေရြးစင္အသင္းနဲ႔ ကမာၻ႕ဖလား ဆြတ္ခူးခဲ့တဲ့ ကစားသမားရဲ႕ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၂ ဇြန္လ မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ျပီး AS သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္အသင္းဟာ အမ္ဘာေပကို ေနာက္ေႏြရာသီမွာ ေပါင္ ၁၆၁ သန္းနဲ႔ ေခၚယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ အေစာပိုင္းတုန္းက စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ ကမ္းလွမ္းမႈ (၃) ၾကိမ္ကို ပယ္ခ်ခဲ့သူလည္း ျဖစ္ပါတယ္။