လိုက်ပ်ဇစ်တိုက်စစ်ကစားသမား ဒန်နီအိုလ်မို ကို နွေရာသီမှာ ခေါ်ယူချင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်း

ရီးရဲလ်မက်ဒရစ်အသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ တိုက်စစ်ကစားသမား ဒန်နီအိုလ်မိုကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီတုန်းက ခေါ်ယူချင်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ဇန်နဝါရီအပြောင်းအရွှေ့မှ ဒိုင်နမိုဇာဂရက်ကနေ လိုက်ပ်ဇစ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး အသင်းအတွက် လက်ရှိမှာ ပြိုင်ပွဲစုံ (၂၆) ပွဲကစားထားပြီး (၅) ဂိုးသွင်း (၅) ဂိုးဖန်တီးပေးထားသူ ဖြစ်ပါတယ်။

Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့တုန်းက လိုက်ပ်ဇစ်အသင်းဆီကနေ စပိန်လက်ရွေးစင်ကစားသမားကို ပေါင် ၃၆ သန်း နဲ့ ခေါ်ယူရန် ဆက်သွယ်ချဉ်းကပ်ခဲ့တယ်လို့ သိရပါတယ်။ သို့သော်လည်း ဂျာမန်ကလပ်အသင်းက တိုက်စစ်ကစားသမားအတွက် စိတ်ဝင်စားမှု မှန်သမျှ ကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။

အိုလ်မိုဟာ လိုက်ပ်ဇစ်အသင်းအတွက် ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ဘွန်ဒက်စ်လီဂါ (၇) ပွဲကစားထားပြီး (၄) ဂိုးသွင်းပေးထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ချန်ပီယံလိဂ် (၃) ပွဲစလုံးမှာလည်း ပါဝင်ကစားထားပါတယ်။ တိုက်စစ်ကစားသမားဟာ လက်ရှိ စနေနေ့ ဆွစ်ဇာလန်အသင်းနဲ့ ကစားမယ့် စပိန်လက်ရွေးစင်အသင်းမှာလည်း ပါဝင်ထားသူဖြစ်ပါတယ်။

လိုက္ပ္ဇစ္တုိက္စစ္ကစားသမား ဒန္နီအိုလ္မို ကို ေႏြရာသီမွာ ေခၚယူခ်င္ခဲဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္း

ရီးရဲလ္မက္ဒရစ္အသင္းဟာ လိုက္ပ္ဇစ္အသင္းရဲ႕ တိုက္စစ္ကစားသမား ဒန္နီအိုလ္မိုကို ျပီးခဲ့တဲ့ အေျပာင္းအေရႊ႕ရာသီတုနး္က ေခၚယူခ်င္ခဲ့တယ္လို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ကစားသမားဟာ ဇန္န၀ါရီအေျပာင္းအေရႊ႕မွ ဒိုင္နမိုဇာဂရက္ကေန လိုက္ပ္ဇစ္အသင္းဆီ ေျပာင္းေရႊ႕ခဲ့တာ ျဖစ္ျပီး အသင္းအတြက္ လက္ရွိမွာ ျပိဳင္ပြဲစံု (၂၆) ပြဲကစားထားျပီး (၅) ဂိုးသြင္း (၅) ဂိုးဖန္တီးေပးထားသူ ျဖစ္ပါတယ္။

Bild သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္အသင္းဟာ ေႏြရာသီအေျပာင္းအေရႊ႕တုနး္က လိုက္ပ္ဇစ္အသင္းဆီကေန စပိန္လက္ေရြးစင္ကစားသမားကို ေပါင္ ၃၆ သန္း နဲ႔ ေခၚယူရန္ ဆက္သြယ္ခ်ဥ္းကပ္ခဲ့တယ္လို႔ သိရပါတယ္။ သို႔ေသာ္လည္း ဂ်ာမန္ကလပ္အသင္းက တုိက္စစ္ကစားသမားအတြက္ စိတ္၀င္စားမႈ မွန္သမွ် ကို ပယ္ခ်ခဲ့တာ ျဖစ္ပါတယ္။

အိုလ္မိုဟာ လိုက္ပ္ဇစ္အသင္းအတြက္ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ ဘြန္ဒက္စ္လီဂါ (၇) ပြဲကစားထားျပီး (၄) ဂိုးသြင္းေပးထားသူ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ခ်န္ပီယံလိဂ္ (၃) ပြဲစလံုးမွာလည္း ပါ၀င္ကစားထားပါတယ္။ တိုက္စစ္ကစားသမားဟာ လက္ရွိ စေနေန႔ ဆြစ္ဇာလန္အသင္းနဲ႔ ကစားမယ့္ စပိန္လက္ေရြးစင္အသင္းမွာလည္း ပါ၀င္ထားသူျဖစ္ပါတယ္။