ဘာစီလိုနာမှာ မကစားချင်တဲ့သူ ဘယ်သူမှမရှိဘူးလို့ ဆိုလိုက်တဲ့ လိုင်ယွန်တိုက်စစ်ကစားသမား ဒီပေး

ဒီပေးက ဘာစီလိုနာအသင်းမှာ ကစားသမားတိုင်းက ကစားချင်ကြတယ်လို့ ဝန်ခံပြောကြားပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့မှာ လာလီဂါကလပ်ကို ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းဟာ အသင်းကို စတင်ကိုင်တွယ်ကတည်းက လိုင်ယွန်တိုက်စစ်ကစားသမား ဒီပေးကို ခေါ်ယူချင်ခဲ့တာဖြစ်ပေမယ့် အသင်းရဲ့ ဘဏ္ဍာရေးထိခိုက်ဆုံးရှုံးမှုတွေကြောင့် မခေါ်ယူနိုင်ခဲ့ပါဘူး။

 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အသင်းဟာ ကစာသမားတွေကို ရောင်းချရတော့မယ့် အနေအထားအထိကို ရောက်နေတာဖြစ်ပါတယ်။ဒီပေးဟာ လိုင်ယွန်အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်နေတာဖြစ်လို့ ဘာစီလိုနာအသင်းဟာ နောက်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရနိုင်မှာပါ။

သို့သော်လည်း သတင်းများအရ ဒီပေးဟာ အလွတ်ပြောင်းရွှေ့ကြေးဖြစ်တဲ့အထိကိုတောင် မစောင့်တော့ပဲ ဇန်နဝါရီမှာပဲ ပြောင်းချင်နေတယ်လို့ သိရပါတယ်။ ဒူးဒဏ်ရာ ခွဲစိတ်ခံရပြီးတဲ့ ဘာစီလိုနာအသင်းရဲ့ လူငယ်တိုက်စစ်မှူး အန်ဆုဖာတီက (၄) လလောက် အနားယူရမှာဖြစ်လို့ အသင်းဟာ တိုက်စစ်ပိုင်းကို အရေးတကြီးအင်အားဖြည့်တင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ဟောလန် နဲ့ စပိန် (၁-၁) သရေကျခဲ့တဲ့ပွဲအပြီးမှာ ဒီပေးက “အဲ့ဒီကို မသွားချင်တဲ့သူ ဘယ်သူမရှိဘူးလဲ? ဘာစီလိုနာအသင်းက ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ။ လူတိုင်းက သွားချင်နေပေမယ့် ကျွန်တော်ကတော့ အဲ့ဒါကို စဉ်းစားနေမှာ မဟုတ်ပါဘူး။ ဘာစီလိုနာအကြောင်း ကျွန်တော်မသိပါဘူး။ အပြောင်းအရွှေ့ကလည်း မဖွင့်သေးပါဘူး။ ကျွန်တော့်ခေါင်းထဲမှာ ဒီထက်ပိုကောင်းတဲ့ ကစားသမားဖြစ်လာဖို့ အကောင်းဆုံး ကြိုးစားနေပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

ဘာစီလိုနာမွာ မကစားခ်င္တဲ့သူ ဘယ္သူမွမရွိဘူးလို႔ ဆိုလိုက္တဲ့ လိုင္ယြန္တုိက္စစ္ကစားသမား ဒီေပး

ဒီေပးက ဘာစီလိုနာအသင္းမွာ ကစားသမားတိုင္းက ကစားခ်င္ၾကတယ္လို႔ ၀န္ခံေျပာၾကားျပီးေနာက္ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ လာလီဂါကလပ္ကို ေျပာင္းေရႊ႕ဖြယ္ရွိေနတယ္လို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းဟာ အသင္းကုိ စတင္ကိုင္တြယ္ကတည္းက လိုင္ယြန္တိုက္စစ္ကစားသမား ဒီေပးကို ေခၚယူခ်င္ခဲ့တာျဖစ္ေပမယ့္ အသင္းရဲ႕ ဘ႑ာေရးထိခိုက္ဆံုးရႈံးမႈေတြေၾကာင့္ မေခၚယူႏိုင္ခဲ့ပါဘူး။

ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ အသင္းဟာ ကစာသမားေတြကို ေရာင္းခ်ရေတာ့မယ့္ အေနအထားအထိကို ေရာက္ေနတာျဖစ္ပါတယ္။ဒီေပးဟာ လိုင္ယြန္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆံုးႏွစ္ထဲကို ေရာက္ေနတာျဖစ္လို႔ ဘာစီလိုနာအသင္းဟာ ေနာက္ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူလို႔ရႏိုင္မွာပါ။

သို႔ေသာ္လည္း သတင္းမ်ားအရ ဒီေပးဟာ အလြတ္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့အထိကိုေတာင္ မေစာင့္ေတာ့ပဲ ဇန္န၀ါရီမွာပဲ ေျပာင္းခ်င္ေနတယ္လို႔ သိရပါတယ္။ ဒူးဒဏ္ရာ ခြဲစိတ္ခံရျပီးတဲ့ ဘာစီလိုနာအသင္းရဲ႕ လူငယ္တိုက္စစ္မွဴး အန္ဆုဖာတီက (၄) လေလာက္ အနားယူရမွာျဖစ္လို႔ အသင္းဟာ တိုက္စစ္ပိုင္းကို အေရးတၾကီးအင္အားျဖည့္တင္းဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

ေဟာလန္ နဲ႔ စပိန္ (၁-၁) သေရက်ခဲ့တဲ့ပြဲအျပီးမွာ ဒီေပးက “အဲ့ဒီကို မသြားခ်င္တဲ့သူ ဘယ္သူမရွိဘူးလဲ?  ဘာစီလိုနာအသင္းက ကမာၻ႕အေကာင္းဆံုး အသင္းေတြထဲက တစ္သင္းပါ။ လူတိုင္းက သြားခ်င္ေနေပမယ့္ ကၽြန္ေတာ္ကေတာ့ အဲ့ဒါကို စဥ္းစားေနမွာ မဟုတ္ပါဘူး။ ဘာစီလိုနာအေၾကာင္း ကၽြန္ေတာ္မသိပါဘူး။ အေျပာင္းအေရႊ႕ကလည္း မဖြင့္ေသးပါဘူး။ ကၽြန္ေတာ့္ေခါင္းထဲမွာ ဒီထက္ပိုေကာင္းတဲ့ ကစားသမားျဖစ္လာဖို႔ အေကာင္းဆံုး ၾကိဳးစားေနပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။