ကစားသမားတွေရဲ့ လစာဖြတ်တောက်မှုမှာ ရှုံးခဲ့တဲ့ ဘာစီလိုနာအသင်း ဒါရိုက်တာဘုတ်အဖွဲ့


တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ဗိုင်းရပ်စ်ကြောင့် နေရာတိုင်းမှာ ငွေကြေးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုး တွေမှာ လုပ်ငန်းရှင်တွေအနေနဲ့ သက်ဆိုင်ရာ ပတ်သက်သူတွေကို လစာလျော့ချမှုပြုလုပ်ပြီး အခြေအနေတွေကို အကောင်းဆုံးထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့တဲ့သူတွေထဲမှာ ဘာစီလိုနာအသင်းတာဝန်ရှိသူ တွေလည်း ပါဝင်ခဲ့ပေမယ့် ကစားသမားတွေရဲ့ ညှိနှိုင်းမှုအဆင်မပြေတာကြောင့် အောင်မြင်မှုမရခဲ့ဘူးလို့ သိရပါတယ်။


ကိုဗစ်ကြောင့် ဝင်ငွေပေါင်သန်း ၃၀၀ ကျော်နစ်နာခဲ့တဲ့ ဘာစီလိုနာဟာ ကစားသမားတွေရဲ့လစာပေးချေမှုဖြစ်တဲ့ ပေါင် ၁၉၁ သန်းကနေ လျော့ချနိုင်ဖို့ လုပ်ဆောင်ခဲ့တယ်ဆိုပေမယ့် ဘာစီလိုနာတာဝန်ရှိသူတွေနဲ့ ကစားသမားတွေရဲ့ဦးဆောင် သူတွေကြား ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အထိပြုလုပ်တဲ့ ညှိနိုင်းမှုမှာ အဆင်မပြေဖြစ်ခဲ့ကြောင်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


သတင်းတွေရဲ့ဖော်ပြချက်အရတော့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဟာ ကစားသမားတွေရဲ့ လစာ ၃၀ ရာခိုင်နှုန်းကို လျော့ချဖို့အတွက် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဘာစီလိုနာဟာ ကိုဗစ် ကြောင့် လစာငွေများတဲ့ အသင်းရဲ့အဓိက,ကစားသမားတွေဖြစ်တဲ့ ဆွာရက်ဇ်၊ ရာကီတစ်နဲ့ ဗီဒယ်လ်တို့ကို နွေရာသီအ ပြောင်းအရွှေ့တုန်းက အသင်းပြောင်းခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version

ကစားသမားေတြရဲ႕ လစာျဖတ္ေတာက္မႈမွာ ရႈံးခဲ့တဲ့ ဘာစီလိုနာအသင္း ဒါ႐ိုက္တာဘုတ္အဖြဲ႕
တစ္ကမ႓ာလံုးမွာ ျဖစ္ပြားေနတဲ့ ကိုဗစ္ဗိုင္းရပ္စ္ေၾကာင့္ ေနရာတိုင္းမွာ ေငြေၾကးဆံုးရႈံးမႈေတြရွိခဲ့ပါတယ္။ ဒီလိုအေျခအေနမ်ိဳး ေတြမွာ လုပ္ငန္းရွင္ေတြအေနနဲ႔ သက္ဆိုင္ရာ ပတ္သက္သူေတြကို လစာေလ်ာ့ခ်မႈျပဳလုပ္ၿပီး အေျခအေနေတြကို အေကာင္းဆံုးထိန္းခ်ဳပ္ႏိုင္ဖို႔ လုပ္ေဆာင္ခဲ့ၾကပါတယ္။ ဒီလိုလုပ္ေဆာင္ခဲ့တဲ့သူေတြထဲမွာ ဘာစီလိုနာအသင္းတာဝန္ရွိသူ ေတြလည္း ပါဝင္ခဲ့ေပမယ့္ ကစားသမားေတြရဲ႕ ညွိႏိႈင္းမႈအဆင္မေျပတာေၾကာင့္ ေအာင္ျမင္မႈမရခဲ့ဘူးလို႔ သိရပါတယ္။
ကိုဗစ္ေၾကာင့္ ဝင္ေငြေပါင္သန္း ၃၀၀ ေက်ာ္နစ္နာခဲ့တဲ့ ဘာစီလိုနာဟာ ကစားသမားေတြရဲ႕လစာေပးေခ်မႈျဖစ္တဲ့ ေပါင္ ၁၉၁ သန္းကေန ေလ်ာ့ခ်ႏိုင္ဖို႔ လုပ္ေဆာင္ခဲ့တယ္ဆိုေပမယ့္ ဘာစီလိုနာတာဝန္ရွိသူေတြနဲ႔ ကစားသမားေတြရဲ႕ဦးေဆာင္ သူေတြၾကား ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က အထိျပဳလုပ္တဲ့ ညွိႏိုင္းမႈမွာ အဆင္မေျပျဖစ္ခဲ့ေၾကာင္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရေတာ့ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြဟာ ကစားသမားေတြရဲ႕ လစာ ၃၀ ရာခိုင္ႏႈန္းကို ေလ်ာ့ခ်ဖို႔အတြက္ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ဘာစီလိုနာဟာ ကိုဗစ္ ေၾကာင့္ လစာေငြမ်ားတဲ့ အသင္းရဲ႕အဓိက,ကစားသမားေတြျဖစ္တဲ့ ဆြာရက္ဇ္၊ ရာကီတစ္နဲ႔ ဗီဒယ္လ္တို႔ကို ေႏြရာသီအ ေျပာင္းအေရႊ႕တုန္းက အသင္းေျပာင္းခြင့္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။