ဘောလုံးကစားခြင်း ကနေ အနားယူသွားတဲ့ အသက် ၃၄ နှစ်အရွယ် အာဂျင်တီးနားနဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဟောင်း ဂါဂို

အာဂျင်တီးနား နဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဟောင်း ဂါဂိုက အသက် ၃၄ နှစ်အရွယ်မှာပဲ ဘောလုံးကစားခြင်းကနေ အနားယူသွားပြီဖြစ်ပါတယ်။ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် (၆၁) ပွဲကစားခဲ့တဲ့ ဂါဂိုဟာ ဘိုကာဂျူနီယာ၊ ရိုးမား ၊ဗလင်စီယာ နဲ့ ဗယ်လက်ဇ်ဆာဖီးလ်အသင်းတွေမှာ ကစားခဲ့ပါတယ်။ အနားယူတာနဲ့ ပတ်သက်ပြီး ဂါဂိုက အင်စတာဂရမ်မှာပဲ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော့် ဘောလုံးကစားသမားဘဝကနေ အနားယူရန် ဆုံးဖြတ်လိုက်ပြီဆိုတာ အားလုံးကို ပြောပြချင်ပါတယ်။ ၁၅ နှစ်လောက် ကစားပြီးတဲ့နောက်မှာ ကျွန်တော်ာ လုံး၀ ကို ကျေနပ်သွားလို့ ဒီလမ်းကြောင်းကို ခွဲခွာဖို့ ရွေးလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ဂါဂိုက ရေးသားသွားခဲ့ပါတယ်။

၂၀၀၇ ခုနှစ်က ငယ်ဘဝကလပ် ဘိုကာဂျူနီယာအသင်းကနေ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ အာဂျင်တီးနားသားဟာ ဘာနေဗျူးမှာ ကစားခဲ့တဲ့ (၅) နှစ်တာကာလအတွင်း စပိန်လာလီဂါ အမှတ်ပေးဖလား (၂) ကြိမ် ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ သို့သော်လည်းသူဟာ ဒဏ်ရာပြဿာနာတွေနဲ့ လုံးပမ်းခဲ့ရပြီး ဗလင်စီယာအသင်းဆီ မပြောင်းရွှေ့ခင် ရိုးမားအသင်းထံ အငှားနဲ့ သွားရောက်ကစားခဲ့သော်လည်း (၂) သင်းစလုံးမှာ ရုန်းကန်ခဲ့ရပါတယ်။

၂၀၁၃ ခုနှစ်ကို ရောက်တော့ သူဟာ မွေးရပ်မြေ အာဂျင်တီးနားကို ပြန်သွားခဲ့ပြီး ငယ်ဘဝကလပ် Velez Sarfield မှာ (၆) လ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး Superfinal အမှတ်ပေးဖလားဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ အဲ့ဒီကနေမှ ဂါဂိုဟာ ဘိုကာဂျူနီယာအသင်းဆီ ပြန်ရောက်သွားခဲ့ပြီးနောက် (၆) နှစ်အကြာမှာ Velez ကို ပြန်သွားခဲ့ပေမယ့် ဒုတိယအကြိမ်မှာတော့ ဒဏ်ရာတွေနဲ့ လုံးပမ်းခဲ့ရပါတယ်။သူဟာ အာဂျင်တီးနားမှာတုန်းက မက်ဆီ ၊ အဂူရို နဲ့ ဒီမာရီယာ တို့နဲ့အတူ ၂၀၀၈ အိုလံပစ်ကို ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တုန်းကလည်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့သဖြစ်ပါတယ်။

ေဘာလံုးကစားျခင္း ကေန အနားယူသြားတဲ့ အသက္ ၃၄ ႏွစ္အရြယ္ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ ေဟာင္း ဂါဂို

အာဂ်င္တီးနား နဲ႔ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ ေဟာင္း ဂါဂိုက အသက္ ၃၄ ႏွစ္အရြယ္မွာပဲ ေဘာလံုးကစားျခင္းကေန အနားယူသြားျပီျဖစ္ပါတယ္။ အာဂ်င္တီးနား လက္ေရြးစင္အသင္းအတြက္ (၆၁) ပြဲကစားခဲ့တဲ့ ဂါဂိုဟာ ဘိုကာဂ်ဴနီယာ၊ ရိုးမား ၊ဗလင္စီယာ နဲ႔ ဗယ္လက္ဇ္ဆာဖီးလ္အသင္းေတြမွာ ကစားခဲ့ပါတယ္။ အနားယူတာနဲ႔ ပတ္သက္ျပီး ဂါဂိုက အင္စတာဂရမ္မွာပဲ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

“ကၽြန္ေတာ့္ ေဘာလံုးကစားသမားဘ၀ကေန အနားယူရန္ ဆံုးျဖတ္လိုက္ျပီဆိုတာ အားလံုးကို ေျပာျပခ်င္ပါတယ္။ ၁၅ ႏွစ္ေလာက္ ကစားျပီးတဲ့ေနာက္မွာ ကၽြန္ေတာ္ာ လံုး၀ ကို ေက်နပ္သြားလို႔ ဒီလမ္းေၾကာင္းကို ခြဲခြာဖို႔ ေရြးလိုက္ပါတယ္။ အားလံုးကို ေက်းဇူးတင္ပါတယ္” လို႔ ဂါဂိုက ေရးသားသြားခဲ့ပါတယ္။

၂၀၀၇ ခုႏွစ္က ငယ္ဘ၀ကလပ္ ဘိုကာဂ်ဴနီယာအသင္းကေန ရီးရဲလ္မက္ဒရစ္ဆီ ေျပာင္းေရႊ႕ခဲ့တဲ့ အာဂ်င္တီးနားသားဟာ ဘာေနဗ်ဴးမွာ ကစားခဲ့တဲ့ (၅) ႏွစ္တာကာလအတြင္း စပိန္လာလီဂါ အမွတ္ေပးဖလား (၂) ၾကိမ္ ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။ သို႔ေသာ္လည္းသူဟာ ဒဏ္ရာျပႆာနာေတြနဲ႔ လံုးပမ္းခဲ့ရျပီး ဗလင္စီယာအသင္းဆီ မေျပာင္းေရႊ႕ခင္ ရိုးမားအသင္းထံ အငွားနဲ႔ သြားေရာက္ကစားခဲ့ေသာ္လည္း (၂) သင္းစလံုးမွာ ရုန္းကန္ခဲ့ရပါတယ္။

၂၀၁၃ ခုႏွစ္ကို ေရာက္ေတာ့ သူဟာ ေမြးရပ္ေျမ အာဂ်င္တီးနားကို ျပန္သြားခဲ့ျပီး ငယ္ဘ၀ကလပ္ Velez Sarfield မွာ (၆) လ အငွားနဲ႔ သြားေရာက္ကစားခဲ့ျပီး Superfinal အမွတ္ေပးဖလားဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။ အဲ့ဒီကေနမွ ဂါဂိုဟာ ဘိုကာဂ်ဴနီယာအသင္းဆီ ျပန္ေရာက္သြားခဲ့ျပီးေနာက္ (၆) ႏွစ္အၾကာမွာ Velez ကို ျပန္သြားခဲ့ေပမယ့္ ဒုတိယအၾကိမ္မွာေတာ့ ဒဏ္ရာေတြနဲ႔ လံုးပမ္းခဲ့ရပါတယ္။သူဟာ အာဂ်င္တီးနားမွာတုန္းက မက္ဆီ ၊ အဂူရို နဲ႔ ဒီမာရီယာ တို႔နဲ႔အတူ ၂၀၀၈ အိုလံပစ္ကို ဆြတ္ခူးႏိုင္ခဲ့ျပီး ၂၀၁၄ ခုႏွစ္တုန္းကလည္း ကမာၻ႕ဖလား ဗိုလ္လုပြဲကို တက္လွမ္းႏိုင္ခဲ့သျဖစ္ပါတယ္။