(၆) လလောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး မန်ဇူကစ် ဆဲလ်တာဗီဂိုအသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့

မန်ဇူကစ်ဟာ (၆)လလောက် အသင်းလက်မဲ့ဖြစ်နေတာကို ဆဲလ်တာဗီဂိုအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပူးပေါင်းလိုက်ပြီးနောက် အဆုံးသတ်လိုက်နိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်းကို အက်စတွန်ဗီလာ နဲ့ ဝက်စ်ဟမ်းအသင်းတို့ကို ပြောင်းရွှေ့ရန် အခွင့်အရေးရခဲ့တယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ ကာတာကလပ် အဲလ်ဒူဟေးလ် အသင်းနဲ့ ဒီနှစ်အစောပိုင်းကတည်းက စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဖြစ်နေလို့ ခေါ်ယူလို့ရနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ အက်စတွန်ဗီလာ နဲ့ ဝက်စ်ဟမ်းအသင်တို့ဟာ ခရိုအေးရှားကစားသမားကို ခေါ်ယူရန် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ယခုအခါ ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကိုမက်ဒရစ် နဲ့ ဂျူဗင်တပ်စ် ကစားသမားဟောင်းဟာ ဘင်နီဗန်တို နဲ့ ဖီအိုရင်တီးနားတို့နဲ့ အပြိုင် ကမ်းလှမ်းခဲ့တဲ့ ဆဲလ်တာဗီဂိုအသင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဆဲလ်တာဗီဂိုအသင်းဟာ ဒီရာသီမှာ ရုန်းကန်နေရသော်လည်း မန်ဇူကစ်ကို ခေါ်ယူလိုက်နိုင်ပါတယ်။ သူတို့ဟာ စပိန်လာလီဂါ (၉) ပွဲကစားပြီးချိန်မှာ (၁) ပွဲသာ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား အောက်ဆုံး (၃) နေရာက အသင်းအပေါ်မှာ တစ်မှတ်အကွာနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ မန်ဇူကစ်ရောက်ရှိလာတာဖြစ်လို့ ဒီရာသီမှာ (၆) ဂိုးပဲ သွင်းထားတဲ့ အသင်းရဲ့ တိုက်စစ်အတွက်တော့ အင်အားတစ်ရပ်ဖြစ်မယ်လို့ မျှော်လင့်နေပါတယ်။

(၆) လေလာက္ အသင္းလက္မဲ့ျဖစ္ေနတဲ့ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး မန္ဇူကစ္ ဆဲလ္တာဗီဂိုအသင္းဆီ အလြတ္န႔ဲ ေျပာင္းေရႊ႕

မန္ဇူကစ္ဟာ (၆)လေလာက္ အသင္းလက္မဲ့ျဖစ္ေနတာကို ဆဲလ္တာဗီဂိုအသင္းဆီ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ပူးေပါင္းလိုက္ျပီးေနာက္ အဆံုးသတ္လိုက္ႏိုင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴးေဟာင္းကို အက္စတြန္ဗီလာ နဲ႔ ၀က္စ္ဟမ္းအသင္းတို႔ကို ေျပာင္းေရႊ႕ရန္ အခြင့္အေရးရခဲ့တယ္လို႔ သတင္းထြက္ခဲ့ပါေသးတယ္။

အသက္ ၃၄ ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ ကစားသမားဟာ ကာတာကလပ္ အဲလ္ဒူေဟးလ္ အသင္းနဲ႔ ဒီႏွစ္အေစာပိုင္းကတည္းက  စာခ်ဳပ္သက္တမ္းကုန္ဆံုးခဲ့ျပီးေနာက္ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ျဖစ္ေနလို႔ ေခၚယူလို႔ရႏိုင္တဲ့ ကစားသမားျဖစ္ပါတယ္။ အက္စတြန္ဗီလာ နဲ႔ ၀က္စ္ဟမ္းအသင္တို႔ဟာ ခရိုေအးရွားကစားသမားကို ေခၚယူရန္ ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။

ယခုအခါ ဘိုင္ယန္ျမဴးနစ္၊ အက္သလက္တီကိုမက္ဒရစ္ နဲ႔ ဂ်ဴဗင္တပ္စ္ ကစားသမားေဟာင္းဟာ ဘင္နီဗန္တို နဲ႔ ဖီအိုရင္တီးနားတို႔နဲ႔ အျပိဳင္ ကမ္းလွမ္းခဲ့တဲ့ ဆဲလ္တာဗီဂိုအသင္းကို ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ ဆဲလ္တာဗီဂိုအသင္းဟာ ဒီရာသီမွာ ရုန္းကန္ေနရေသာ္လည္း မန္ဇူကစ္ကို ေခၚယူလိုက္ႏိုင္ပါတယ္။ သူတို႔ဟာ စပိန္လာလီဂါ (၉) ပြဲကစားျပီးခ်ိန္မွာ (၁) ပြဲသာ အႏိုင္ရခဲ့ျပီး အမွတ္ေပးဇယား ေအာက္ဆံုး (၃) ေနရာက အသင္းအေပၚမွာ တစ္မွတ္အကြာနဲ႔ ရပ္တည္ေနတာျဖစ္ပါတယ္။ မန္ဇူကစ္ေရာက္ရွိလာတာျဖစ္လို႔ ဒီရာသီမွာ (၆) ဂိုးပဲ သြင္းထားတဲ့ အသင္းရဲ႕ တိုက္စစ္အတြက္ေတာ့ အင္အားတစ္ရပ္ျဖစ္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။