ဘာစီလိုနာရဲ့ ဥက္ကဌအသစ်အပေါ်မူတည်နေတဲ့ မက်ဆီရဲ့ အနာဂတ်

ဘာစီလိုနာအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီရဲ့ အနာဂတ်ဟာ နောက်လာမယ့် ဥက္ကဌအသစ်အပေါ်မူတည်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာ ဥက္ကဌဟောင်း ဘာတိုမြူနဲ့ ဆက်ဆံရေး အဆင်မပြေခဲ့တာတွေရှိခဲ့ပြီး မက်ဆီဟာ နွေရာသီအပြောင်းအရွှေ့တုန်းက အသင်းပြောင်းခွင့်တောင်းဆိုခဲ့သော်လည်း စာချုပ်ဖျက်သိမ်းကြေးကြောင့် ထွက်ခွာခွင့်မရခဲ့ပါဘူး။

ဘာတိုမြူဟာ အသင်းရဲ့ ဥက္ကဌရာထူးကနေ ထွက်ခွာခဲ့ပေမယ့် မက်ဆီရဲ့ အနာ၈တ်ဟာ ဘာစီလိုနာ ဘုတ်အဖွဲ့ဝင်အသစ်တွေအပေါ်မူတည်နေပါသေးတယ်။မာကာ သတင်းဌာနရဲ့ အဆိုအရ ဘောလွန်းဒီအော (၆) ကြိမ်ဆုရှင်ကားသမားဟာ အသင်းဥက္ကဌသစ် မရောက်လာခင်အထိ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာဆုံးဖြတ်ချက်မှ မချဘူးလို့ သိရပါတယ်။

မက်ဆီဟာ အသင်းရဲ့ အပြောင်းအရွှေ့ မူဝါဒါနဲ့ ရေရှည်စီမံကိန်းတွေကိုလည်း မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ကစားသမားရဲ့ စာချုပ်သက်တမ်းက ဒီနှစ်မှာ ကုန်ဆုံးမှာပါ။ မက်ဆီဟာ စနေနေ့က ရီးရဲလ်ဘက်တစ်အသင်းကို (၅-၂) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အရန်ခုံကနေ ဝင်ရောက်ကစားပြီး (၂) ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။

ဘာစီလိုနာရဲ႕ ဥကၠဌအသစ္အေပၚမူတည္ေနတဲ့ မက္ဆီရဲ႕ အနာဂတ္

ဘာစီလိုနာအသင္းေခါင္းေဆာင္ တိုက္စစ္မွဴး မက္ဆီရဲ႕ အနာဂတ္ဟာ ေနာက္လာမယ့္ ဥကၠဌအသစ္အေပၚမူတည္ေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ အာဂ်င္တီးနားလက္ေရြးစင္ကစားသမားဟာ ဥကၠဌေဟာင္း ဘာတိုျမဴနဲ႔ ဆက္ဆံေရး အဆင္မေျပခဲ့တာေတြရွိခဲ့ျပီး မက္ဆီဟာ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက အသင္းေျပာင္းခြင့္ေတာင္းဆိုခဲ့ေသာ္လည္း စာခ်ဳပ္ဖ်က္သိမ္းေၾကးေၾကာင့္ ထြက္ခြာခြင့္မရခဲ့ပါဘူး။

ဘာတိုျမဴဟာ အသင္းရဲ႕ ဥကၠဌရာထူးကေန ထြက္ခြာခဲ့ေပမယ့္ မက္ဆီရဲ႕ အနာ၈တ္ဟာ ဘာစီလိုနာ ဘုတ္အဖြဲ႔၀င္အသစ္ေတြအေပၚမူတည္ေနပါေသးတယ္။မာကာ သတင္းဌာနရဲ႕ အဆုိအရ ေဘာလြန္းဒီေအာ (၆) ၾကိမ္ဆုရွင္ကားသမားဟာ အသင္းဥကၠဌသစ္ မေရာက္လာခင္အထိ အနာဂတ္နဲ႔ ပတ္သက္ျပီး ဘာဆံုးျဖတ္ခ်က္မွ မခ်ဘူးလို႔ သိရပါတယ္။

မက္ဆီဟာ အသင္းရဲ႕ အေျပာင္းအေရႊ႕ မူ၀ါဒါနဲ႔ ေရရွည္စီမံကိန္းေတြကိုလည္း ေမးခြန္းထုတ္ခဲ့တာျဖစ္ပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ကစားသမားရဲ႕ စာခ်ဳပ္သက္တမ္းက ဒီႏွစ္မွာ ကုန္ဆံုးမွာပါ။ မက္ဆီဟာ စေနေန႔က ရီးရဲလ္ဘက္တစ္အသင္းကို (၅-၂) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ အရန္ခံုကေန ၀င္ေရာက္ကစားျပီး (၂) ဂိုးသြင္းယူေပးခဲ့သူျဖစ္ပါတယ္။