ဗလင်စီယာကို ရှုံးခဲ့တဲ့ ပွဲမှာ ကွင်းလယ်လူ ဗယ်ဗာဒီ ခြေချောင်းရိုး ကျိုးခဲ့တယ်လို့ ရီးရဲလ်မက်ဒရစ်အသင်း အတည်ပြု

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဗယ်ဗာဒီ မနေ့က ကစားခဲ့တဲ့ ပွဲမှာ ခြေချောင်းရိုး ကျိုးခဲ့တယ်လို့ အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ နည်းပြဇီဒန်းရဲ့ အသင်းဟာ တနင်္ဂနွေနေ့ညက ဗလင်စီယာအသင်းကို (၄-၁) နဲ့ ဂိုးပြတ်ရှုံးနိမ့်ပြီး ၂၄ နာရီမပြည့်ခင်မှာပဲ အဆိုပါ သတင်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဗယ်ဗာဒီဟာ ပွဲချိန် ၇၂ မိနစ်မှာ တိုနီကရူးစ် နဲ့ လူစားလဲခဲ့ရပါတယ်။

ဗယ်ဗာဒီ ဘယ်အချိန်ပြန်လည်သက်သာလာမလဲဆိုတာကို ရီးရဲလ်မက်ဒရစ်အသင်းက ဘာမှ မပြောထားပေမယ့် စပိန်က သတင်းများရဲ့ အဆိုအရ အနည်းဆုံး (၁) လလောက် အနားယူရမယ်လို့ သိရပါတယ်။ ဗယ်ဗာဒီဟာ ဇီဒန်းရဲ့ အသင်းမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ကစားလာရသူဖြစ်ပြီး ဒီရာသီမှာလည်း (၁၁) ပွဲကစား (၃) ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။ သူဟာ ဒီလမှာ ကစားမယ့် ဥရုဂွေးလက်ရွေးစင်အသင်းရဲ့ ကိုလံဘီယာ ၊ ဘရာဇီးအသင်းတို့နဲ့ ရင်ဆိုင်ကစားရမယ့်ပွဲတွေကိုလည်း လွဲချော်ရတော့မှာပါ။

ရီးရဲလ်မက်ဒရစ်က ဟာဇက် နဲ့ ကက်စမဲရိုးတို့ကလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိနေတဲ့အပြင် ဘင်ဇီမာကလည်း ကြံ့ခိုင်မှု မပြည့်မဝဖြစ်နေတယ်လို့ သိရပါတယ်။ နိုင်ငံတကာပွဲတွေအပြီးမှာ ကစားရမယ့် ဗီလာရီးရဲလ်၊ အင်တာမီလန်အသင်းတို့ပွဲမတိုင်မီ အသင်းရဲ့ ကစားသမားတွေအကုန် ပြန်လည်ပါဝင်နိုင်မယ်လို့ နည်းပြ ဇီဒန်းက မျှော်လင့်နေတာဖြစ်ပါတယ်။

ဗလင္စီယာကို ရႈံးခဲ့တဲ့ ပြဲမွာ ကြင္းလယ္လူ ဗယ္ဗာဒီ ေျခေခ်ာင္းရိုး က်ိဳးခဲ့တယ္လို႔ ရီးရဲလ္မက္ဒရစ္အသင္း အတည္ျပဳ

ရီးရဲလ္မက္ဒရစ္ ကြင္းလယ္လူ ဗယ္ဗာဒီ မေန႔က ကစားခဲ့တဲ့ ပြဲမွာ ေျခေခ်ာင္းရိုး က်ိဳးခဲ့တယ္လို႔ အသင္းက ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ နည္းျပဇီဒန္းရဲ႕ အသင္းဟာ တနဂၤေႏြေန႔ညက ဗလင္စီယာအသင္းကို (၄-၁) နဲ႔ ဂိုးျပတ္ရႈံးနိမ့္ျပီး ၂၄ နာရီမျပည့္ခင္မွာပဲ အဆုိပါ သတင္းထြက္ေပၚခဲ့တာျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ ဗယ္ဗာဒီဟာ ပြဲခ်ိန္ ၇၂ မိနစ္မွာ တိုနီကရူးစ္ နဲ႔ လူစားလဲခဲ့ရပါတယ္။

ဗယ္ဗာဒီ ဘယ္အခ်ိန္ျပန္လည္သက္သာလာမလဲဆိုတာကို ရီးရဲလ္မက္ဒရစ္အသင္းက ဘာမွ မေျပာထားေပမယ့္ စပိန္က သတင္းမ်ားရဲ႕ အဆိုအရ အနည္းဆံုး (၁) လေလာက္ အနားယူရမယ္လို႔ သိရပါတယ္။ ဗယ္ဗာဒီဟာ ဇီဒန္းရဲ႕ အသင္းမွာ အဓိက အခန္းက႑ကေန ပါ၀င္ကစားလာရသူျဖစ္ျပီး ဒီရာသီမွာလည္း (၁၁) ပြဲကစား (၃) ဂိုးသြင္းေပးထားသူျဖစ္ပါတယ္။ သူဟာ ဒီလမွာ ကစားမယ့္ ဥရုေဂြးလက္ေရြးစင္အသင္းရဲ႕ ကိုလံဘီယာ ၊ ဘရာဇီးအသင္းတို႔နဲ႔ ရင္ဆိုင္ကစားရမယ့္ပြဲေတြကိုလည္း လြဲေခ်ာ္ရေတာ့မွာပါ။

ရီးရဲလ္မက္ဒရစ္က ဟာဇက္ နဲ႔ ကက္စမဲရိုးတို႔ကလည္း ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုးေတြ႕ရွိေနတဲ့အျပင္ ဘင္ဇီမာကလည္း ၾကံ့ခိုင္မႈ မျပည့္မ၀ျဖစ္ေနတယ္လို႔ သိရပါတယ္။ ႏိုင္ငံတကာပြဲေတြအျပီးမွာ ကစားရမယ့္ ဗီလာရီးရဲလ္၊ အင္တာမီလန္အသင္းတို႔ပြဲမတိုင္မီ အသင္းရဲ႕ ကစားသမားေတြအကုန္ ျပန္လည္ပါ၀င္ႏိုင္မယ္လို႔ နည္းျပ ဇီဒန္းက ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။