ဒူးဒဏ်ရာ ခွဲစိတ်ခံရပြီးတဲ့ အန်ဆုဖာတီ (၄) လ လောက်အနားယူရမယ်လို့ ဘာစီလိုနာအသင်းအတည်ပြု

ဘာစီလိုနာအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အန်ဆုဖာတီဟာ ဒူးဒဏ်ရာ ခွဲစိတ်ခံရပြီးနောက် (၄) လအနားယူရမယ်လို့ အသင်းက အတည်ပြုသတင်းထုတ်ပြန်ခဲ့ပါတယ်။ စနေနေ့က ရီးရဲလ်ဘက်တစ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ တောင်ပံတိုက်စစ်ကစားသမားဟာ ဒီနေ့မှာပဲ ခွဲစိတ်မှု ခံယူခဲ့ရတာဖြစ်ပါတယ်။


အသက် ၁၈ နှစ်အရွယ်ကြယ်ပွင့်ဟာ ဘာစီလိုနာအသင်းအတွက် ပွဲထွက်ကစားခဲ့ပေမယ့် ပထမပိုင်းအပြီးမှာပဲ မက်ဆီ နဲ့ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။အန်ဆုဖာတီဟာ ဒီရာသီအစမှာ ဘာစီလိုနာအသင်းနဲ့အတူ အထင်ကြီးလောက်စရာ ခြေစွမ်းပြထားသူဖြစ်ပါတယ်။

လူငယ်ကစားသမားဟာ ဘာစီလိုနာအသင်းရဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲစုံ (၅) ဂိုးသွင်း (၄) ဂိုးဖန်တီးထားပါတယ်။အန်ဆုဖာတီကို စပိန်လက်ရွေးစင်အသင်းက နိုဝင်ဘာလမှာကစားမယ့် လက်ရွေးစင်ပွဲတွေအတွက် ရွေးချယ်ထားပေမယ့် ယခုအခါ ချန်လှပ်ထားရတော့မှာဖြစ်ပါတယ်။ ။ စပိန်အသင်းဟာ လာမယ့် ပွဲတွေအတွက် ဒဏ်ရာရ ကစားသမားနေရာမှာ အစားထိုးမယ့်ကစားသမားကို ထည့်သွင်းသွားမယ်လို့ သိရပါတယ်။

ဒူးဒဏ္ရာ ခြဲစိတ္ခံရၿပီးတဲ့ အန္ဆုဖာတီ (၄) လ ေလာက္အနားယူရမယ္လို႔ ဘာစီလိုနာအသင္းအတည္ျပဳ

ဘာစီလိုနာအသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား အန္ဆုဖာတီဟာ ဒူးဒဏ္ရာ ခြဲစိတ္ခံရၿပီးေနာက္ (၄) လအနားယူရမယ္လို႔ အသင္းက အတည္ျပဳသတင္းထုတ္ျပန္ခဲ့ပါတယ္။ စေနေန႔က ရီးရဲလ္ဘက္တစ္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ ေတာင္ပံတိုက္စစ္ကစားသမားဟာ ဒီေန႔မွာပဲ ခြဲစိတ္မႈ ခံယူခဲ့ရတာျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္အ႐ြယ္ၾကယ္ပြင့္ဟာ ဘာစီလိုနာအသင္းအတြက္ ပြဲထြက္ကစားခဲ့ေပမယ့္ ပထမပိုင္းအၿပီးမွာပဲ မက္ဆီ နဲ႔ လူစားလဲခံခဲ့ရတာ ျဖစ္ပါတယ္။အန္ဆုဖာတီဟာ ဒီရာသီအစမွာ ဘာစီလိုနာအသင္းနဲ႔အတူ အထင္ႀကီးေလာက္စရာ ေျခစြမ္းျပထားသူျဖစ္ပါတယ္။

လူငယ္ကစားသမားဟာ ဘာစီလိုနာအသင္းရဲ႕ ၂၀၂၀-၂၁ ေဘာလုံးရာသီမွာ အဓိက ကစားသမားတစ္ေယာက္ျဖစ္ၿပီး ၿပိဳင္ပြဲစုံ (၅) ဂိုးသြင္း (၄) ဂိုးဖန္တီးထားပါတယ္။အန္ဆုဖာတီကို စပိန္လက္ေ႐ြးစင္အသင္းက ႏိုဝင္ဘာလမွာကစားမယ့္ လက္ေ႐ြးစင္ပြဲေတြအတြက္ ေ႐ြးခ်ယ္ထားေပမယ့္ ယခုအခါ ခ်န္လွပ္ထားရေတာ့မွာျဖစ္ပါတယ္။ ။ စပိန္အသင္းဟာ လာမယ့္ ပြဲေတြအတြက္ ဒဏ္ရာရ ကစားသမားေနရာမွာ အစားထိုးမယ့္ကစားသမားကို ထည့္သြင္းသြားမယ္လို႔ သိရပါတယ္။