မက်ဆီကို အရန်မှာထားခဲ့ခြင်းအကြောင်းကို ပြန်လည်ဖြေရှင်းခဲ့တဲ့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်း


ပြီးခဲ့တဲ့စနေနေ့က ဘက်တစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းအနေနဲ့ အသင်းရဲ့အဓိက, တိုက်စစ်မှူး မက်ဆီကို အရန်ကစားသမားအဖြစ် အသုံးပြုခဲ့ခြင်းအတွက် ပြန်လည်ရှင်းပြခဲ့တယ်လို့ သိရပါတယ်။ မက်ဆီ ဟာ အရန်ကစားသမားအဖြစ် ဘက်တစ်နဲ့ပွဲမှာ ကစားခဲ့ရပေမယ့် လူစားဝင်လာပြီးနောက်မှာ အသင်းအတွက် သွင်းဂိုး နှစ် ဂိုး သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။


အသက် ၅၇ နှစ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ကိုးမန်းက “ ဘက်တစ်နဲ့မကစားခင်တစ်ရက်မှာ ကျွန်တော်တို့ စကားပြောဖြစ်ခဲ့ပါ တယ်။ ဒိုင်နမိုကိဗ်နဲ့ ပွဲကစားပြီးချိန်မှာ မက်ဆီအနေနဲ့ သက်သောင့်သက်သာမဖြစ်ဘူးလို့ ပြောခဲ့ပါတယ်။ သူက စောင့် ကြည့်နေခဲ့ပေမယ့် အဆင်မပြေသေးတာကြောင့် အရန်ကစားသမားအဖြစ် အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ဘာစီလိုနာဟာ ဘက်တစ်ကို ငါးဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။


မက်ဆီဟာ နွေရာသီအပြောင်းအရွှေ့တုန်းက အသင်းပြောင်းဖို့အတွက် ဘာစီလိုနာအသင်းတာဝန်ရှိသူတွေထံ တောင်းဆို ထားပြီး စာချုပ်သစ် ချုပ်ဆိုဖို့အတွက်လည်း အဆင်မပြေဖြစ်နေတာကြောင့် အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေဆဲ ဖြစ်ပါတယ်။ မက်ဆီကိုခေါ်ယူဖို့အတွက် အစောပိုင်းမှာ အင်တာမီလန်က စိတ်ဝင်စားခဲ့ပေမယ့် မန်စီးတီးကတော့ ခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

zawgyi version

မက္ဆီကို အရန္မွာထားခဲ့ျခင္းအေၾကာင္းကို ျပန္လည္ေျဖရွင္းခဲ့တဲ့ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္း
ၿပီးခဲ့တဲ့စေနေန႔က ဘက္တစ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းအေနနဲ႔ အသင္းရဲ႕အဓိက, တိုက္စစ္မွဴး မက္ဆီကို အရန္ကစားသမားအျဖစ္ အသံုးျပဳခဲ့ျခင္းအတြက္ ျပန္လည္ရွင္းျပခဲ့တယ္လို႔ သိရပါတယ္။ မက္ဆီ ဟာ အရန္ကစားသမားအျဖစ္ ဘက္တစ္နဲ႔ပြဲမွာ ကစားခဲ့ရေပမယ့္ လူစားဝင္လာၿပီးေနာက္မွာ အသင္းအတြက္ သြင္းဂိုး ႏွစ္ ဂိုး သြင္းယူေပးခဲ့တာပဲ ျဖစ္ပါတယ္။
အသက္ ၅၇ ႏွစ္ရွိေနၿပီျဖစ္တဲ့ ေရာ္နယ္ကိုးမန္းက “ ဘက္တစ္နဲ႔မကစားခင္တစ္ရက္မွာ ကြ်န္ေတာ္တို႔ စကားေျပာျဖစ္ခဲ့ပါ တယ္။ ဒိုင္နမိုကိဗ္နဲ႔ ပြဲကစားၿပီးခ်ိန္မွာ မက္ဆီအေနနဲ႔ သက္ေသာင့္သက္သာမျဖစ္ဘူးလို႔ ေျပာခဲ့ပါတယ္။ သူက ေစာင့္ ၾကည့္ေနခဲ့ေပမယ့္ အဆင္မေျပေသးတာေၾကာင့္ အရန္ကစားသမားအျဖစ္ အသံုးျပဳခဲ့တာပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ဘာစီလိုနာဟာ ဘက္တစ္ကို ငါးဂိုးႏွစ္ဂိုးနဲ႔ အႏိုင္ရခဲ့တာပဲ ျဖစ္ပါတယ္။
မက္ဆီဟာ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက အသင္းေျပာင္းဖို႔အတြက္ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြထံ ေတာင္းဆို ထားၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္လည္း အဆင္မေျပျဖစ္ေနတာေၾကာင့္ အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေနဆဲ ျဖစ္ပါတယ္။ မက္ဆီကိုေခၚယူဖို႔အတြက္ အေစာပိုင္းမွာ အင္တာမီလန္က စိတ္ဝင္စားခဲ့ေပမယ့္ မန္စီးတီးကေတာ့ ေခၚယူဖို႔ တရားဝင္ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။