ပင်နယ်တီတွေပေးခဲ့ရပြီး အသင်းအနေနဲ့ ရှုံးပွဲတွေ့ခဲ့ရပေမယ့် အင်အားအသစ် ဖြစ်စေတယ်လို့ ပြောခဲ့တဲ့ ရီးရဲလ်နည်းပြ ဇီဒန်း


ရီးရဲလ်အသင်းနည်းပြ ဇီဒန်းက ပြီးခဲ့တဲ့နေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗလင်စီယာနဲ့ပွဲစဉ်မှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပင်နယ်တီတွေ ပေးခဲ့ရပြီး ပွဲအပြီးမှာ လေးဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒီရှုံးပွဲက အသင်းအတွက် အင်အားအသစ်ဖြစ်စေ တယ်လို့ ပြောခဲ့ပါတယ်။ ဗလင်စီယာနဲ့ပွဲမှာ ရီးရဲလ်အနေနဲ့ ပင်နယ်တီ သုံးကြိမ်အထိပေးခဲ့ရပြီး ဗလင်စီယာကစားသမား ဆိုလာက သုံးကြိမ်စလုံးကို အမှားအယွင်းမရှိကန်သွင်းသွားနိုင်ခဲ့ပါတယ်။


ဗလင်စီယာနဲ့ပွဲစဉ်မှာ ရီးရဲလ်အသင်းရဲ့လူစာရင်းမှာ အသင်းခေါင်းဆောင်ရာမို့စ်၊ ဗာရန်း၊ မာဆယ်လိုနဲ့ ဘင်ဇီမာတို့လို ဝါရင့်ကစားသမားတွေကို လူငယ်ကစားသမားအများစုနဲ့ တွဲပြီး နည်းပြဇီဒန်းအနေနဲ့ ပွဲထွက်လာခဲ့ပေမယ့် အိမ်ရှင်အသင်း ရဲ့ ရုန်းအားကို မယှဉ်နိုင်ဘဲ ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဗလင်စီယာနဲ့ကစားတဲ့ ပွဲမှာ အဓိက,ကစားသမားတွေဖြစ် တဲ့ ဟာဇက်နဲ့ ကက်ဆီမီရိုတို့ ကိုဗစ်ကူးစက်ခံရထားတာကြောင့် ပါဝင်ကစားခဲ့ခြင်း မရှိဘူးလို့လည်း သိရပါတယ်။


ရီးရဲလ်ရဲ့ ရှုံးပွဲဟာ အသင်းရဲ့ကွင်းလယ်အဖျက်ပိုင်းမှာ ခြေစွမ်းပြနေတဲ့ ကက်ဆီမီရို မကစားနိုင်တာကြောင့်လို့ သတင်းတွေ ထွက်ခဲ့တယ်လို့ သိရပါတယ်။ ဒီရာသီလာလီဂါပွဲစဉ်တွေမှာ ရီးရဲလ်အနေနဲ့ ၈ ပွဲကစားပြီးချိန်မှာ ရှုံးပွဲ ၂ ပွဲအထိရှိထားခဲ့တာ ဖြစ်ပြီး ကာဒစ်ဇ်ကို အိမ်ကွင်းနဲ့ ဗလင်စီယာကို အဝေးကွင်းတွေမှာ ရှုံးခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ရီးရဲလ်နည်းပြ ဇီဒန်းက အသင်းရဲ့ရှုံးပွဲက လူစာရင်းကို အပြောင်းအလဲပြုလုပ်ဖို့အတွက် အင်အားအသစ်ဖြစ်စေတယ်လို့ ပြောခဲ့ပါတယ်။

zawgyi version

ပင္နယ္တီေတြေပးခဲ့ရၿပီး အသင္းအေနနဲ႔ ရႈံးပြဲေတြ႕ခဲ့ရေပမယ့္ အင္အားအသစ္ ျဖစ္ေစတယ္လို႔ ေျပာခဲ့တဲ့ ရီးရဲလ္နည္းျပ ဇီဒန္း
ရီးရဲလ္အသင္းနည္းျပ ဇီဒန္းက ၿပီးခဲ့တဲ့ေန႔မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဗလင္စီယာနဲ႔ပြဲစဥ္မွာ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ပင္နယ္တီေတြ ေပးခဲ့ရၿပီး ပြဲအၿပီးမွာ ေလးဂိုးတစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္ ဒီရႈံးပြဲက အသင္းအတြက္ အင္အားအသစ္ျဖစ္ေစ တယ္လို႔ ေျပာခဲ့ပါတယ္။ ဗလင္စီယာနဲ႔ပြဲမွာ ရီးရဲလ္အေနနဲ႔ ပင္နယ္တီ သံုးႀကိမ္အထိေပးခဲ့ရၿပီး ဗလင္စီယာကစားသမား ဆိုလာက သံုးႀကိမ္စလံုးကို အမွားအယြင္းမရွိကန္သြင္းသြားႏိုင္ခဲ့ပါတယ္။
ဗလင္စီယာနဲ႔ပြဲစဥ္မွာ ရီးရဲလ္အသင္းရဲ႕လူစာရင္းမွာ အသင္းေခါင္းေဆာင္ရာမို႔စ္၊ ဗာရန္း၊ မာဆယ္လိုနဲ႔ ဘင္ဇီမာတို႔လို ဝါရင့္ကစားသမားေတြကို လူငယ္ကစားသမားအမ်ားစုနဲ႔ တြဲၿပီး နည္းျပဇီဒန္းအေနနဲ႔ ပြဲထြက္လာခဲ့ေပမယ့္ အိမ္ရွင္အသင္း ရဲ႕ ႐ုန္းအားကို မယွဥ္ႏိုင္ဘဲ ရႈံးပြဲၾကံဳေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ဗလင္စီယာနဲ႔ကစားတဲ့ ပြဲမွာ အဓိက,ကစားသမားေတြျဖစ္ တဲ့ ဟာဇက္နဲ႔ ကက္ဆီမီ႐ိုတို႔ ကိုဗစ္ကူးစက္ခံရထားတာေၾကာင့္ ပါဝင္ကစားခဲ့ျခင္း မရွိဘူးလို႔လည္း သိရပါတယ္။
ရီးရဲလ္ရဲ႕ ရႈံးပြဲဟာ အသင္းရဲ႕ကြင္းလယ္အဖ်က္ပိုင္းမွာ ေျခစြမ္းျပေနတဲ့ ကက္ဆီမီ႐ို မကစားႏိုင္တာေၾကာင့္လို႔ သတင္းေတြ ထြက္ခဲ့တယ္လို႔ သိရပါတယ္။ ဒီရာသီလာလီဂါပြဲစဥ္ေတြမွာ ရီးရဲလ္အေနနဲ႔ ၈ ပြဲကစားၿပီးခ်ိန္မွာ ရႈံးပြဲ ၂ ပြဲအထိရွိထားခဲ့တာ ျဖစ္ၿပီး ကာဒစ္ဇ္ကို အိမ္ကြင္းနဲ႔ ဗလင္စီယာကို အေဝးကြင္းေတြမွာ ရႈံးခဲ့တာပဲ ျဖစ္ပါတယ္။ ပြဲအၿပီးမွာေတာ့ ရီးရဲလ္နည္းျပ ဇီဒန္းက အသင္းရဲ႕ရႈံးပြဲက လူစာရင္းကို အေျပာင္းအလဲျပဳလုပ္ဖို႔အတြက္ အင္အားအသစ္ျဖစ္ေစတယ္လို႔ ေျပာခဲ့ပါတယ္။