ဒဏ်ရာကြောင့် ကာလရှည် အနားယူရဖွယ်ရှိတဲ့ ဘာစီလိုနာ လူငယ်တိုက်စစ်ကစားသမား အန်ဆုဖာတီ

ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်အန်ဆုဖာတီဟာ စနေနေ့က စပိန်လာလီဂါပွဲမှာ ရီးရဲလ်ဘက်တစ်အသင်းကို (၅-၂) နဲ့ အနိုင်ရခဲ့တဲ့ပွဲ၌ ဒူးဒဏ်ရာ ရရှိခဲ့ပြီး တော်တော်ကြာ အနားယူရဖွယ်ရှိနေပါတယ်။ အသက် ၁၈ နှစ်အရွယ်ကြယ်ပွင့်ဟာ ဘာစီလိုနာအသင်းအတွက် ပွဲထွက်ကစားခဲ့ပေမယ့် ပထမပိုင်းအပြီးမှာပဲ မက်ဆီ နဲ့ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက အန်ဆုဖလာတီရဲ့ ဒဏ်ရာ အနေအထားကို စစ်ဆေးနေပြီး ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ မသိသေးဘူးလို့ အတည်ပြုထားပါတယ်။ သို့သော်လည်း ဒေးလီးမေးလ်က ဖော်ပြချက်အရ စပိန်လက်ရွေးစင်ကစားသမားဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိသွားတာဖြစ်လို့ လအတော်တန်ကြာအနားယူရနိုင်တယ်လို့ သိရပါတယ်။

အန်ဆုဖာတီဟာ ဒီရာသီအစမှာ ဘာစီလိုနာအသင်းနဲ့အတူ အထင်ကြီးလောက်စရာ ခြေစွမ်းပြထားသူဖြစ်ပါတယ်။ လူငယ်ကစားသမားဟာ ဘာစီလိုနာအသင်းရဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲစုံ (၅) ဂိုးသွင်း (၄) ဂိုးဖန်တီးထားပါတယ်။

သို့သော်လည်း စပိန်လက်ရွေးစင်အသင်းက နိုဝင်ဘာလမှာကစားမယ့် လက်ရွေးစင်ပွဲတွေအတွက် ရွေးချယ်ထားတဲ့ အန်ဆုဖာတီဟာ ဒဏ်ရာကြောင့် အနားယူရတော့မှာ ဖြစ်ပါတယ်။ စပိန်အသင်းဟာ လာမယ့် ပွဲတွေအတွက် ဒဏ်ရာရ ကစားသမားနေရာမှာ အစားထိုးမယ့်ကစားသမားကို ထည့်သွင်းရမှာဖြစ်ပါတယ်။ အစောပိုင်းကတည်းက ဆီဗီလာက ဂျီးဆပ်စ်နာဗက်စ် ဒဏ်ရာရသွားလို့ အာဆင်နယ်က ဘယ်လာရင်ကို ရွေးချယ်ထားပြီးပြီလို့လည်း သိရပါတယ်။

ဒဏ္ရာေၾကာင့္ ကာလရွည္ အနားယူရဖြယ္ရွိတဲ့ ဘာစီလိုနာ လူငယ္တုိက္စစ္ကစားသမား အန္ဆုဖာတီ

ဘာစီလိုနာအသင္းရဲ႕ ၾကယ္ပြင့္အန္ဆုဖာတီဟာ စေနေန႔က စပိန္လာလီဂါပြဲမွာ ရီးရဲလ္ဘက္တစ္အသင္းကို (၅-၂) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲ၌ ဒူးဒဏ္ရာ ရရွိခဲ့ျပီး ေတာ္ေတာ္ၾကာ အနားယူရဖြယ္ရွိေနပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္ၾကယ္ပြင့္ဟာ ဘာစီလိုနာအသင္းအတြက္ ပြဲထြက္ကစားခဲ့ေပမယ့္ ပထမပိုင္းအျပီးမွာပဲ  မက္ဆီ နဲ႔ လူစားလဲခံခဲ့ရတာ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းက အန္ဆုဖလာတီရဲ႕ ဒဏ္ရာ အေနအထားကို စစ္ေဆးေနျပီး ဘယ္ေလာက္ၾကာၾကာ အနားယူရမလဲဆိုတာ မသိေသးဘူးလို႔ အတည္ျပဳထားပါတယ္။ သို႔ေသာ္လည္း ေဒးလီးေမးလ္က ေဖာ္ျပခ်က္အရ စပိန္လက္ေရြးစင္ကစားသမားဟာ ျပင္းထန္တဲ့ ဒူးဒဏ္ရာ ရရွိသြားတာျဖစ္လို႔ လအေတာ္တန္ၾကာအနားယူရႏိုင္တယ္လို႔ သိရပါတယ္။

အန္ဆုဖာတီဟာ ဒီရာသီအစမွာ ဘာစီလိုနာအသင္းနဲ႔အတူ အထင္ၾကီးေလာက္စရာ ေျခစြမ္းျပထားသူျဖစ္ပါတယ္။ လူငယ္ကစားသမားဟာ ဘာစီလုိနာအသင္းရဲ႕ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ အဓိက ကစားသမားတစ္ေယာက္ျဖစ္ျပီး ျပိဳင္ပြဲစံု (၅) ဂိုးသြင္း (၄) ဂိုးဖန္တီးထားပါတယ္။

သို႔ေသာ္လည္း စပိန္လက္ေရြးစင္အသင္းက ႏုိ၀င္ဘာလမွာကစားမယ့္ လက္ေရြးစင္ပြဲေတြအတြက္ ေရြးခ်ယ္ထားတဲ့ အန္ဆုဖာတီဟာ ဒဏ္ရာေၾကာင့္ အနားယူရေတာ့မွာ ျဖစ္ပါတယ္။ စပိန္အသင္းဟာ လာမယ့္ ပြဲေတြအတြက္ ဒဏ္ရာရ ကစားသမားေနရာမွာ အစားထိုးမယ့္ကစားသမားကို ထည့္သြင္းရမွာျဖစ္ပါတယ္။ အေစာပိုင္းကတည္းက ဆီဗီလာက ဂ်ီးဆပ္စ္နာဗက္စ္ ဒဏ္ရာရသြားလို႔ အာဆင္နယ္က ဘယ္လာရင္ကို ေရြးခ်ယ္ထားျပီးျပီလို႔လည္း သိရပါတယ္။