ရီးရဲလ်မက်ဒရစ် ကစားသမား တွေဖြစ်တဲ့ ဟာဇက် နဲ့ ကတ်စမဲရိုးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

ရီးရဲလ်မက်ဒရစ်ကစားသမားတွေဖြစ်တဲ့ ဟာဇက် နဲ့ ကတ်စမဲရိုးတို့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စစ်ဆေးတွေ့ရှိတယ်လို့ အသင်းက အတည်ပြုခဲ့ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအသင်းကနေ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်လာပြီး အသင်းမှာ ခြေစွမ်းပြရန် ရုန်းကန်နေရသူဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ဒဏ်ရာ မကြာခဏရနေပြီး ဒီရာသီမှာလည်း (၃) ပွဲသာ ကစားခွင့်ရထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဟူးစကာ နဲ့ အင်တာမီလန် အသင်းတို့ရဲ့ ပွဲမှာ ပွဲထွက်ကစားခွင့်ရပြီးနောက ်ယခုအခါ ဗလင်စီယာနဲ့ ပွဲလူစာရင်းကနေ ဘရာဇီးကစာသမား ကတ်စမဲရိုးနဲ့အတူ နှုတ်ထွက်ရမှာ ဖြစ်ပါတယ်။

“ရီးရဲလ်မက်ဒရစ်အသင်းက ကတ်စမဲရိုး နဲ့ ဟာဇက် တို့မှာ ကိုဗစ်-၁၉ ရောဂါပိုး မနေ့ကစစ်ဆေးပြီးနောက် ပိုးတွေ့ရှိခဲ့ပါတယ်။ အသင်းက အခြားကစားသမာတွေနဲ့ ဝန်ထမ်းတွေကိုလည်း စစ်ဆေးခဲ့ပေမယ့် ပိုးမတွေ့ခဲ့ပါဘူး” လို့ အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ရီးရဲလ္မက္ဒရစ္ ကစားသမား ေတြျဖစ္တဲ့ ဟာဇက္ နဲ႔ ကတ္စမဲရိုးတို႔မွာ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႔ရွိ

ရီးရဲလ္မက္ဒရစ္ကစားသမားေတြျဖစ္တဲ့ ဟာဇက္ နဲ႔ ကတ္စမဲရိုးတို႔မွာ ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုး စစ္ေဆးေတြ႕ရွိတယ္လို႔ အသင္းက အတည္ျပဳခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံလက္ေရြးစင္ကစားသမားဟာ ျပီးခဲ့တဲ့ရာသီက ခ်ဲလ္ဆီးအသင္းကေန ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္လာျပီး အသင္းမွာ ေျခစြမ္းျပရန္ ရုန္းကန္ေနရသူျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ကစားသမားဟာ ဒဏ္ရာ မၾကာခဏရေနျပီး ဒီရာသီမွာလည္း (၃) ပြဲသာ ကစားခြင့္ရထားပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဟူးစကာ နဲ႔  အင္တာမီလန္ အသင္းတို႔ရဲ႕ ပြဲမွာ ပြဲထြက္ကစားခြင့္ရျပီးေနာက ္ယခုအခါ ဗလင္စီယာနဲ႔ ပြဲလူစာရင္းကေန ဘရာဇီးကစာသမား ကတ္စမဲရိုးနဲ႔အတူ ႏႈတ္ထြက္ရမွာ ျဖစ္ပါတယ္။

“ရီးရဲလ္မက္ဒရစ္အသင္းက ကတ္စမဲရိုး နဲ႔ ဟာဇက္ တို႔မွာ ကိုဗစ္-၁၉ ေရာဂါပိုး မေန႔ကစစ္ေဆးျပီးေနာက္ ပိုးေတြ႕ရွိခဲ့ပါတယ္။ အသင္းက အျခားကစားသမာေတြနဲ႔ ၀န္ထမ္းေတြကိုလည္း စစ္ေဆးခဲ့ေပမယ့္ ပိုးမေတြ႔ခဲ့ပါဘူး” လို႔ အသင္းက ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။