ရီးရဲလ်မက်ဒရစ် နဲ့ အင်တာမီလန်အသင်းပွဲတုန်းက ဒဏ်ရာရခဲ့တဲ့ ဟာဇက်ကို ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက် ရွေးချယ်ခဲ့တဲ့ နည်းပြမာတီနက်ဇ်

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ဆုံးပွဲတုန်းက ခြေထောက်ထော့နင်းထော့နင်း နဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့တဲ့ ဟာဇက်ကို ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းရဲ့ လာမယ့်ပွဲများအတွက် ရွေးချယ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်တိုက်စစ်ကစားသမားဟာ ၂၀၁၉ နွေရာသီတုန်းက ချဲလ်ဆီးအသင်းကနေ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့သူဖြစ်သော်လည်း ခက်ခဲရုန်းကန်နေရပြီး အင်တာမီလန်အသင်းကို (၃-၂) နဲ့ အနိုင်ရခဲ့တဲ့ပွဲတုန်းကလည်း ပွဲကစားချိန် (၆၅) မိနစ် ကျော်လောက်မှာ ဒဏ်ရာ အနည်းအငယ်ရခဲ့လို့ လူစားလဲခံခဲ့ရသူ ဖြစ်ပါတယ်။

သို့သော်လည်း အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ တနင်္ဂနွေနေ့ ဗလင်စီယာအသင်းနဲ့ ကစားမယ့်ပွဲအတွက် ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝနိုင်ဖွယ်ရှိနေတာဖြစ်လို့ လက်ရွေးစင်အသင်းက ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ ဆွစ်ဇာလန်၊ အင်္ဂလန် နဲ့ အိုက်စလန်အသင်းတို့ရဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။စပိန်က မာကာ သတင်းဌာနရဲ့ ဖော်ပြချက်အရ မာတီနက်ဇ်ဟာ ဟာဇက်ရဲ့ စွမ်းဆောင်ရည် နဲ့ ကြံ့ခိုင်မှုကို မစိုးရိမ်ဘူးလို့ သိရပါတယ်။

“အေဒင်ဟာ ပြန်လာပြီးနောက် အရမ်းကို ကောင်းမွန်နေပါတယ်။ သူဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် (၂) ပွဲကစားထားပြီး ကောင်းမွန်တဲ့ ခံစားချက်ရထားပါတယ်။ ကျွန်တော်တို့ သူတိုးတက်လာမှာကို စောင့်ကြည့်နေပါတယ်။ သူ့ကိုလည်း အားပေးထောက်ခံသွားဦးမှာပါ” လို့ နည်းပြ မာတီနက်ဇ်က ပြောသွားခဲ့ပါတယ်။ ကွန်ပနီ မနှစ်က အနားယူသွားပြီးနောက် ဟာဇက်ဟာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်ကို တာဝန်ယူခဲ့သူဖြစ်ပါတယ်။

ရီးရဲလ္မက္ဒရစ္ နဲ႔ အင္တာမီလန္အသင္းပြဲတုန္းက ဒဏ္ရာရခဲ့တဲ့ ဟာဇက္ကို ဘယ္လ္ဂ်ီယံလက္ေရြးစင္အသင္းအတြက္ ေရြးခ်ယ္ခဲ့တဲ့ နည္းျပမာတီနက္ဇ္

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ေနာက္ဆံုးပြဲတုန္းက ေျခေထာက္ေထာ့နင္းေထာ့နင္း နဲ႔ ကြင္းထဲကေန ထြက္ခြာခဲ့တဲ့ ဟာဇက္ကို ဘယ္လ္ဂ်ီယံလက္ေရြးစင္အသင္းရဲ႕ လာမယ့္ပြဲမ်ားအတြက္ ေရြးခ်ယ္ခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္တုိက္စစ္ကစားသမားဟာ ၂၀၁၉ ေႏြရာသီတုန္းက ခ်ဲလ္ဆီးအသင္းကေန ၾကီးမားတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္လာခဲ့သူျဖစ္ေသာ္လည္း ခက္ခဲရုန္းကန္ေနရျပီး အင္တာမီလန္အသင္းကို (၃-၂) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲတုန္းကလည္း ပြဲကစားခ်ိန္ (၆၅) မိနစ္ ေက်ာ္ေလာက္မွာ ဒဏ္ရာ အနည္းအငယ္ရခဲ့လို႔ လူစားလဲခံခဲ့ရသူ ျဖစ္ပါတယ္။

သို႔ေသာ္လည္း အသက္ ၂၉ ႏွစ္အရြယ္ကစားသမားဟာ တနဂၤေႏြေန႔ ဗလင္စီယာအသင္းနဲ႔ ကစားမယ့္ပြဲအတြက္ ၾကံ့ခိုင္မႈ ျပန္လည္ျပည့္၀ႏိုင္ဖြယ္ရွိေနတာျဖစ္လို႔ လက္ေရြးစင္အသင္းက ေခၚယူခဲ့တယ္လို႔ သိရပါတယ္။ ဘယ္လ္ဂ်ီယံအသင္းဟာ ဆြစ္ဇာလန္၊ အဂၤလန္ နဲ႔ အိုက္စလန္အသင္းတို႔ရဲ႕ ရင္ဆိုင္ကစားရမွာ ျဖစ္ပါတယ္။စပိန္က မာကာ သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ မာတီနက္ဇ္ဟာ ဟာဇက္ရဲ႕ စြမ္းေဆာင္ရည္ နဲ႔ ၾကံ့ခိုင္မႈကို မစိုးရိမ္ဘူးလို႔ သိရပါတယ္။

“ေအဒင္ဟာ ျပန္လာျပီးေနာက္ အရမး္ကို ေကာင္းမြန္ေနပါတယ္။ သူဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ (၂) ပြဲကစားထားျပီး ေကာင္းမြန္တဲ့ ခံစားခ်က္ရထားပါတယ္။ ကၽြန္ေတာ္တို႔ သူတိုးတက္လာမွာကို ေစာင့္ၾကည့္ေနပါတယ္။ သူ႔ကိုလည္း အားေပးေထာက္ခံသြားဦးမွာပါ” လို႔ နည္းျပ မာတီနက္ဇ္က ေျပာသြားခဲ့ပါတယ္။ ကြန္ပနီ မႏွစ္က အနားယူသြားျပီးေနာက္ ဟာဇက္ဟာ ဘယ္လ္ဂ်ီယံလက္ေရြးစင္အသင္းရဲ႕ အသင္းေခါင္းေဆာင္ကို တာ၀န္ယူခဲ့သူျဖစ္ပါတယ္။