ဘာစီလိုနာမှာ ပြန်ကစားခဲ့ချင်ပေမယ့် ဘုတ်အဖွဲ့တာဝန်ရှိသူတွေက ကျွန်တော်ကို ပြန်မခေါ်ချင်ခဲ့ဘူးလို့ ပြောခဲ့တဲ့ ဒန်နီရယ် အဲလ်ဗက်စ်


ဘာစီလိုနာရဲ့ ညာတောင်ပံခံစစ်နေရာမှာ တာဝန်ယူကစားခဲ့တဲ့ ဒန်နီရယ်အဲလ်ဗက်စ်ဟာ အသင်းအတွက် ၈ နှစ်ကြာ ကစားခဲ့ပြီးနောက် စာချုပ်သစ်ထပ်မံမချုပ်တော့တာကြောင့် စီးရီးအေကလပ်ဂျူဗင်တပ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဂျူဗင်တပ်ကို ပြောင်းရွှေ့ပြီးနောက်မှာ အဲလ်ဗက်စ်အနေနဲ့ ဘာစီလိုနာမှာ ပြန်ကစားဖို့ ဆန္ဒရှိခဲ့တယ် ဆိုပေမယ့် အသင်း တာဝန်ရှိသူတွေကတော့ သူကို ပြန်ခေါ်ဖို့ ဆန္ဒမရှိခဲ့ကြောင်း အဲလ်ဗက်စ်က ပြောခဲ့ပါတယ်။


အဲလ်ဗက်စ်ဟာ ဘာစီလိုနာမှာ ၈ နှစ်တာကစားခဲ့တဲ့အချိန်အတွင်း ပြိုင်ပွဲစုံပွဲပေါင်း ၃၉၁ ပွဲကစားခဲ့ပြီး သွင်းဂိုး ၂၁ ဂိုးသွင်း ယူခဲ့ကာ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့အတူ လာလီဂါချန်ပီယံ ၆ ကြိမ်၊ ချန်ပီ ယံလိဂ်ချန်ပီယံ ၃ ကြိမ်အပါအဝင် စုစုပေါင်းဖလား ၂၃ အထိရယူနိုင်ခဲ့တဲ့ အဲလ်ဗက်စ်ဟာ ဘာစီလိုနာကထွက်ပြီးနောက်မှာ ဂျူဗင်တပ်၊ ပီအက်စ်ဂျီအသင်းတွေမှာ ကစားခဲ့ပြီး လက်ရှိအချိန်မှာတော့ ဘရာဇီးကလပ် ဆာပေါ်လိုမှာကစားနေတာပဲ ဖြစ် ပါတယ်။


RAC 1 ကနေတဆင့် အဲလ်ဗက်စ်က “ ကျွန်တော်အနေနဲ့ ဘာစီလိုနာကနေထွက်ခဲ့ရပေမယ့် ဂျူဗင်တပ်မှာ အကောင်းဆုံး ခြေစွမ်းရှိသေးတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဘာစီလိုနာမှာ ပြန်ကစားခွင့်ရဖို့ ကိုယ်တိုင်ကမ်း လှမ်းခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေကတော့ ဒါကို ငြင်းပယ်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ အဲလ်ဗက်စ်နောက်ပိုင်း ဘာစီလိုနာညာတောင်ပံခံစစ်နေရာမှာ အကောင်းဆုံးကစားနိုင်တဲ့ကစားသမား ပေါ်ထွက်လာခြင်းမရှိသေးတာ လက်ရှိ အချိန်ထိပဲ ဖြစ်ပါတယ်။

zawgyi version

ဘာစီလိုနာမွာ ျပန္ကစားခဲ့ခ်င္ေပမယ့္ ဘုတ္အဖြဲ႕တာဝန္ရွိသူေတြက ကြ်န္ေတာ္ကို ျပန္မေခၚခ်င္ခဲ့ဘူးလို႔ ေျပာခဲ့တဲ့ ဒန္နီရယ္ အဲလ္ဗက္စ္
ဘာစီလိုနာရဲ႕ ညာေတာင္ပံခံစစ္ေနရာမွာ တာဝန္ယူကစားခဲ့တဲ့ ဒန္နီရယ္အဲလ္ဗက္စ္ဟာ အသင္းအတြက္ ၈ ႏွစ္ၾကာ ကစားခဲ့ၿပီးေနာက္ စာခ်ဳပ္သစ္ထပ္မံမခ်ဳပ္ေတာ့တာေၾကာင့္ စီးရီးေအကလပ္ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕သြားခဲ့ပါတယ္။ ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕ၿပီးေနာက္မွာ အဲလ္ဗက္စ္အေနနဲ႔ ဘာစီလိုနာမွာ ျပန္ကစားဖို႔ ဆႏၵရွိခဲ့တယ္ ဆိုေပမယ့္ အသင္း တာဝန္ရွိသူေတြကေတာ့ သူကို ျပန္ေခၚဖို႔ ဆႏၵမရွိခဲ့ေၾကာင္း အဲလ္ဗက္စ္က ေျပာခဲ့ပါတယ္။
အဲလ္ဗက္စ္ဟာ ဘာစီလိုနာမွာ ၈ ႏွစ္တာကစားခဲ့တဲ့အခ်ိန္အတြင္း ၿပိဳင္ပြဲစံုပြဲေပါင္း ၃၉၁ ပြဲကစားခဲ့ၿပီး သြင္းဂိုး ၂၁ ဂိုးသြင္း ယူခဲ့ကာ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ဘာစီလိုနာနဲ႔အတူ လာလီဂါခ်န္ပီယံ ၆ ႀကိမ္၊ ခ်န္ပီ ယံလိဂ္ခ်န္ပီယံ ၃ ႀကိမ္အပါအဝင္ စုစုေပါင္းဖလား ၂၃ အထိရယူႏိုင္ခဲ့တဲ့ အဲလ္ဗက္စ္ဟာ ဘာစီလိုနာကထြက္ၿပီးေနာက္မွာ ဂ်ဴဗင္တပ္၊ ပီအက္စ္ဂ်ီအသင္းေတြမွာ ကစားခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ဘရာဇီးကလပ္ ဆာေပၚလိုမွာကစားေနတာပဲ ျဖစ္ ပါတယ္။
RAC 1 ကေနတဆင့္ အဲလ္ဗက္စ္က “ ကြ်န္ေတာ္အေနနဲ႔ ဘာစီလိုနာကေနထြက္ခဲ့ရေပမယ့္ ဂ်ဴဗင္တပ္မွာ အေကာင္းဆံုး ေျခစြမ္းရွိေသးတယ္ဆိုတာကို သက္ေသျပႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဘာစီလိုနာမွာ ျပန္ကစားခြင့္ရဖို႔ ကိုယ္တိုင္ကမ္း လွမ္းခဲ့ေပမယ့္ အသင္းတာဝန္ရွိသူေတြကေတာ့ ဒါကို ျငင္းပယ္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ အဲလ္ဗက္စ္ေနာက္ပိုင္း ဘာစီလိုနာညာေတာင္ပံခံစစ္ေနရာမွာ အေကာင္းဆံုးကစားႏိုင္တဲ့ကစားသမား ေပၚထြက္လာျခင္းမရွိေသးတာ လက္ရွိ အခ်ိန္ထိပဲ ျဖစ္ပါတယ္။