အသင်းဖော်ဟောင်းဖြစ်တဲ့ ဟာကီမီကို “ခွေးမသား” လို့ ဆဲဆိုခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမိုစ့်

အင်္ဂါနေ့က အင်တာမီလန်အသင်းကို ရီးရဲလ်မက်ဒရစ်အသင်းက အနိုင်ရခဲ့တဲ့ ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမိုစ့်က အသင်းဖော်ဟောင်းတစ်ဦဖြစ်တဲ့ ဟာကီမီကို ဆဲဆိုခဲ့တယ်လို့ စပိန်က သတင်းများအရ သိရပါတယ်။ စီးရီးအေ ကလပ်အသင်းကို (၃-၂) နဲ့ အနိုင်ရခဲ့တဲ့ အင်္ဂါနေ့က ပွဲမှာ အသက် ၃၄ နှစ်အရွယ် ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟာ မော်ရိုကို ကစားသမားက လဲကျသွားတဲ့အခါ ပင်နယ်တီတောင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး စိတ်ဆိုးပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်တစ်ခုအခါ ရာမိုစ့်ဟာ ပြီးခဲ့တဲ့နွေရာသီက ရီးရဲလ်မက်ဒရစ်အသင်းကနေ ပေါင် ၃၆ သန်းနဲ့ ပြောင်းသွားတဲ့ အင်တာမီလန်နောက်ခံလူ ဟာကီမီကို အော်ဟစ်ပြောဆိုနေတာကို တွေ့ရပါတယ်။“ထစမ်း ခွေးမသား၊ ထစမ်း ၊ ကြွက်တစ်ကောင်လို အော်နေတာ ရပ်တော့” လို့ အသက် ၂၂ နှစ်အအရွယ်ကစားသမားကို ဆွဲမထခင် ရာမိုစ့်အော်ပြောတာကို စပိန်သတင်းစာက ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။

ဟာကီမီဟာ ရီးရဲလ်မက်ဒရစ်အကယ်ဒမီဆီကို ၂၀၀၆ ခုနှစ်က ရောက်ရှိခဲ့ပြီး (၃) နှစ်အကြာမှ အသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပါတယ်။ မော်ရိုကို လက်ရွေးစင်ကစားသမားဟာ ရာမိုစ့်နဲ့အတူ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ တွဲကစားခဲ့သူဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအတွက် (၁၇) ပွဲကစားပြီးနောက် ဒေါ့မွန်အသင်းဆီ (၂) နှစ်အငှားချခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ နွေရာသီမှာ ကွန်တီရဲ့ အသင်းဆီကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ဟာကီမီကို “ေခြးမသား” လို႔ ဆဲဆိုခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ ရာမိုစ့္

အဂၤါေန႔က အင္တာမီလန္အသင္းကို ရီးရဲလ္မက္ဒရစ္အသင္းက အႏိုင္ရခဲ့တဲ့ ပြဲမွာ ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ ရာမိုစ့္က အသင္းေဖာ္ေဟာင္းတစ္ဦျဖစ္တဲ့ ဟာကီမီကို ဆဲဆိုခဲ့တယ္လို႔ စပိန္က သတင္းမ်ားအရ သိရပါတယ္။ စီးရီးေအ ကလပ္အသင္းကို (၃-၂) နဲ႔ အႏိုင္ရခဲ့တဲ့ အဂၤါေန႔က ပြဲမွာ အသက္ ၃၄ ႏွစ္အရြယ္ ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ဟာ ေမာ္ရိုကို ကစားသမားက လဲက်သြားတဲ့အခါ ပင္နယ္တီေတာင္းဆိုခဲ့တာနဲ႔ ပတ္သက္ျပီး စိတ္ဆိုးျပီး ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ထြက္ေပၚလာတဲ့ ဗီဒီယိုဖိုင္တစ္ခုအခါ ရာမိုစ့္ဟာ ျပီးခဲ့တဲ့ေႏြရာသီက ရီးရဲလ္မက္ဒရစ္အသင္းကေန ေပါင္ ၃၆ သန္းနဲ႔ ေျပာင္းသြားတဲ့ အင္တာမီလန္ေနာက္ခံလူ ဟာကီမီကို ေအာ္ဟစ္ေျပာဆိုေနတာကို ေတြ႔ရပါတယ္။“ထစမ္း ေခြးမသား၊ ထစမ္း ၊ ၾကြက္တစ္ေကာင္လို ေအာ္ေနတာ ရပ္ေတာ့” လို႔ အသက္ ၂၂ ႏွစ္အအရြယ္ကစားသမားကို ဆြဲမထခင္ ရာမိုစ့္ေအာ္ေျပာတာကို စပိန္သတင္းစာက ေဖာ္ျပသြားခဲ့တာျဖစ္ပါတယ္။

ဟာကီမီဟာ ရီးရဲလ္မက္ဒရစ္အကယ္ဒမီဆီကို ၂၀၀၆ ခုႏွစ္က ေရာက္ရွိခဲ့ျပီး (၃) ႏွစ္အၾကာမွ အသင္းအတြက္ ပထမဆံုး ပြဲထြက္ခြင့္ရခဲ့ပါတယ္။ ေမာ္ရိုကို လက္ေရြးစင္ကစားသမားဟာ ရာမိုစ့္နဲ႔အတူ ၂၀၁၇-၁၈ ေဘာလံုးရာသီမွာ တြဲကစားခဲ့သူျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ (၁၇) ပြဲကစားျပီးေနာက္ ေဒါ့မြန္အသင္းဆီ (၂) ႏွစ္အငွားခ်ခံခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေႏြရာသီမွာ ကြန္တီရဲ႕ အသင္းဆီကို ေျပာင္းေရႊ႕ခဲ့တာ ျဖစ္ပါတယ္။