ရာမိုစ့် အသင်းမှာပဲ ဆက်နေမယ်လို့ ယုံကြည်နေတဲ့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်း

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက အသင်းခေါင်းဆောင် ရာမိုစ့် အသင်းမှာပဲစာချုပ်သက်တမ်းတိုးပြီး ဆက်နေသွားမယ်လို့ အင်တာမီလန်အသင်းကို (၃-၂) နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

မနေ့ညက ချန်ပီယံလိဂ်ပွဲမှာ ရာမိုစ့်ဟာ သူ့ရဲ့ ၁၀၀ မြောက်သွင်းဂိုးကို တိုနီကရူးစ် ရဲ့ ထောင့်ကန်ဘောမှ တစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ်ကစားသမားဟာ ၂၀၀၅ ခုနှစ်ကတည်းက ရီးရဲလ်မက်ဒရစ်အသင်းဆီ ရောက်ရှိလာပြီး ဒီရာသီဟာ သူ့ရဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်နေပြီး နွေရာသီမှာ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပါတယ်။

သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ ရှိနေပေမယ့် နည်းပြ ဇီဒန်းကတော့ ရာမိုစ့် စာချုပ်သက်တမ်းတိုးမယ်လို့ ယုံကြည်နေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နိုင်ပွဲအပြီးမှာ ဇီဒန်းက “သူဟာ အမြဲတမ်း ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင် ၊ ဦးဆောင်သူ ဖြစ်နေမှာပါ။ သူ့ကို ဒီမှာ တစ်သက်လုံးရှိစေချင်ပါတယ်။ ဒါကို ကျွန်တော်လုပ်နေပါတယ်။ သူဒီမှာ ဆက်နေပြီး သမိုင်းတွင်တာတွေ ဆက်လုပ်သွားမယ်ဆိုတာကိုလည်း ကျွန်တော် သံသယမရှိပါဘူး” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

 

ရာမိုစ့္ အသင္းမွာပဲ ဆက္ေနမယ္လို႔ ယံုၾကည္ေနတဲ့ ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္း

ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းက အသင္းေခါင္းေဆာင္ ရာမိုစ့္ အသင္းမွာပဲစာခ်ဳပ္သက္တမ္းတိုးျပီး ဆက္ေနသြားမယ္လို႔ အင္တာမီလန္အသင္းကို (၃-၂) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအျပီးမွာ ေျပာသြားခဲ့ပါတယ္။

မေန႔ညက ခ်န္ပီယံလိဂ္ပြဲမွာ ရာမုိစ့္ဟာ သူ႔ရဲ႕ ၁၀၀ ေျမာက္သြင္းဂိုးကို တိုနီကရူးစ္ ရဲ႕ ေထာင့္ကန္ေဘာမွ တစ္ဆင့္ ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ပါတယ္။ အသက္ ၃၄ ႏွစ္အရြယ္ကစားသမားဟာ ၂၀၀၅ ခုႏွစ္ကတည္းက ရီးရဲလ္မက္ဒရစ္အသင္းဆီ ေရာက္ရွိလာျပီး ဒီရာသီဟာ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္း ေနာက္ဆံုးႏွစ္ထဲကို ေရာက္ေနျပီး ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆံုးမွာ ျဖစ္ပါတယ္။

သူရဲ႕ အနာဂတ္နဲ႔ ပတ္သက္ျပီး စိုးရိမ္စရာေတြ ရွိေနေပမယ့္ နည္းျပ ဇီဒန္းကေတာ့ ရာမိုစ့္ စာခ်ဳပ္သက္တမ္းတိုးမယ္လို႔ ယံုၾကည္ေနပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ႏိုင္ပြဲအျပီးမွာ ဇီဒန္းက “သူဟာ အျမဲတမ္း ကၽြန္ေတာ္တို႔ရဲ႕ အသင္းေခါင္းေဆာင္ ၊ ဦးေဆာင္သူ ျဖစ္ေနမွာပါ။ သူ႔ကို ဒီမွာ တစ္သက္လံုးရွိေစခ်င္ပါတယ္။ ဒါကို ကၽြန္ေတာ္လုပ္ေနပါတယ္။ သူဒီမွာ ဆက္ေနျပီး သမိုင္းတြင္တာေတြ ဆက္လုပ္သြားမယ္ဆိုတာကိုလည္း ကၽြန္ေတာ္ သံသယမရွိပါဘူး” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။