ဘာစီလိုနာအသင်းက ချန်ပီယံလိဂ်ဖလား ရနိုင်တဲ့ အဆင့်မရှိဘူးလို့ ဆိုလိုက်တဲ့ ဒိုင်နမိုကိဗ်နည်းပြ

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ဖလား ရနိုင်တဲ့ အဆင့်မျိုးမဟုတ်ဘူးလို့ ယနေ့ညကစားမယ့် ပွဲမတိုင်မီ ဒိုင်နမိုကိဗ် နည်းပြ လူဆက်စူ က ပြောသွားခဲ့ပါတယ်။ ယူကရိန်းကလပ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ အုပ်စု (G) ပွဲကို ဗုဒ္ဓဟူးနေ့ညမှာ ကစားမှာဖြစ်ပြီး လူဆက်စူက ရော်နယ်ကိုးမန်းရဲ့ ကစားသမားတွေကို လုံး၀ မကြောက်ဘူးလို့ ပြတ်ပြတ်သားသားပြောသွားခဲ့တာ ဖြစ်ပါတယ်။

လိဂ်ပွဲ (၆) ပွဲကစားပြီးချိန်မှာ (၈) မှတ်ပဲ ရထားတဲ့ စပိန်လာလီဂါမှာ အဆိုးရွားဆုံး ရာသီကို စတင်နေတဲ့ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာတေ့ာ ဖာရန်ဗားရိုစ့် နဲ့ ဂျူဗင်တပ်စ်အသင်းတို့ကို အနိုင်ရပြီး အုပ်စုတွင်း ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ အလာဗက်စ်နဲ့ သရေကျခဲ့တဲ့ပွဲအပြီး အဆင့် (၁၂) နေရာမှ ရပ်တည်နေတဲ့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းကလည်း သူ့ရဲ့ တိုက်စစ်ပိုင်းနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်လို့ဝန်ခံခဲ့တာဖြစ်ပါတယ်။

“ဘိုင်ယန်မြူးနစ်နဲ့ ပွဲအပြီးမှာ ဘာစီလိုနာအသင်းဟာ ပြောင်းလဲမှုတွေ လုပ်ခဲ့တာကို နားလည်ပါတယ်။ သူတို့မှာ အရည်အသွေးရှိတဲ့ ကစားသမားတွေ အများကြီးပါ။ ဒါပေမယ့် သူတို့ ဟန်ချက်ညီအောင် လုပ်ဖို့ အချိန်လိုပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ ချန်ပီယံလိဂ်ဖလား ရနိုင်တဲ့ အဆင့်မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး ဒါမှမဟုတ် ပီအက်စ်ဂျီအသင်းတို့ကပဲ ရေပန်းစားနေပါတယ်။ ဘာပဲဖြစ်နေပါစေသူတို့မှာ မက်ဆီတော့ ရှိနေပါတယ်။ နည်းပြအသစ်လက်ထက်မှာတော့ သူတို့ဟာ အနည်းဆုံး (၆) လလောက် အချိန်လိုပါတယ်” လို့ ဒိုင်နမိုကိဗ်နည်းပြက ပြောသွားခဲ့ပါတယ်။

ဘာစီလိုနာအသင္းက ခ်န္ပီယံလိဂ္ဖလား ရႏိုင္တဲ့ အဆင့္မရွိဘူးလို႔ ဆိုလိုက္တဲ့ ဒိုင္နမိုကိဗ္နည္းျပ

ဘာစီလိုနာအသင္းဟာ ခ်န္ပီယံလိဂ္ဖလား ရႏိုင္တဲ့ အဆင့္မ်ိဳးမဟုတ္ဘူးလို႔ ယေန႔ညကစားမယ့္ ပြဲမတိုင္မီ ဒိုင္နမိုကိဗ္ နည္းျပ လူဆက္စူ က ေျပာသြားခဲ့ပါတယ္။ ယူကရိန္းကလပ္အသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ဟာ အုပ္စု (G) ပြဲကို ဗုဒၶဟူးေန႔ညမွာ ကစားမွာျဖစ္ျပီး လူဆက္စူက ေရာ္နယ္ကိုးမန္းရဲ႕ ကစားသမားေတြကို လံုး၀ မေၾကာက္ဘူးလို႔ ျပတ္ျပတ္သားသားေျပာသြားခဲ့တာ ျဖစ္ပါတယ္။

လိဂ္ပြဲ (၆) ပြဲကစားျပီးခ်ိန္မွာ (၈) မွတ္ပဲ ရထားတဲ့ စပိန္လာလီဂါမွာ အဆိုးရြားဆံုး ရာသီကို စတင္ေနတဲ့ ဘာစီလိုနာအသင္းဟာ ခ်န္ပီယံလိဂ္မွာေတ့ာ ဖာရန္ဗားရိုစ့္ နဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔ကို အႏိုင္ရျပီး အုပ္စုတြင္း ထိပ္ဆံုးမွာ ရပ္တည္ေနပါတယ္။ အလာဗက္စ္နဲ႔ သေရက်ခဲ့တဲ့ပြဲအျပီး အဆင့္ (၁၂) ေနရာမွ ရပ္တည္ေနတဲ့ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းကလည္း သူ႔ရဲ႕ တိုက္စစ္ပိုင္းနဲ႔ ပတ္သက္ျပီး စိုးရိမ္ေနတယ္လို ႔၀န္ခံခဲ့တာျဖစ္ပါတယ္။

“ဘိုင္ယန္ျမဴးနစ္နဲ႔ ပြဲအျပီးမွာ ဘာစီလိုနာအသင္းဟာ ေျပာင္းလဲမႈေတြ လုပ္ခဲ့တာကို နားလည္ပါတယ္။ သူတို႔မွာ အရည္အေသြးရွိတဲ့ ကစားသမားေတြ အမ်ားၾကီးပါ။ ဒါေပမယ့္ သူတို႔ ဟန္ခ်က္ညီေအာင္ လုပ္ဖို႔ အခ်ိန္လိုပါတယ္။ ဘာစီလိုနာအသင္းဟာ လက္ရွိမွာ ခ်န္ပီယံလိဂ္ဖလား ရႏိုင္တဲ့ အဆင့္မဟုတ္ဘူးလို႔ ကၽြန္ေတာ္ထင္ပါတယ္။ ဘိုင္ယန္ျမဴးနစ္၊ မန္စီးတီး ဒါမွမဟုတ္ ပီအက္စ္ဂ်ီအသင္းတို႔ကပဲ ေရပန္းစားေနပါတယ္။ ဘာပဲျဖစ္ေနပါေစသူတို႔မွာ မက္ဆီေတာ့ ရွိေနပါတယ္။ နည္းျပအသစ္လက္ထက္မွာေတာ့ သူတို႔ဟာ အနည္းဆံုး (၆) လေလာက္ အခ်ိန္လိုပါတယ္” လို႔ ဒိုင္နမိုကိဗ္နည္းျပက ေျပာသြားခဲ့ပါတယ္။